၂၀၁၉ ခုနှစ် ၁၀ လတာအတွင်း အလုပ်အကိုင် ရရှိမှုတွင် ပြည်တွင်း၌ သုံးသိန်းနီးပါးနှင့် ပြည်ပ၌ နှစ်သိန်းခွဲကျော် အလုပ်အကိုင်ရရှိထား

၂၀၁၉ ခုနှစ် ၁၀ လတာအတွင်း အလုပ်အကိုင် ရရှိမှုတွင် ပြည်တွင်း၌ သုံးသိန်းနီးပါးနှင့် ပြည်ပ၌ နှစ်သိန်းခွဲကျော် အလုပ်အကိုင်ရရှိထား
Published 16 November 2019
လွင်မျိုးသူ

၂၀၁၉ ခုနှစ် ၁၀ လတာအတွင်း အလုပ်အကိုင်ရရှိမှုတွင် ပြည်တွင်း၌ သုံးသိန်းနီးပါး နှင့် ပြည်ပ၌ နှစ်သိန်းခွဲကျော်အလုပ်အကိုင် ရရှိခဲ့ကြောင်း အလုပ်သမားညွှန်ကြားရေးဦး စီးဌာနမှ သိရသည်။

၁၀ လအတွင်း ပြည်တွင်းအလုပ်အကိုင် ရရှိမှုစာရင်း၌ ဇန်နဝါရီတွင် ၂၇၀၀၀၊ ဖေဖော် ၀ါရီတွင် ၂၅၀၀၀၊ မတ်တွင် ၂၂၀၀၀၊ ဧပြီ တွင် ၂၀၀၀၀၊ မေတွင် ၃၀၀၀၀၊ ဇွန်တွင် ၃၀၀၀၀၀၊ ဇူလိုင်တွင် ၃၀၀၀၀၊ သြဂုတ်တွင် ၃၃၀၀၀၊ စက်တင်ဘာတွင် ၃၆၀၀၀၊ အောက် တိုဘာတွင် ၂၇၀၀၀ နှင့် စုစုပေါင်း ၂၈၀၀၀၀ ကျော်အလုပ်အကိုင်ရရှိခဲ့ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ရရှိသည့် အချက်အလက်အရ သိရသည်။

ပြည်တွင်းအလုပ်အကိုင်ရရှိမှု စာရင်းအရ အစိုးရသစ်လက်ထက် ပုဂ္ဂလိကကဏ္ဍတွင် အလုပ်အကိုင်ရရှိမှုမှာ အများဆုံးဖြစ် ကြောင်းနှင့်  ပြည်ပအလုပ်အကိုင်ရရှိမှုစာရင်း တွင် ဇန်နဝါရီတွင် ၂၃၀၀၀၊ ဖေဖော်ဝါရီတွင် ၂၂၀၀၀၊ မတ်တွင် ၂၁၀၀၀၊ ဧပြီတွင် ၂၄၀၀၀၊ မေတွင်၂၄၀၀၀၊ ဇွန်တွင် ၂၄၀၀၀၀၊ ဇူလိုင် တွင် ၃၁၀၀၀၊ သြဂုတ်တွင် ၂၈၀၀၀၊ စက်တင် ဘာတွင် ၂၈၀၀၀၊ အောက်တိုဘာတွင် ၂၇၀၀၀ နှင့် စုစုပေါင်း ၂၅၀၀၀၀ ကျော် အလုပ်အကိုင် ရရှိခဲ့ကြောင်း သိရသည်။

၁၉၉၀ ပြည့်နှစ်မှစ၍ ပြည်ပသို့ အလုပ် သမားစေလွှတ်ခဲ့သည့် နိုင်ငံ ၁၉ နိုင်ငံ ရှိခဲ့ သော်လည်း ယခုအခါ ထိုင်း၊ မလေးရှား၊ ယူ အေအီး၊ ကိုရီးယား၊ စင်ကာပူ၊ ဂျပန်၊ ကာတာ၊ မကာအို၊ ဂျော်ဒန်နိုင်ငံ စုစုပေါင်း နိုင်ငံကိုး နိုင်ငံကို တရားဝင်အလုပ်သမားများ စေလွှတ် လျက်ရှိကြောင်းလည်း သိရသည်။

၁၉၉၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ် ဇွန်လ အထိ အလုပ်သမား ၁ ဒသမ ၀၆ သန်းခန့်ကို ပြည်ပသို့ တရားဝင်စေလွှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် ထိုင်းနှင့် မလေးရှားနိုင်ငံရှိ အ ထောက်အထားမဲ့ အလုပ်သမားများကို အ ထောက်အထားပြုလုပ်ပေးခဲ့ပြီး နိုင်ငံလူဦး ရေ၏ ၁၀ ရာခိုင်နှုန်းခန့်သည် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ပြည်ပရောက်အလုပ်သမားများမှ မြန်မာနိုင်ငံသို့ တရားဝင်ပြန်လည်လွှဲပြီးငွေသည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ဂျီဒီပီ၏ ၀ ဒသမ ၈၁ ရာခိုင်နှုန်းရှိပြီး ၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ၁ ဒသမ ၀၆ ရာခိုင်နှုန်းရှိ ကြောင်း သိရသည်။       

လက်ရှိ အိမ်ထောင်စုဝင်နှစ်သန်းအ ထက်မှာ နိုင်ငံခြားတွင် ရောက်ရှိနေထိုင်လျက်ရှိပြီး အဆိုပါလူဦးရေတွင် အမျိုးသား ၁ ဒသမ ၂ သန်း (၆၁ ရာခိုင်နှုန်း) ပါဝင်နေပြီး နိုင်ငံခြား တွင် ရောက်ရှိနေသူများအနက် ထိုင်းနိုင်ငံ တွင် ရာခိုင်နှုန်း ၇၀ ခန့်၊ မလေးရှားနိုင်ငံတွင် ၁၅ ရာခိုင်နှုန်းခန့်နှင့် ကျန် ၁၅ ရာခိုင်နှုန်းမှာ အခြားပြည်ပနိုင်ငံများတွင် ရောက်ရှိနေထိုင် လျက်ရှိကြောင်းနှင့် လူဦးရေနှစ်သန်းအနက် ၁ ဒသမ ၇ သန်းခန့်မှာ အလုပ်လုပ်နိုင်သည့် အသက် ၁၅ နှစ်မှ ၃၉ နှစ် (၈၃ ရာခိုင်နှုန်းခန့်)အတွင်းရှိသူများဖြစ်ပြီး ယင်းလူဦးရေတွင် ၁ ဒသမ ၁ သန်းခန့်သည် အမျိုးသားများဖြစ် ကြောင်း သိရသည်။                        

 

Most Read

Most Recent