အချုပ်​သားများ သယ်ဆောင်လာသည့်ယာဉ် လမ်း​ေ​ဘးသစ်​ပင်​တိုက်​မိပြီး အချုပ်သားနှင့် ရဲတပ်ဖွဲ့ဝင် ဆယ့်တစ်ဦး ဒဏ်​ရာရ

အချုပ်​သားများ သယ်ဆောင်လာသည့်ယာဉ် လမ်း​ေ​ဘးသစ်​ပင်​တိုက်​မိပြီး အချုပ်သားနှင့် ရဲတပ်ဖွဲ့ဝင် ဆယ့်တစ်ဦး ဒဏ်​ရာရ
Published 3 December 2019
ယဉ်မျိုးသွယ်

အချုပ်​သားများ သယ်ဆောင်လာသည့်ယာဉ်သည် ၂၆ ဘီလမ်း ၆၅ လမ်းနှင့် ၆၆ လမ်းကြားအရောက်တွင် လမ်း​ေ​ဘးသစ်​ပင်​တိုက်​မိပြီး အချုပ်သားနှင့် ရဲတပ်ဖွဲ့ဝင် ဆယ့်တစ်ဦးခန့် ဒဏ်​ရာရရှိမှု ဒီဇင်ဘာ ၃ ရက် နံနက် ၉ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ​ကျောက်​ဆည်​မြို့မှ မန္တလေးမြို့သို့ ​မောင်​းနှင်​လာသည့် အချုပ်​ကားသည် ၂၆ ဘီလမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြား အရောက်တွင် လမ်​း​ဘေးသစ်​ပင်​ကို ဝင်​တိုက်​မိပြီး ယာဉ်​​ပေါ်ပါလာသည့် အချုပ်သား ၇ ဦး၊ ရဲတပ်ဖွဲ့ဝင် ၃ ဦးနှင့် လမ်းတွင် ဆိုင်ကယ်မောင်းလာသည့် အမျိုးသမီး ၁ ဦး စုစုပေါင်း ၁၁ ဦး ဒဏ်ရာရရှိသွားကြောင်း အဆိုပါနေရာတွင် တာဝန်ကျ ယာဉ်​ထိန်​းရဲတပ်​ဖွဲ့ဝင်​ တစ်ဦးထံမှ သိရသည်။

အချုပ်​သား ၁၈ ဦးကို​ မန်​း​လေး​ထောင်ပို့​ဆောင်​ရန် ခေါ်ဆောင်လာစဉ်​ လမ်း​ေ​ဘးသစ်​ပင်ကို တိုက်​မိခဲ့ရာ ကားရပ်တန့်သွားရာ နောက်တွင်လားရာတူ ဆိုင်​ကယ်​တစ်​စီးမှ အချုပ်​ကားကို ဝင်​တိုက်​ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး အမှတ် (၁) နယ်မြေရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ “မှောက်တာတော့ မဟုတ်ဘူးဗျ။ အချုပ်ကား ဘော်ဒီနဲ့ မလွတ်ဘဲ မန်ကျည်းပင်နဲ့ ချိတ်မိတာ။ သေဆုံးတာတော့ မရှိပါဘူး။ ဒဏ်ရာရတာ လောဆယ် အချုပ်သား ၇ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးပေါ့။ လောလောဆယ် စိစစ်နေတုန်း ဖြစ်ပါတယ်” ဟု စခန်းမှူး မောင်မောင်ညွန့်က ဖြေကြားခဲ့သည်။

အဆိုပါ ယာဉ်နှင့်သစ်ပင် တိုက်​မှု​ကြောင်​့ ဒဏ်​ရာရ​ရှိသူများကို ဆေးရုံ​ပို့ဆောင်ထားကြောင်း သိရသည်။

ထိုယာဉ်တိုက်မှုနှင့် ပတ်သက်ပြီး အမှတ် (၁) ရဲစခန်းတွင် စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်နေသည်ဟု သိရသည်။

 

Most Read

Most Recent