မူဝါဒပိုင်းဆိုင်ရာ တိကျခိုင်မာမှုမရှိခြင်းကြောင့် လက်ရှိရာထူးတိုး အမိန့်များနှင့် အပြောင်းအရွှေ့အမိန့်များကို ပြန်လည်စိစစ်ပြီး နစ်နာခဲ့သည့် ဆရာ၊ဆရာမများကို တရားမျှတစွာ ပြန်လည်ကုစားပေးရန် UTA တောင်းဆို

မူဝါဒပိုင်းဆိုင်ရာ တိကျခိုင်မာမှုမရှိခြင်းကြောင့် လက်ရှိရာထူးတိုး အမိန့်များနှင့် အပြောင်းအရွှေ့အမိန့်များကို ပြန်လည်စိစစ်ပြီး နစ်နာခဲ့သည့် ဆရာ၊ဆရာမများကို တရားမျှတစွာ ပြန်လည်ကုစားပေးရန် UTA တောင်းဆို
ရာထူးတိုးအတွက် တင်သွင်းထားသည့် (UTA) များကို ဆရာ/ဆရာမများနှင့် IT ပညာရှင်များက စစ်ဆေးနေစဉ် (Photo: ko ko facebook)
ရာထူးတိုးအတွက် တင်သွင်းထားသည့် (UTA) များကို ဆရာ/ဆရာမများနှင့် IT ပညာရှင်များက စစ်ဆေးနေစဉ် (Photo: ko ko facebook)
Published 3 December 2019
မျိုးထက်ပိုင်

မူဝါဒပိုင်းဆိုင်ရာ တိကျခိုင်မာမှုမရှိ ခြင်းကြောင့် လက်ရှိရာထူးတိုးအမိန့်များနှင့် အပြောင်းအရွှေ့အမိန့်များကို ပြန်လည်စိစစ်ပြီး နစ်နာခဲ့သည့် ဆရာ၊ဆရာမများကို တရားမျှတစွာ ပြန်လည်ကုစားပေးရန် ဒီဇင် ဘာ ၃ ရက်တွင် တက္ကသိုလ်ဆရာ၊ဆရာမ အသင်းများ ကိုယ်စားပြုကော်မတီ (UTA) က တောင်းဆိုသည်။

