ဗစ်တိုးရီးယားအမှုနှင့်ပတ်သက်၍ တရားရုံးရောက်ရှိနေသည့် CCTV အထိုင်စက်ထဲ၌ CCTV မှတ်တမ်းများ လုံးဝပါလာခြင်းမရှိသည့်အပေါ် အမှန်တကယ် ဟုတ် မဟုတ် တာဝန်ရှိသူများအား မေးမြန်းစိစစ်မည်ဖြစ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ပြောကြား

ဗစ်တိုးရီးယားအမှုနှင့်ပတ်သက်၍ တရားရုံးရောက်ရှိနေသည့် CCTV အထိုင်စက်ထဲ၌ CCTV မှတ်တမ်းများ လုံးဝပါလာခြင်းမရှိသည့်အပေါ် အမှန်တကယ် ဟုတ် မဟုတ် တာဝန်ရှိသူများအား မေးမြန်းစိစစ်မည်ဖြစ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 16 November 2019
နေရိုင်း၊ ဇေယျာထွန်း

ဗစ်တိုးရီးယားအမှုနှင့်ပတ်သက်၍ တရားရုံးရောက်ရှိနေသည့် Wisdom Hill မူကြို ကျောင်းမှ CCTV အထိုင်စက် DVR+Hard Disk ထဲ၌ CCTV မှတ်တမ်းများ လုံးဝပါလာခြင်း မရှိသည့်အပေါ် အမှန်တကယ်ဟုတ် မဟုတ် သက်ဆိုင်ရာတာဝန်ရှိသူများအား မေးမြန်း စိစစ်မည်ဖြစ်ကြောင်း သမ္မတရုံးပြောရေးဆို ခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်ရှိ သတင်းစာရှင်းလင်းခန်းမဆောင်၌ နိုဝင်ဘာ ၁၅ ရက်ကပြုလုပ်ခဲ့သည့် အိမ်တော် သတင်းထောက်များနှင့်တွေ့ဆုံသည့် သတင်း ထုတ်ပြန်သည့်အခမ်းအနားတွင် သတင်းထောက်တစ်ဦးက ဗစ်တိုးရီးယားအမှုနှင့်ပတ် သက်၍ CCTV မှတ်တမ်းများအား Wisdom Hill ကျောင်းဘက်မှ CID သို့ပေးပို့ခဲ့ပြီးနောက် CID က ကျောင်းဘက်သို့ပြန်ပေးသည့်အခါ တွင် CCTV မှတ်တမ်းများ ပါဝင်လာခြင်းရှိ၊ မရှိအား ကျောင်းဘက်မှ မစစ်ဆေးမိကြောင်း  ထွက်ဆိုထားသည့်အတွက် ယင်းဖြစ်စဉ်အား နိုင်ငံတော်သမ္မတရုံးမှ တရားရုံး၏လုပ်ငန်း လမ်းစဉ်အားမစွက်ဖက်ဘဲ အခြားလမ်းကြောင်း မှ ကူညီပေးရန်ရှိ၊ မရှိမေးမြန်းမှုအပေါ် ဦးဇော်ဌေးက အထက်ပါကဲ့သို့ပြန်လည်ဖြေကြားခဲ့ ခြင်းဖြစ်သည်။

“တရားရုံးမှာတော့ ရောက်နေတဲ့ကိစ္စဖြစ် တယ်။ သို့သော် ဒါက တကယ်ဟုတ် မဟုတ် ခုနကပြောတာတွေ ဟုတ် မဟုတ် ကျွန်တော် တို့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို မေးမြန်း စိစစ်မှာဖြစ်တယ်ပေါ့။ ကျန်တာကတော့ သူ့ ဥပဒေအတိုင်းပဲ ဖြစ်ပါလိမ့်မယ်” ဟု ပြော ကြားသည်။

ဗစ်တိုးရီးယားအမှုသည် လက်ရှိတွင် တရားရုံးသို့ရောက်ရှိနေသည့် အမှုဖြစ်သည့်အတွက် တရားရုံး၏စီရင်ပိုင်ခွင့်ကို မထိခိုက်ရန်လိုအပ်ပြီး အဆိုပါ CCTV မှတ်တမ်းများ သည် သက်သေခံပစ္စည်းဖြစ်နေသည့်အတွက် အဆိုပါသက်သေခံပစ္စည်းနှင့်ပတ်သက်၍ တရားရုံးများတွင် သက်သေခံပစ္စည်းဖျောက် မှုပုဒ်မများရှိကြောင်း ဦးဇော်ဌေးက ဆိုသည်။

ဗစ်တိုးရီးယားအမှုနှင့်ပတ်သက်၍ တရားရုံး၌ရောက်ရှိနေသည့် Wisdom Hill မူကြိုကျောင်းမှ CCTV အထိုင်စက် DVR+Hard Disk စက်ကို နိုဝင်ဘာ ၆ ရက်တွင် CCTV ကျွမ်းကျင်ပညာရှင်က စစ်ဆေးရာ၌ CCTV မှတ်တမ်းများ လုံးဝပါလာခြင်းမရှိသည့်အတွက် CCTV ကျွမ်းကျင်ပညာရှင်အား ရုံးခေါ်သက် သေခေါ်ပေးရန် စွပ်စွဲခံရသူ ကိုအောင်ကြီး၏ ရှေ့နေ တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီ အောင်က တရားရုံးတော်သို့ လျှောက်တင်ခဲ့ သည်။

ထို့ပြင် တရားလိုဗစ်တိုးရီးယားဘက်မှ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်နေသူ  ဥပဒေ အရာရှိကလည်း Wisdom Hill  မူကြိုကျောင်း မှ CCTV အထိုင်စက် DVR+Hard Disk ထဲ ရှိ မှတ်တမ်းများအား ပြန်လည်ရရှိရန် CCTV ကျွမ်းကျင်ပညာရှင်၊ Wisdom Hill မူကြို ကျောင်းသို့ CCTV လာရောက်တပ်ဆင်ပေး သူနှင့် သင့်တော်ရာရဲတစ်ဦးက CCTV မှတ် တမ်းများပြန်လည်ရရှိရန် အဆင့်မြင့်နည်း ပညာများဖြင့် ဆောင်ရွက်သွားရန် ရုံးတော် သို့ လျှောက်လဲချက်ပေးခဲ့သည်။

ယင်းသို့လျှောက်တင်မှုအပေါ် ဒက္ခိဏခရိုင်တရားသူကြီး ဦးတင့်လွင်က သင့်မြတ်သည့်အချိန်တွင် အမိန့်ချပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

သက်ဆိုင်ရာရှေ့နေများမှ အထက်ပါ ကဲ့သို့ လျှောက်တင်ခဲ့မှုအပေါ် တရားသူကြီးက သင့်မြတ်သည့်အချိန်တွင် အမိန့်ချပေးမည်ဟု ပြောဆိုခဲ့မှုနှင့်ပတ်သက်၍ ဧရာဝတီသတင်း ဌာန သတင်းထောက်တစ်ဦးက အဆိုပါဖြစ်စဉ်သည် ချက်ချင်းစုံစမ်းဆေးရန်လိုအပ်သည့် ကိစ္စဖြစ်သည့်အတွက် သမ္မတရုံးအနေဖြင့် ယင်းဖြစ်စဉ်ကို စောင့်ကြည့်ပေးရန် ဦးဇော်ဌေးထံ သို့ မေတ္တာရပ်ခံခဲ့သည်။

Most Read

Most Recent