ချင်းပြည်နယ် တွန်းဇံမြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ကျောင်းဆရာမ အသတ်ခံရမှုနှင့်ပတ်သက်၍ ဒေသခံများဆန္ဒထုတ်ဖော်ခဲ့ပြီး  ပြည်နယ်အစိုးရကလည်း ပြည်ထောင်စုအစိုးရသို့ တင်ပြထားဟု ဆို

ချင်းပြည်နယ် တွန်းဇံမြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ကျောင်းဆရာမ အသတ်ခံရမှုနှင့်ပတ်သက်၍ ဒေသခံများဆန္ဒထုတ်ဖော်ခဲ့ပြီး  ပြည်နယ်အစိုးရကလည်း ပြည်ထောင်စုအစိုးရသို့ တင်ပြထားဟု ဆို
​​​​​​​တွန်းဇံမြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ကျောင်းဆရာမ အသတ်ခံရမှုနှင့်ပတ်သက်၍ ဒီဇင်ဘာ ၁ ရက်က ဒေသခံများဆန္ဒထုတ်ဖော်စဉ်
​​​​​​​တွန်းဇံမြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ကျောင်းဆရာမ အသတ်ခံရမှုနှင့်ပတ်သက်၍ ဒီဇင်ဘာ ၁ ရက်က ဒေသခံများဆန္ဒထုတ်ဖော်စဉ်
Published 2 December 2019
အောင်သူထွန်း

ချင်းပြည်နယ် တွန်းဇံမြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ကျောင်းဆရာမ အသတ်ခံရမှုနှင့်ပတ်သက်၍ ဒီဇင်ဘာ ၁ ရက်က ဆန္ဒထုတ်ဖော်ပွဲကို တီးတိန် မြို့နယ်တွင် ကျင်းပခဲ့ပြီး အဆိုပါကိစ္စနှင့်ပတ် သက်၍ ပြည်နယ်အစိုးရမှလည်း ပြည်ထောင်စု အစိုးရသို့ ဆက်လက်တင်ပြထားသည်ဟု သိရသည်။