တက္ကသိုလ်ဆရာ၊ဆရာမများ၏ ရာထူးတိုးမြှင့်ခြင်း ကိစ္စ၊ ရွှေ့ပြောင်းခန့်ထားရေး ကိစ္စများနှင့်ပတ်သက်ပြီး မူဝါဒများချမှတ် ရာတွင် နိုင်ငံ၏လက်ရှိအခြေအနေနှင့် ကိုက်ညီမှုမရှိခြင်း၊တက္ကသိုလ်ပညာရပ်အ သိုင်းအဝိုင်း၏ အကျိုးကျေးဇူးထက် မူဝါဒရေးဆွဲသူများပါဝင်သည့် ပုဂ္ဂိုလ်အချို့၏ ပုဂ္ဂလိကအကျိုးစီးပွားအပေါ် အခြေခံထားမှု များပေါ်လွင်နေခြင်း၊ တရားမျှတမှုမရှိခြင်း နှင့် ဆရာ၊ဆရာမအသိုင်းအဝိုင်းတွင် သွေးကွဲမှုများ ဖြစ်ပေါ်စေနိုင်သဖြင့် တက္ကသိုလ်ဆရာ၊ဆရာမအသင်းများ ကိုယ်စားပြုကော်မတီနှင့်မိတ်ဖက်တက္ကသိုလ် ဆရာ၊ဆရာမ သမဂ္ဂများက အကြိမ်ကြိမ်ကန့်ကွက်ခဲ့သော် လည်း ပညာရေးဝန်ကြီးဌာနနှင့်တက္ကသိုလ်အာဏာပိုင်များသည် ဆရာ၊ဆရာမ အသိုင်းအဝိုင်း၏ အသံကို မျက်ကွယ်ပြုဆောင်ရွက်ခဲ့သည်ကို ဝမ်းနည်းဖွယ်တွေ့မြင်ခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် အကျိုးဆက်အနေဖြင့် မကြာခင်ရက်အတွင်းက အမိန့်စာထွက်ခဲ့သော ရာထူးတိုးများနှင့်ရွှေ့ပြောင်းခန့်ထားမှုများတွင် ၂၀၀၉ ခုနှစ်ခန့် ဆရာ၊ဆရာမများ၏ လက်ထောက်ကထိကမှ ကထိကရာထူး တိုးမြှင့်ပေးရာတွင် အရည်အချင်းပြည့်မီပြီး မည်သည့်ပြစ်ချက်မျှမရှိသည့် ရာထူးတိုးသင့်သူများ ပါဝင်လာမှုမရှိခြင်း၊ ၂၀၀၉ နှင့်၂၀၁၂ အလုပ်ခန့်အပ်ခံရသူချင်းအတူတူ ရာထူးတိုး ကျန်ရစ်သူများမှာ ပွင့်လင်းမြင်သာမှုမရှိ၊ မညီမျှဘက်လိုက်မှုများရှိခြင်းကြောင့် ခွဲခြားဆက်ဆံခံရပြီး အလုပ်ခွင်အတွင်း အနိုင်ကျင့်ခံရနိုင်ခြင်း၊ ဖွဲ့စည်းပုံကျဉ်းမြောင်းသည့် ဌာနများတွင် တာဝန်ရှိ ပါမောက္ခ/ဌာနမှူး အချို့သည် ၎င်းတို့၏ လက်ရှိနေရာမရွှေ့ ပြောင်းရရေးအတွက် အတ္တကိုရှေ့တန်းတင် ကာ ဌာနဖွဲ့စည်းပုံကို တိုးချဲ့နိုင်သည့် အခြေ အနေရှိပါလျက် မတိုးချဲ့ခဲ့သည့်အတွက် အဆိုပါဌာနများတွင် တာဝန်ထမ်းဆောင် နေသည့် ဆရာ၊ဆရာမများသည် အရည် အချင်းပြည့်မီပါလျက် ရာထူးတိုးမြှင့်ရေး တွင် အကြိမ်ကြိမ်ချန်လှပ်ခြင်း ခံခဲ့ရသည့်အတွက် များစွာနစ်နာနေကြရသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ထို့အတူ ဆရာ၊ဆရာမအချို့မှာ နစ်နာနေကြပါသော်လည်း အချို့ဆရာ၊ဆရာမ များသည် အရည်အသွေးမမှီသည့်စာတမ်း များ၊စာတမ်းအတုများဖြင့် ရာထူးတိုးမြှင့်ရာ တွင် ပါဝင်လာခဲ့သည်ကို တွေ့ရှိရသည့်အ တွက် တက္ကသိုလ်ပညာရေးအသိုင်းအဝိုင်းအတွက် အရှက်ရဖွယ်ဖြစ်ကြောင်း၊ အကျိုး ဆက်အနေဖြင့် အခြားသော ဆရာ/ဆရာမ များကိုလည်း ကျင့်ဝတ်သိက္ခာ ဖောက်ဖျက် ပြီး ဖြတ်လမ်းနည်းဖြင့် ရာထူးတိုးရယူရန် တိုက်တွန်းအားပေးနေသကဲ့သို့ ဖြစ်နေသည့် အပြင် ဆရာ၊ဆရာမအသိုင်းအဝိုင်းတွင် သွေးကွဲစေပြီး စည်းလုံးမှုကို ပျက်ပြားစေ ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

လက်ရှိဖြစ်ပေါ်နေသည့်အကြောင်း အရာများသည် ဗဟိုချုပ်ကိုင်မှုလွန်ကဲသော အမျိုးသားပညာရေးဥပဒေကို ဆက်လက်ပြင်ဆင်ကာ ကိုယ်ပိုင်လွတ်လပ်ခွင့်ရ တက္ကသိုလ်များအဖြစ် အမြန်ဆုံးပြောင်းလဲ ပြုပြင်ရမည့်အစား ပညာရေးအာဏာပိုင် များသည် ယခင်ကအတိုင်း ပညာရေးပြုပြင် ပြောင်းလဲမှု ပြုသယောင်ယောင်ဟန်ပြအ ကောင်အထည်ဖော်ဆောင်ရွက်နေမှုများ ကြောင့် ဖြစ်သည်ဟု ပါရှိသည်။

ထို့ကြောင့် မူဝါဒပိုင်းဆိုင်ရာတိကျခိုင် မာမှုမရှိခြင်းကြောင့် လက်ရှိရာထူးတိုးအမိန့် များနှင့် အပြောင်းအရွှေ့အမိန့်များကို ပြန် လည်စိစစ်ပြီး နစ်နာခဲ့သည့် ဆရာ၊ဆရာမ များကို တရားမျှတစွာ ပြန်လည်ကုစားပေး ရန်နှင့် တက္ကသိုလ်များအား ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရ တက္ကသိုလ်များအဖြစ် အမြန်ဆုံး ဖော်ဆောင်ပေးရန် တက္ကသိုလ်ဆရာ၊ ဆရာမအသင်းများ ကိုယ်စားပြုကော်မတီ UTAက ထုတ်ပြန်တောင်းဆိုထားသည်ကို တွေ့ရသည်။

 

 

Most Read

Most Recent