TOYOTA မြန်မာက Corolla Altis ကားသစ်ကို မြန်မာနိုင်ငံတွင် တရားဝင်မိတ်ဆက်ခဲ့ပြီး ဒေါ်လာ ၃၆၀၀၀ ဖြင့် စတင်ရောင်းချ

TOYOTA မြန်မာက Corolla Altis ကားသစ်ကို မြန်မာနိုင်ငံတွင် တရားဝင်မိတ်ဆက်ခဲ့ပြီး ဒေါ်လာ ၃၆၀၀၀ ဖြင့် စတင်ရောင်းချ
Published 16 November 2019
နီလာ

TOYOTA  က Corolla Altis ကားသစ်ကြီးကို မြန်မာနိုင်ငံတွင် တရားဝင်မိတ်ဆက်ပေးခဲ့ပြီး ဒေါ်လာ ၃၆၀၀၀ ဖြင့် စတင်ရောင်းချပြီဖြစ်ကြာင်း TOYOTA က သတင်းထုတ်ပြန်လိုက်သည်။

Toyota New Global Architecture (TNGA) နှင့် မောင်းနှင်မှု (Drivetran) စနစ်အသစ်သည် ယာဉ်ကို အဖြောင့်အတိုင်းသာမက ကွေ့ကြောများ မောင်းနှင်သည့်အခါတွင်ပါ ယာဉ်၏တည်ငြိမ်မှု ထိန်းချုပ်စနစ်ကို အားကောင်းစေသော ကား၏အောက်ပိုင်း ဗဟိုဆွဲအားကို ကူညီအားဖြည့်ပေးကြောင်း၊ ထို့ပြင် Double Wishbone နောက်ဆိုင်းထိန်းက ကား၏တည်ငြိမ်မှုကို မြှင့်တင်ပေးပြီး ညက်ညောသည့် မောင်းနှင်မှုကို ရရှိစေကာကား၏ ငြိမ့်ညောင်းမှုနှင့် ထိန်းချုပ်မောင်းနှင်မှု စွမ်းဆောင်အားကို တိုးမြှင့်ပေးသော ပိုမိုကောင်းမွန်အောင် မွမ်းမံထားသည့် Mac Pherson Strut ရှေ့ဆိုင်းထိန်းစနစ်ဖြင့်လည်း Corolla Altis  ကားသစ်ကို ဒီဇိုင်းထုတ်လုပ်ထားသည်ဟု သိရသည်။

နောက်ဆုံးပေါ် Toyota ၏ ဘေးကင်းလုံခြုံရေး အာရုံခံစနစ်သည် ယာဉ်တိုက်မှု အပျက်အစီးလျှော့ချခြင်းနှင့် ယာဉ်တိုက်မှု ရှောင်ရှားရေး အကူအညီကို တိုးမြှင့်ပေးရန်အတွက် အသစ်ထုတ်လုပ်ထားသည့် ယာဉ်တိုက်မှု ကြိုတင်ကာကွယ်အသိပေးစနစ် ပါဝင်သော ပြိုင်ဘက်ကင်းဘေးကင်းလုံခြုံရေး စံသတ်မှတ်ချက်ဖြစ်ကြောင်း၊ ရှေ့မှလာနေသည့်ယာဉ်များကို အာရုံခံစုံစမ်းကာ ၎င်းတို့၏အရှိန်ကို ဆုံးဖြတ်ပြီးနောက် ယာဉ်မောင်း နှင်နေသောအခါနှင့် ယာဉ်ရပ်တန့်နေသောအခါတို့တွင် ကားနှစ်စီးကြား ဘေးကင်းလုံခြုံသည့် အကွာအဝေးတစ်ခု ရှိနေစေရန်အတွက် အလိုအလျောက် အရှိန်နှုန်းထိန်းချုပ်စနစ်ကိုလည်း အသုံးပြုနိုင်ကြောင်း သိရသည်။

ယာဉ်ကြော ပြောင်းလဲသွားခြင်းအချက်ပြ (Lane Departure Alert) (စတီယာရင် ထိန်းချုပ်ခြင်းနှင့်)/ယာဉ်ကြောအတွင်း မောင်းနှင်စေသည့်အကူအညီ (Lane Tracing Assist) သည် အသစ်တိုးမြှင့်ထားသည့် မောင်းနှင်မှု အထောက်အပံ့စနစ်ဖြစ်ကြောင်း၊ ၎င်းကို အသက်သွင်းထားလျှင် လမ်းကွေ့များတွင်ပင် ယာဉ်ကို လမ်းကြောအလယ်တွင် ထိန်းထားပေးရန်အတွက် စတီယာရင် ထိန်းချုပ်ရာတွင် ယာဉ်မောင်းသူကို  ကူညီပေးကြောင်း သိရသည်။

အပြင်ပိုင်းအရောင်ခုနစ်မျိုးနှင့် အတွင်းပိုင်းအရောင်နှစ်မျိုးမှ ရွေးချယ်နိုင်သော Corolla Altis အသစ်စက်စက်ကို သင့်တင့်လှသည့် စျေးနှုန်းဖြစ်သည့် ဒေါ်လာ  ၃၆၀၀၀ ဖြင့် ဝယ်ယူနိုင်ကြောင်း Toyota မြန်မာမှ သိရသည်။

ယခုမော်ဒယ်အသစ်သည် သုံးနှစ်/ ကီလိုမီတာ ၁၀၀၀၀၀ (၎င်းမတိုင်မီ ဖြစ်ပွားသည့်အရာမှန်သမျှ) အာမခံပါရှိကြောင်း၊ ယင်းအာမခံမှုသည် Toyota အနေဖြင့် ၎င်း၏ မော်တော်ယာဉ်၏ ထိပ်တန်းတည်ဆောက်မှု အရည်အသွေးအပေါ် ယုံကြည်မှု၊ Toyota တရားဝင်ထုတ်ကုန်များ၏ အရည်အသွေး စစ်မှန်ကြောင်း အာမခံမှုဖြစ်ကြောင်း သိရသည်။

 

 

Most Recent