ရက်ပေါင်း ၉၀ နေထိုင်ရုံဖြင့် ရောက်ရှိရာဒေသ၌ မဲပေးခွင့်ရရန် ပြင်ဆင်လိုက်ခြင်းသည်တိုင်းရင်းသားနိုင်ငံရေးပါတီများ၏ ကိုယ်စားပြုနိုင်မှုနှင့် ရေရှည်ခိုင်မာစွာရပ်တည်နိုင်မှုကိုပါထိုးနှက်သလိုဖြစ်နေဟု မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ပြောကြား

ရက်ပေါင်း ၉၀ နေထိုင်ရုံဖြင့် ရောက်ရှိရာဒေသ၌ မဲပေးခွင့်ရရန် ပြင်ဆင်လိုက်ခြင်းသည်တိုင်းရင်းသားနိုင်ငံရေးပါတီများ၏ ကိုယ်စားပြုနိုင်မှုနှင့် ရေရှည်ခိုင်မာစွာရပ်တည်နိုင်မှုကိုပါထိုးနှက်သလိုဖြစ်နေဟု မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ပြောကြား
Published 16 November 2019
ဘိုဘိုမြင့်

ရက်ပေါင်း ၉၀ နေထိုင်ရုံဖြင့် ရောက်ရှိရာဒေသ၌ မဲပေးခွင့်ရရန် ပဥ္ဇမအကြိမ်ပြင်ဆင်ထားသည့် ရွေးကောက်ပွဲနည်းဥပဒေသည် တိုင်းရင်းသားနိုင်ငံရေးပါတီများ၏ ကိုယ်စား ပြုနိုင်မှုနှင့် ရေရှည်ခိုင်မာစွာရပ်တည်နိုင်မှုကိုပါ ထိုးနှက်လိုက်သလိုဖြစ်နေဟု မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောကြားသည်။

တိုင်းရင်းသားဒေသခံများသည် ၎င်းတို့ ၏ လူနည်းစုတိုင်းရင်းသားများအတွက် ကိုယ်စားပြုမှုရရှိရေးကို ရွေးကောက်တင်မြှောက်ခွင့်အရ လက်ရှိအခြေအနေတွင် ရုန်းကန်အား စိုက်နေကြရကြောင်း၊ ပြည်မအင်အားကြီးပါတီ များ၏ တိုင်းရင်းသားနယ်မြေဒေသအထိ အင်အားချဲ့ထွင်ထိုးဖောက်ဝင်ရောက်မှုဒဏ်ကို ကျားကုတ်ကျားခဲ ခုခံကာကွယ်နေရသည့် အနေအထားဖြစ်ကြောင်း ဒေါက်တာအောင် နိုင်ဦးက ပြောကြားသည်။

“ဒီလိုအခြေအနေမျိုးမှာ ရွှေ့ပြောင်းလုပ် သားများရဲ့ကိစ္စဟာ စိန်ခေါ်မှုတစ်ရပ်အနေနဲ့ ရှိနေပါမယ်။ အခုလိုရွေးကောက်ပွဲနည်းဥပဒေ ပါအတိုင်း ရွှေ့ပြောင်းလုပ်သားတွေရဲ့ ယာယီ နေထိုင်ကာလဖြစ်တဲ့ သုံးလကျော်မှာတင် ဆန္ဒ မဲပြုခွင့်ပေးလိုက်တာဟာ တိုင်းရင်းသားဒေသ ခံတွေရဲ့ ကိုယ်စားပြုနိုင်မှုနဲ့ တိုင်းရင်းသားပါတီ တွေရဲ့ ရေရှည်ခိုင်မာစွာရပ်တည်နိုင်မှုကိုပါ ထိုးနှက်လိုက်သလိုမြင်တွေ့ခံစားမိပါတယ်” ဟု ဒေါက်တာအောင်နိုင်ဦးက ပြောကြားသည်။

လူဝင်မှုကြီးကြပ်ရေးဌာန၏ သတ်မှတ်ချက်အရ ပြောင်းရွှေ့နေထိုင်ရာဒေသတွင် အနည်းဆုံး ခြောက်လပြည့်မှသာ သာမန်ပြောင်းရွှေ့ဟုသတ်မှတ်ပြီး ခြောက်လမပြည့် သေးပါက ယာယီပြောင်းရွှေ့ဟုသာ သတ်မှတ်ထားကြောင်း၊ ယခုပြင်ဆင်လိုက်သည့် ရွေး ကောက်ပွဲနည်းဥပဒေအရဆိုပါက ဒေသတစ်ခုတွင် ရက်ပေါင်း ၉၀ ပြည့်သည်နှင့် ယာယီရွှေ့ ပြောင်းလုပ်သားတစ်ယောက်သည် နေထိုင်ရာ ဒေသရှိ ကိုယ်စားလှယ်လောင်းကို မဲပေးခွင့် ရမည်ဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။

“လူတစ်ယောက်ဟာ နယ်မြေဒေသတစ်ခုဆီကို သုံးလကျော်လောက်သာ ယာယီရွှေ့ ပြောင်းနေထိုင်ခဲ့ရုံနဲ့ အဲဒီဒေသရဲ့ ဒေသခံတစ်ဦးလို ဆန္ဒမဲပေးခွင့်ပြုတာဟာ ကိုယ်စားပြုမှုအရ မကိုက်ညီသေးဘူးလို့ ယူဆပါတယ်” ဟု ဒေါက်တာအောင်နိုင်ဦးက ပြောကြားသည်။

