မြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်းများ၏တိုးတက်မှုနှုန်း နိုဝင်ဘာတွင် ဆက်လက်အားကောင်းခဲ့ပြီး သွင်းကုန်စျေးနှုန်းများ၏ ငွေကြေးဖောင်းပွမှုနှုန်း လေးလဆက်တိုက်ကျဆင်းခဲ့ကာ ကုန်ကျစရိတ်မြင့်မားမှုဖိအားများ လျော့နည်းလာ

မြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်းများ၏တိုးတက်မှုနှုန်း နိုဝင်ဘာတွင် ဆက်လက်အားကောင်းခဲ့ပြီး သွင်းကုန်စျေးနှုန်းများ၏ ငွေကြေးဖောင်းပွမှုနှုန်း လေးလဆက်တိုက်ကျဆင်းခဲ့ကာ ကုန်ကျစရိတ်မြင့်မားမှုဖိအားများ လျော့နည်းလာ
​​​​​​​ရန်ကုန်မြို့မြောက်ပိုင်းရှိ စက်မှုဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
​​​​​​​ရန်ကုန်မြို့မြောက်ပိုင်းရှိ စက်မှုဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
Published 2 December 2019
စည်သူအောင်

မြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်းများ၏ တိုးတက်မှုနှုန်း နိုဝင်ဘာတွင် ဆက်လက်အား ကောင်းခဲ့ပြီး သွင်းကုန်စျေးနှုန်းများ၏ ငွေကြေး ဖောင်းပွမှုနှုန်း လေးလဆက်တိုက်ကျဆင်းခဲ့ကာ ကုန်ကျစရိတ်မြင့်မားမှု ဖိအားများ လျော့နည်းလာကြောင်း ၂၀၁၉ ခုနှစ်  နိုဝင်ဘာအတွက် ထုတ်ပြန်သော နစ်ကေး မြန်မာ့စက် မှုကုန်ထုတ်လုပ်ငန်း PMI အညွှန်းကိန်း (Manufacturing Purchasing Manager’s Index ဝယ်ယူရေးမန်နေဂျာများ၏အညွှန်း ကိန်း) အရ သိရသည်။

စစ်တမ်းအရ နိုဝင်ဘာတွင် လုပ်ငန်း လည်ပတ်မှုအခြေအနေများ အခိုင်အမာပို ကောင်းမွန်လာခဲ့ကြောင်း ထုတ်ဖော်ပြသခဲ့ပြီး အော်ဒါသစ်များအခိုင်အမာမြင့်တက်လာခြင်းက အားဖြည့်ပေးသည်။ ထုတ်လုပ်မှု မှ အားရဖွယ်အရှိန်ဖြင့် တိုးလာခဲ့ပြီး ထုတ်လုပ်ရေးဆိုင်ရာ မျှော်လင့်ချက်များမှာ ပိုကောင်းလာခဲ့သော်လည်း ၂၀၁၉ ခုနှစ် နှစ် လယ်ပိုင်းထက် အားနည်းနေဆဲဖြစ်သည်။ ယင်းအတောအတွင်း ပျမ်းမျှဝယ်စျေးများမှာ စစ်တမ်းကို စတင်ခဲ့သည့် လွန်ခဲ့သော လေးနှစ်ကတည်းက အနည်းဆုံးနှုန်းဖြင့် မြင့်တက် လာခဲ့၍ကုန်ကျစရိတ်များ၏ ဖိအားပေးမှု များ အားပျော့လာခဲ့သည်။

မြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်း PMI အညွှန်းကိန်းသည် နိုဝင်ဘာတွင် ၅၂ ဒသမ ၇ ရှိခဲ့ရာ အပေါင်းလက္ခဏာနယ်ပယ်ထဲ၌ ဆက်ရှိနေပြီး လုပ်ငန်းအခြေအနေတစ်ရပ်လုံး အခိုင်အမာတိုးတက်ကောင်းမွန်လာခဲ့ခြင်းကို အချက်ပြနေသည်။ ယင်းမှာ အောက်တိုဘာ၏ ၅၃ ထက် မသိမသာနိမ့်နေသော်လည်း ရေရှည်ပျမ်းမျှဂဏန်းဖြစ်သည့် ၅၁ ဒသမ ၁ နှင့်စာလျှင် အတော်ပင်မြင့်မားသော နှုန်းဖြစ်သည်။