“ကျွန်တော်တို့ အမြင်မှာတော့ ဒီကိစ္စက မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတွက် လုံခြုံမှု မရှိ တာ အသက်အိုးအိမ်အန္တရာယ်ကို ခြိမ်းခြောက်နေတယ်လို့ မြင်ပါတယ်။ လက်ရှိဖြစ်နေတဲ့အဖြစ်အပျက်က သူ့အိမ်ထဲမှာ အသတ်ခံရတယ်။ သူက နယ်စွန်နယ်ဖျားမှာ အစိုးရ တာဝန်ကို ထမ်းဆောင်နေတဲ့ ဆရာမလေးက သူတာဝန်ထမ်းဆောင်နေတဲ့နေရာမှာ အသတ်ခံရတာ။ သူ့ရဲ့ အသတ်ခံရခြင်းက ပြည် သူတစ်ခုလုံးကို ခြိမ်းခြောက်မှု အကြမ်းဖက်မှု လို့ မြင်ပါတယ်။ ဒီနေ့ ဟောပြောပွဲမှာ ကျွန်တော်တို့ လမ်းလျှောက်ပွဲ တင်ထားတဲ့ တာဝန် ရှိသူတွေ က နစ်နာတွေသူဘက်က ဆွေးနွေးဖို့ တင်ထားပေမယ့် ခွင့်ပြုတဲ့သူက ပွဲတော့ ခွင့်ပြုပေမယ့် ကျွန်တော်ဟောပြောဖို့ ခွင့်မပြု ပါဘူးလို့ သိရပါတယ်။ ဘာလို့လဲဆိုတာကိုတော့ မသိရပါဘူး”ဟု အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်ခဲ့သူ ကိုလျန်တွမ်က ပြောကြား သည် ။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် ချင်းပြည် နယ်နှင့် ကဘော်ဒေသတွင်း တရားမဝင် မဏိပူရ်ကသည်းများ အရေးယူပေး၊အရေးယူပေး၊ နိုင်ငံတော် အခြေခံမူ အခန်း ၁ ၊ ပုဒ်မ ၄၂(ခ) ကာကွယ်ရေး တို့အရေး၊ တို့အရေး၊ နိုင်ငံတော် အခြေခံမူ အခန်း ၁ ၊ ပုဒ်မ ၄၂ (ခ) ချိုးဖောက် သူ တို့ရန်သူ တို့ရန်သူ ၊ တွန်းဇံမြို့နယ် မဏိပူရ် ကသည်းအရေး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ပြောကြားချက်... ထောက်ခံကြ၊ ထောက်ခံ ကြ၊ တရားမဝင်နိုင်ငံခြားသား မဏိပူရ် က သည်းလက်နက်ကိုင်များ... အရေးယူပေး၊ အရေးယူပေး၊ ဆရာမ ဒိမ်လွန်းမာန်အတွက် တရားမျှတမှုနှင့် အမှန်တရားပေါ်ပေါက်ရေး ...တို့အရေး...တို့အရေး၊ ဆရာမဒိမ်လွန်းမာန် အပေါ် လူ့ဂုဏ်သိက္ခာချပြောကြားနေသူများကို အရေးယူပေး၊ အရေးယူပေး၊ CEDAW အပိုဒ် (၁၅) အရ အမျိုးသမီးများ တရားဥပဒေ ရှေ့မှောက်တန်းတူမှုရရှိရေး တို့အရေး တို့အရေးတို့ကို ကြွေးကြော်ခဲ့ကြပြီး အဆိုပါ စာသားများ ပါဝင်သည့် ဗီနိုင်းများကို လည်း ကိုင်ဆောင်ခဲ့ကြသည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရရဲ့ တုံ့ပြန်မှုက အားရစရာမရှိပါဘူး။ အခု ဆရာမ အသတ်ခံရတာ ၁၀ ရက်ရှိပြီ။ အစိုးရဘက်က ဒီကိစ္စနဲ့ပတ်သက်ပြီး ထွေထွေထူးထူးလှုပ်ရှား တာ မတွေ့ရပါဘူး ။ အစိုးရ အနေနဲ့ ကိုယ့်ရဲ့ မူဝါဒတွေကို အကောင်အထည်ဖော်ပေးနေ တဲ့ ဝန်ထမ်းတွေရဲ့ အသက်အိုးအိမ်လုံခြုံရေး ကို တက်တက်ကြွကြွလုပ်ပေးစေချင်တယ် ။ တကယ်လို့ မထင်မှတ်ဘဲ ဒီလိုမျိုး အမှုအခင်း တွေကြုံလာရင်လည်း အချိန်မီ ကိုယ်ချင်းစာ ခြင်းအားဖြင့်၊ စေတနာထားခြင်းအားဖြင့် ဝန်ထမ်းတွေရဲ့နစ်နာမှု