ထို့ပြင် လက်ရှိသွားနေသည့် နိုင်ငံတော် ပြန်လည်တည်ဆောက်ရေး၊ ထာဝရငြိမ်းချမ်း မှုတည်ဆောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ စနစ် ခိုင်မာအားကောင်းရေးဆိုသည့် ဦးတည် ချက်လုပ်ငန်းစဉ်များမှာ (Majoity) ၊ အင်အားကြီးလူများစုနှင့် (Minority) အင်အား သေးလူနည်းစုများအကြားမှာ ကောင်းမွန်သောယုံကြည်မှုတည်ဆောက်ရေးသည် အ လွန်အရေးကြီးသည့်ကိစ္စဖြစ်ကြောင်း၊ သမိုင်းတစ်လျှောက်လုံး၌ လူနည်းစုတိုင်းရင်းသားများအနေဖြင့် ခွဲခြားဆက်ဆံခံရမှု၊ အနိုင်ယူ လွှမ်းမိုးခြယ်လှယ်မှုများကိုသာ ခံစားတွေ့ကြုံ နေခဲ့ရသည်ဆိုသည့် ရင်တွင်းခံစားမှုအနာတရများကိုလည်း ယခုအချိန်တွင် တတ်နိုင်သမျှ ကုစားပေးနိုင်ရန် အလွန်အရေးကြီးကြောင်း၊ ပါတီစုံစနစ်၌ အင်အားကြီးပါတီတစ်ခုခုက သာ အမြဲတစေအနိုင်ရရမည်ဆိုသည့် အတွေး အခေါ်ထက် ပါတီများအားလုံး ညီညွတ်မျှတ စွာ အတူတကွပါဝင်ဆောင်ရွက်ခွင့်ရရှိရန် ဆိုသည့် အတွေးအခေါ်ကောင်းများနှင့် ဥပ ဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းဆောင်ရွက် ချက်များဖြင့် တရားမျှတမှုနှင့် အားလုံးလက် ခံနိုင်မှုကိုသာ အလေးအနက်ထားဆောင် ရွက်ခြင်းကသာလျှင် ရေရှည်ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီအရေးကို ဟန်ချက်ညီ စွာ လျှောက်လှမ်းနိုင်လိမ့်မည်ဟုယူဆကြောင်း ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

“ဒီလိုမှမဟုတ်ဘဲ ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေး၊ ပါတီစုံအရေးဆိုပြီး နှုတ်အား ဖြင့် ကြားကောင်းအောင် တန်ဆာဆင်နေပေမဲ့ လုပ်သမျှလုပ်ရပ်များဟာ အင်အားကြီးလူမျိုးစုနဲ့ အင်အားကြီးပါတီများအတွက်သာ ဦးတည်မှုကိုဖြစ်နေလျှင် စိတ်ဝမ်းကွဲမှု၊ မကျေ နပ်မှုတွေနဲ့သာ အခက်အခဲတွေ တွေ့ကြုံနေ ရဦးမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ အားလုံးပါဝင်မှု၊ သဘောထားကြီးမှုဆိုတာတွေနဲ့ လွတ်လပ်ပြီးတရားမျှ တတဲ့ ရွေးကောက်ပွဲဖြစ်တည်ရေးအတွက် သက်ဆိုင်သူများအနေနဲ့ အလေးအနက်ထား ဆောင်ရွက်စေလိုပါတယ်။ ဒီတော့ ဒီနည်း ဥပဒေ ပြင်ဆင်ချက်ဟာ ပြည်ထောင်စုလွှတ် တော်မှာ စတင်ဖြန့်ဝေတဲ့နေ့ကနေ ရက်ပေါင်း ၉၀ အတွင်းမှာ ပြန်လည်ပြင်ဆင်ချက်အဆို တင်သွင်းပိုင်ခွင့်ရှိတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ပြီး အားလုံးအတွက် ကောင်းမွန် မယ့် နည်းဥပဒေပြဋ္ဌာန်းချက်ဖြစ်စေဖို့ ဆောင် ရွက်ပေးစေလိုပါတယ်” ဟု ၎င်းက ဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၃ ရက် နေ့စွဲ ပါ အမိန့်အမှတ် (၅၅/၂၀၁၉) ဖြင့် ပဥ္ဇမအကြိမ် ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေအား ပြင်ဆင်ရာ၌ အချက် ၁၆ ချက်နှင့် နောက်ဆက် တွဲပုံစံတစ်ခုပါဝင်လာပြီး နည်းဥပဒေပုဒ်မ (၅) ၌ မဲစာရင်းပြုစုခြင်းနှင့်ပတ်သက်ပြီး ရပ်/ ကျေးအုပ်ချုပ်ရေးမှူးနှင့် မြို့နယ်လဝကဌာန က ပြုစုထားသည့်လူဦးရေစနစ်ကို အခြေခံ ပြီး ပြုစုရန်နှင့် နည်းဥပဒေပုဒ်မ (၁၀) ၌ပါရှိ သော ‘အနည်းဆုံး ရက်ပေါင်း ၁၈၀ ထက် မနည်း’ဆိုသည့်စကားရပ်ကို ‘အနည်းဆုံး ရက် ပေါင်း ၉၀ ထက်မနည်း’ ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်ဟု ပါရှိသည်။

အဆိုပါနည်းဥပဒေကို အတည်ပြုနိုင်ရန် ပြည်ထောင်စုလွှတ်တော်သို့ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က ပေးပို့ထားပြီး  လွှတ်တော်က ကန့်ကွက်မည့်သူမရှိပါက ရက် ၉၀ အတွင်း အတည်ဖြစ်မည်ဖြစ်သည်။

Most Recent