ကဏ္ဍတစ်ခုလုံးတိုးတက်လာမှုကို မောင်းနှင်ပေးခဲ့သည်မှာ နိုဝင်ဘာတွင် လုပ်ငန်းသစ်များ သိသာစွာတိုးပြီးရရှိလာခြင်းဖြစ်သည်။ အော်ဒါသစ်များမှာ စစ်တမ်းမှတ်တမ်း တစ်လျှောက် ၁၃ လဆက်တိုက် တိုးတက်ခဲ့သည့်အပြင် ဇွန်လမှစ၍ အမြင့်ဆုံးနှုန်းလည်း ဖြစ်ခဲ့သည်။

ထို့အတူ ထုတ်လုပ်မှုနှုန်းသည်လည်း နိုဝင်ဘာတွင် စစ်တမ်းတစ်လျှောက် ၁၃ လ ဆက်တိုက်တိုးလာခဲ့သည်။ ကုမ္ပဏီကြီးများ က အော်ဒါသစ်များကို စီမံဆောင်ရွက်ကြရုံသာမက ၎င်းတို့၏ လက်ကျန်အလုပ်များကို ပါ ပြီးဆုံးအောင် အားထုတ်ခဲ့ကြ၍ တိုးတက်မှုနှုန်းမှာ အောက်တိုဘာ၏ အားကောင်းခဲ့သည့်နှုန်းနှင့်ယှဉ်လျှင် အနည်းငယ်မျှသာ ပြောင်းလဲခဲ့သည်။ ကုန်ထုတ်လုပ်ရေးကဏ္ဍ အတွင်း လက်ကျန်အလုပ်များ၏ ပမာဏ သည် ၄၂ လဆက်တိုက် ကျဆင်းလာခဲ့ခြင်း ဖြစ်သည့်အပြင် ၂၀၁၈ ခုနှစ် ဇူလိုင်မှစ၍ အမြန်ဆုံးနှုန်းလည်းဖြစ်ခဲ့သည်။

ကုန်ထုတ်လုပ်သူတို့သည် ၎င်းတို့၏ လုပ်သားအင်အားများကို နိုဝင်ဘာတွင် ၁၂ လဆက်တိုက် တိုးချဲ့ခန့်အပ်ခြင်းဖြင့် အလုပ် တာဝန်များကို ပံ့ပိုးပေးခဲ့ရာ စစ်တမ်းအတွက် စံချိန်တင် အစဉ်အလာတစ်ခုဖြစ်သော်လည်း အောက်တိုဘာကတည်းက အလုပ် ဖန်တီမှုနှုန်း အားပျော့လာသည်ကို တွေ့မြင်ရသည်။

သွင်းကုန်များဝယ်ယူရေးလုပ်ငန်းများလည်း နိုဝင်ဘာတွင် ဆက်လက်ကျယ်ပြန့်လာခဲ့ပြီး သုံးလအတွင်းတွင် အမြန်ဆုံးနှုန်းဖြစ်ခဲ့သည်။ သို့တိုင်အောင် သွင်းကုန်သိုလှောင် ထားမှုများမှာ ရှေ့ဆက်ကျဆင်းလာခဲ့ပြီး လက်ရှိထုတ်လုပ်မှုအားကောင်းလာမှုကို ရောင်ပြန်ဟပ်စေခဲ့သည်။ ပစ္စည်းပေးသွင်း ကြသူတို့သည် ဝယ်လိုအားကို ကျယ်ပြန့်စွာ ဖြည့်တင်းပေးနိုင်ခဲ့ကြပြီး ပစ္စည်းပေးသွင်းမှု ကြာမြင့်ချိန်များမှာ အောက်တိုဘာလမှစပြီး ဒသမဂဏန်းမျှ ပိုမိုကြာရှည်လာခဲ့သည်။

သွင်းကုန်စျေးနှုန်းများ၏ ငွေကြေး ဖောင်းပွမှုမှာ ဇူလိုင်လ၏ မှတ်သားဖွယ်ရာ နှုန်း၏ နောက်ပိုင်း နိုဝင်ဘာတွင် လေးလ ဆက်တိုက်ကျဆင်းလာခဲ့သည်။ ထို့ပြင် နောက်ဆုံးကာလတွင် မှတ်တမ်းတင်ထားခဲ့ သည့်မြင့်တက်မှုမှာ စစ်တမ်းကို စတင်ခဲ့သည့် ၂၀၁၅ ခုနှစ်မှစပြီး အနည်းဆုံးဖြစ်သည်။