အသက်အိုးအိမ်ကို မကာကွယ်နိုင်ရင်တောင်မှ ခံစားနေရတဲ့ နှလုံးသားကို နှစ်သိမ့်ပေးဖို့လိုပါတယ်။ အခုဟာက နှစ် သိမ့်ပေးဖို့တောင် ကြန့်ကြာနေပါတယ် ။ အခု ဆိုရင် သူနဲ့အတူတာဝန်ကျနေတဲ့ဆရာမတစ်ယောက်တောင် မနေရဲတော့ပါဘူး။ သူ့မှာ မလုံခြုံတော့ဘူးလို့ ခံစားပါတယ် ။ အစိုးရဘက်က တာဝန်ယူမှု တာဝန်ခံမှု နည်းတယ်ဆိုရင် နယ်စပ်တွေ နယ်တွေမှာ တာဝန်ထမ်းဆောင်ဖို့ ခက်ခဲပါလိမ့်မယ်။ ဝန်ထမ်းတွေ အရောက်အပေါက်နည်းတယ်ဆိုရင် တရား ဥပဒေစိုးမိုးမှုလည်း နည်းပါးသွားပါလိမ့်မယ်။ တရားဥပဒေစိုးမိုးမှု၊ အစိုးရရဲ့ အုပ်ချုပ်မှု ယန္တရားကို ထိထိရောက်ရောက်ဖြစ်အောင် ဝန်ထမ်းတွေရဲ့ အသက်အိုးအိမ်လုံခြုံမှုကို အစိုးရက နားထောင်ပေးစေချင်တယ် ။ ဒီက နေ့ဆန္ဒပြတာကလည်း ပြည်သူတွေက ခံစားရ လွန်းလို့အဝေးကနေ ကလေး၊ တာဟန်း၊တမူး၊ ကျီခါး၊ ရန်ကုန်ဘက်ကနေ လာကြတယ်။ ပြည်သူတွေရဲ့ခံစားချက်ကိုလည်း ပြည်သူ့ အစိုးရက ပြည်သူ့ခံစားချက်ကို မျှဝေခံစား ပေးဖို့ တောင်းဆိုချင်ပါတယ်”ဟု ကိုလျန်တွမ် က ဆက်လက်ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ်အစိုးရ၏ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍မေးမြန်းခဲ့ရာ” ကျောင်းဆရာမအသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်လို့ ဖြစ်စဉ်ကို ပြည်နယ်အစိုးရကတော့ ပြည်ထောင်စုအစိုးရကို တင်ပြထားပါတယ်။ ပြည်ထောင်စု အစိုးရ တင်ပြတာကို ပထမဆုံးလုပ်ပါတယ်။ ပြည် ထောင်စုကနေပြီးတော့ ဒီကိစ္စက Criminal ဆိုတော့ တရုတ်တို့ ယိုးဒယားတို့မှာ ဖြစ်သလိုပေါ့။ ဖမ်းပြီးရင် ကျွန်တော်တို့ဘက် ကို ပြန်လွှဲပြောင်းတာလုပ်ဖို့ သက်ဆိုင်ရာ ပြည်ထဲရေးတို့ နိုင်ငံခြားရေးဝန်ကြီးတို့ကနေ ဆက်သွယ်လိမ့်မယ်ထင်ပါတယ်။ နောက်တစ်ခုကအောက်ခြေမှာလုပ်တာကတော့ ဟိုဘက် နိုင်ငံက အောက်ခြေအဆင့်၊ ဒီဘက်နိုင်ငံက အောက်ခြေမှာ ညှိနှိုင်းပြီးတော့ ဖမ်းဆီးရမိရေးအတွက် လိုက်လံစုံစမ်းနေတယ် ။ တွေ့ရှိချက်ကိုလည်း အကြမ်းဖျင်းတော့ သတင်းပို့ နေပါတယ် ။ ဖြစ်စဉ် ဖြစ်ပြီး နောက်တစ်နေ့မှာ ဖြစ်စဉ်ကို ရေးပြီး တင်ထားပါတယ်။ နောက်ပိုင်းတိုးတက်မှုကိုလည်း တင်ထားပါတယ်။ အောက်ခြေမှာ တိုက်ရိုက်လုပ်မရတာက ဒီကိစ္စက နှစ်နိုင်ငံပြဿနာဖြစ်နေတယ်။ ကိုယ့်နိုင်ငံမှာ Crime ဖြစ်ပြီးတော့ ဟိုဘက်ကို ထွက်ပြေးတော့ ကျွန်တော်တို့က တိုက်ရိုက် ဝင်လုပ်လို့မရဘူး။ နယ်စပ်အချင်းချင်းက တော့ တာဝန်ရှိတဲ့သူတွေက နားလည်မှုနဲ့တော့ စုံစမ်းမေးမြန်းနေတယ်။ လက်ရှိက မပေါ်ပေါက်သေးဘူး” ဟု ချင်းပြည်နယ် အစိုး ရ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြောကြားသည် ။

Most Read

Most Recent