ပြည်တွင်း အခွန်များဦးစီးဌာနက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း အခွန် ကျပ် ၆၇၄၈ ဘီလျံကျော် ကောက်ခံရရှိခဲ့ပြီး တစ်နှစ်အတွင်း အခွန်လျာထားချက်ထက် ၈ ဒသမ ၁၇ ရာခိုင်နှုန်း ပိုမိုကောက်ခံနိုင်

ပြည်တွင်း အခွန်များဦးစီးဌာနက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း အခွန် ကျပ် ၆၇၄၈ ဘီလျံကျော် ကောက်ခံရရှိခဲ့ပြီး တစ်နှစ်အတွင်း အခွန်လျာထားချက်ထက် ၈ ဒသမ ၁၇ ရာခိုင်နှုန်း ပိုမိုကောက်ခံနိုင်
ရန်ကုန်မြို့ရှိ  ပြည်တွင်းအခွန်များဦးစီးဌာနရုံးကို တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့ရှိ ပြည်တွင်းအခွန်များဦးစီးဌာနရုံးကို တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
Published 3 December 2019
စည်သူအောင

ပြည်တွင်းအခွန်များဦးစီးဌာနက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (၂၀၁၈ ခုနှစ် အောက်တိုဘာမှ ၂၀၁၉ ခုနှစ် စက်တင်ဘာ အထိ) အခွန် ကျပ် ၆၇၄၈ ဘီလျံကျော် ကောက် ခံရရှိခဲ့ပြီး တစ်နှစ်အတွင်း အခွန်လျာထား ချက်ထက် ၈ ဒသမ ၁၇ ရာခိုင်နှုန်း ပိုမိုကောက်ခံနိုင်ခဲ့ကြောင်း သိရသည်။

ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း အခွန် ကျပ် ၆၅၈၆ ဘီလျံကျော် ကောက်ခံရန် မျှော်မှန်းထားခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာမှ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ ၁၂ လအတွင်း ကျပ် ၆၇၄၈ ဒသမ ၂၈ ဘီလျံ ကောက်ခံနိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကောက်ခံရရှိမှုတွင် နိုင်ငံပိုင်ကဏ္ဍမှ ကျပ် ၁၃၈၁ ဒသမ ၁၁၉  ဘီလျံ၊ သမဝါယမကဏ္ဍမှ ကျပ် ၁ ဒသမ ၈၆၂  ဘီလျံနှင့် ပုဂ္ဂလိက ကဏ္ဍမှ ကျပ် ၅၃၆၅ ဒသမ ၂၉၉ ဘီလျံ ပါဝင်ခဲ့သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် စက်တင်ဘာလကုန်အထိ အခွန်တစ်မျိုးချင်း ကောက်ခံ ရရှိမှု အခြေအနေမှာ ဝင်ငွေခွန် ကျပ် ၂၈၃၃ ဒသမ ၉၅၁ ဘီလျံ၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၂၂၈၁ ဒသမ ၄၇၁ ဘီလျံ၊ အထူးကုန် စည်ခွန် ကျပ် ၁၄၂၉ ဒသမ ၁၂၁ ဘီလျံ၊ တံ ဆိပ်ခေါင်းခွန် ကျပ် ၅၉ ဒသမ ၇၀၉ ဘီလျံ၊ အောင်ဘာလေသိန်းဆုခွန် ၁၄၄ ဒသမ ၀၂၈ ဘီလျံတို့ဖြစ်ကြောင်း သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း (၂၀၁၈ ခုနှစ် အောက်တိုဘာမှ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း) အခွန်အရပ်ရပ် စုစုပေါင်း ကျပ် ၇၅၇၅ ဒသမ ၉၃၄ ဘီလျံ ကောက်ခံရန် လျာထားပြီး ပြည်တွင်းအခွန် များဦးစီးဌာနမှကောက်ခံသည့် ဝင်ငွေခွန်မှ ကျပ် ၂၃၂၄ ဒသမ ၈၁၆ ဘီလျံ၊ ကုန်သွယ် လုပ်ငန်းခွန်မှ ကျပ် ၂၁၂၂ ဒသမ ၈၃၈ ဘီလျံ၊ အထူးကုန်စည်ခွန်မှ ကျပ် ၁၃၉၁ ဒသမ ၄၅၉ ဘီလျံ၊ တံဆိပ်ခေါင်းခွန်မှ ၇၄ ဒသမ ၆၃၆ ဘီလျံ၊ အောင်ဘာလေသိန်းဆုခွန်မှ ကျပ် ၁၄၂ ဒသမ ၇၈၁ ဘီလျံအထိရရှိရန် မျှော် မှန်းထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ နှစ်အလိုက် အခွန်ကောက် ခံရရှိမှုပမာဏများမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာ နှစ်တွင် ကျပ် ၁၆၈၃ ဘီလျံ၊ ၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ် ၃၃၇၃ ဘီလျံ၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ် ၄၄၅၉ ဘီလျံ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ် ၆၅၁၈ ဘီလျံ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ် ၆၃၁၅ ဘီလျံ၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၇၁၂၂ ဘီလျံ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာ နှစ် ကျပ် ၇၄၂၃ ဘီလျံ၊ ၂၀၁၈ ဧပြီ-စက် တင်ဘာ ခြောက်လတာကြားကာလတွင် ကျပ် ၂၇၉၂ ဘီလျံ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျပ် ၆၇၄၈ ဘီလျံ ကောက်ခံနိုင်ခဲ့သည်။

အခွန်ကောက်ခံရရှိမှုနှင့် ဂျီဒီပီအချိုး မှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ၃ ဒသမ ၆၃ ရာခိုင်နှုန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် တွင် ၆ ဒသမ ၅ ရာခိုင်နှုန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၇ ဒသမ ၆၉ ရာခိုင်နှုန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၉ ဒသမ ၈၄ ရာခိုင်နှုန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၈ ဒသမ ၆၁ ရာခိုင်နှုန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ် တွင် ၈ ဒသမ ၉၃ ရာခိုင်နှုန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၈ ဒသမ ၂၁ ရာခိုင် နှုန်း၊ ၂၀၁၈ ဧပြီ-စက်တင်ဘာကြားကာလ တွင် ၈ ဒသမ ၄၉ ရာခိုင်နှုန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၇ ဒသမ ၉ ရာခိုင်နှုန်းဖြစ် သည်။

မြန်မာနိုင်ငံ၏ အခွန်ကောက်ခံရရှိမှု သည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှစ၍ လေး  နှစ်ဆက်တိုက် မြင့်တက်ခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အနည်းငယ်ပြန်ကျကာ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် ပြန်လည်မြင့်တက် ခဲ့သည်။ ထိုသို့ အခွန်ကောက်ခံမှုမြင့်တက် လာသော်လည်း အခွန်ရငွေနှင့် ဂျီဒီပီအချိုး သည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အထိ နှစ်စဉ်ကျဆင်းခဲ့ပြီး ၂၀၁၈ ခုနှစ် ဧပြီ-စက်တင်ဘာ ကြားကာလ တွင် အနည်းငယ်ပြန်လည်မြင့်တက်ခဲ့ကာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဆက်လက် ကျဆင်းခဲ့ခြင်းဖြစ်သည်။    

 

 

 

Most Read

Most Recent