ကုန်ကျစရိတ်များ၏ဖိအားပေးမှုများ အားနည်းလာခဲ့သည့်အလျောက် ထုတ်ကုန် ရောင်းစျေးများသည် ဧပြီမှစပြီး အနည်းဆုံး နှုန်းဖြင့် မြင့်တက်လာခဲ့သည်။ သို့သော်လည်း စစ်တမ်းသမိုင်းထဲတွင် ပထမဦးဆုံးအကြိမ် အဖြစ် ရောင်းစျေးများမှာ သွင်းကုန်စျေးနှုန်း များထက် ပိုပြီးသိသာစွာမြင့်တက်လာခဲ့ရာ ကုန်ထုတ်လုပ်ရေးကဏ္ဍထဲတွင် အမြတ်အစွန်းရနိုင်သည့် အခြေအနေများ ကောင်းမွန်လာပုံရကြောင်း သုံးသပ်ထားသည်။

မြန်မာနိုင်ငံတွင် လာမည့် ၁၂ လအတွင်း ကုန်ထုတ်လုပ်မှုအလားအလာဆိုင်ရာ အမြင်များမှာ နိုဝင်ဘာတွင် အပေါင်းလက္ခ ဏာနယ်ပယ်ထဲရှိနေဆဲဖြစ်သည်။ အပြုသဘောမြင်မှုမှာ သုံးလအတွင်း အမြင့်ဆုံးသို့ အားကောင်းလာသော်လည်း စစ်တမ်း၏ ရေရှည်ပျမ်းမျှနှင့်စာလျှင် အားနည်းနေဆဲဖြစ်သည်။

အဆိုပါစစ်တမ်းကို ပြုစုပေးသည့် HIS Markit မှ စီးပွားရေးဒါရိုက်တာ Trevor Balchin က “ မြန်မာနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုကို ကြည့်ရင် နှစ်ကုန်ပိုင်းမှာ သိသာခိုင်မာတဲ့ တိုးတက်မှုနဲ့ အဆုံးသတ်နိုင်ခဲ့ပြီး နိုဝင်ဘာ ရဲ့ ယေဘုယျတိုးတက်မှုနှုန်းက ၂၀၁၉ ခုနှစ် ရဲ့ အားကောင်းတဲ့အစဉ်အလာကို ထိန်းသိမ်းနိုင်ပါတယ်။ PMI မှာ နောက်ဆုံးကာလမှာ ၅၂ ဒသမ ၇ မှာရှိနေပြီး ၂၀၁၉ ခုနှစ်ရဲ့ ပျမ်း မျှနှုန်းက ၅၂ ဒသမ ၈ ဖြစ်တာကြောင့် စစ်တမ်းရဲ့ လေးနှစ်တာကာလအတွင်း အမြင့် ဆုံးရလဒ်ကို လွယ်လွယ်ကူကူရယူနိုင်ခဲ့ပါတယ်။ ကုမ္ပဏီကြီးတွေဆီမှာ ဝယ်ယူရေး ကုန်ကျစရိတ်တွေရဲ့ ဖိအားပေးမှုတွေ သက်သာလာတာကြောင့် အကျိုးဖြစ်ထွန်းခဲ့ကြပြီး သွင်းကုန်စျေးနှုန်းတွေရဲ့ ဖောင်းပွမှုနှုန်းက နိုဝင်ဘာမှာ ဆက်ကျလာတာတွေ့ ရပါတယ်”ဟု ပြောကြားသည်။

ယခုထုတ်ပြန်ထားသော စစ်တမ်းကို IHS Markit က စက်မှုကုန်ထုတ်လုပ်ငန်း များထံမှ ကောက်ယူစုစည်းရရှိသည့် စစ်တမ်းမူလကိန်းဂဏန်းများကို အခြေခံပြုစု ထားခြင်းဖြစ်ပြီး ဂျပန်အခြေစိုက် Nikkei မီဒီယာအုပ်စုက ပံ့ပိုးထားခြင်းဖြစ်သည်။

Most Read

Most Recent