တာမွေမြို့နယ်ရှိ ပခန်းစားသောက်ဆိုင်တွင် မီးလောင်မှုဖြစ်ပွား

တာမွေမြို့နယ်ရှိ ပခန်းစားသောက်ဆိုင်တွင် မီးလောင်မှုဖြစ်ပွား
Published 3 December 2019
သီဟအောင်၊မျိုးထက်ပိုင်

တာမွေမြို့နယ်ရှိ ပခန်းစားသောက်ဆိုင်တွင် မီးလောင်မှု ဒီဇင်ဘာ ၃ ရက် နေ့လည်ပိုင်းက ဖြစ်ပွားခဲ့သည်။

ဒီဇင်ဘာ ၃ ရက် နေ့လည် ၁၂ နာရီကျော်ခန့်တွင် တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်၊ သမိန်ဗရမ်းလမ်းရှိ ပခန်းစားသောက်ဆိုင်တွင် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဝါယာရှော့မှတစ်ဆင့် စတင်မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ပတ်ဝန်းကျင်နေသူများထံမှသိရသည်။မီးစတင်လောင်ကျွမ်းချိန်တွင် စားသောက်ဆိုင်၌ လူမရှိခဲ့ကြောင်းသိရသည်။

Most Read

Most Recent