အလာဗတ်စ် နှင့် ဗယ်လာဒိုလစ် (စနေညနေ ၆း၃၀ နာရီ)
အလာဗတ်စ်က အဝေးကွင်းအားနည်းပေမယ့် အိမ်ကွင်းမှာတော့ အကောင်းဆုံးဖြစ်အောင် ကစားပြနေတယ်။ အိမ်ကွင်းပွဲစဉ်တွေမှာ ဆီဗီလာတစ်သင်းတည်းကိုရှုံးခဲ့ပြီး အိမ်ကွင်းဆိုဂိုးရအောင်ကစားတတ်တဲ့အသင်းလည်းဖြစ်တယ်။ အိမ်ကွင်း ဂိုးပေးရတာလည်းသိပ်မရှိလို့ ဂိုးရအောင်ကစားဖို့ပဲ လိုပါတယ်။ အလာဗတ်စ်နဲ့ ဂိုးအနည်းပဲ ကြိုက်တယ်။
ဗလင်စီယာ နှင့် ဂရန်နာဒါ (စနေည ၉း၃၀ နာရီ)
ဂရန်နာဒါက ပြီးခဲ့တဲ့ပွဲမှာ ဆိုစီဒက်ကိုရှုံးခဲ့လို့ ထိပ်ဆုံးနေရာရမယ့်အခွင့်အရေးကို လက်လွှတ်ခဲ့ရတယ်။ ဗလင်စီယာက အိမ်ကွင်းဆို ကစားအားကောင်းတတ်ပြီး ပြီးခဲ့တဲ့ ပွဲစဉ် (၁၂)မှာလည်း နောက်ကျဂိုးတွေနဲ့ အနိုင်ရခဲ့တယ်။ ဗလင်စီယာနဲ့ ဂိုးအများပဲ ကြိုက်တယ်။

အီဘာ နှင့် ရီးယဲလ်မက်ဒရစ် (စနေည ၁၂းဝ၀ နာရီ)
ရီးယဲလ်မက်ဒရစ်အတွက်တော့ အခက်အခဲရှိနိုင်တဲ့ ပွဲမျိုးပါပဲ။ ပြီးခဲ့တဲ့ရာသီကလည်း အီဘာကွင်းမှာ ဂိုးပြတ်အရေးနိမ့်ထားတဲ့အပြင် လက်ရှိရီးယဲလ်ရဲ့ခြေစွမ်းကလည်း အ ကောင်းကြီး မဟုတ်သေးဘူး။ နောက်ဆုံးကစားတဲ့ အဝေးကွင်း (၂)ပွဲစလုံး နိုင်ပွဲမရတဲ့အပြင် သွင်းဂိုးလည်း (၁)ဂိုးမှမရခဲ့ပုံနဲ့တော့ အီဘာကို အတော်လေး ဖိဖိစီးစီးကစားရမယ့်ပုံပေါ်နေတယ်။ အထူးသဖြင့် ရီးယဲလ်တိုက်စစ်က ဂိုးသွင်းနှုန်း ပုံမှန်မရှိသေးပုံနဲ့တော့ အီဘာနဲ့ပွဲမှာ ဂိုးရဖို့လည်း ခက်နေဦးမယ် ထင်တယ်။ အီဘာကတော့ အိမ်ကွင်းနောက်ဆုံးပွဲမှာ ဘက်တစ်ကို အနိုင်ကစားထားတယ်။ နောက်ပြီး အိမ်ကွင်းမှာ ဘာစီလိုနာနဲ့ပွဲကလွဲပြီး ကျန်ပွဲတိုင်းကိုလည်း ဂိုးရအောင် ကစားထားနိုင်တယ်။ ဒါပေမယ့် ပြောစရာရှိတာက အိမ်ကွင်းမှာ တိုက်စစ်ကစားတတ်လို့ ခံစစ်လျော့သွားပြီး ဂိုးတွေအမြဲလိုလို ပြန်ပေးနေရတဲ့ အားနည်းချက်ရှိသေးတာပဲဖြစ်တယ်။ ဒါကြောင့် အခုပွဲမှာ ရီးယဲလ်တိုက်စစ်အတွက် ဂိုးရဖို့အခွင့်အရေး ရှိလာနိုင်တယ်။ ရီးယဲလ်ကိုပဲ ရွေးကြည့်ထားချင်တယ်။
ဘာစီလိုနာ နှင့် ဆယ်လ်တာဗီဂို (တနင်္ဂနွေနံနက် ၂း၃၀ နာရီ)
ဒီရာသီမှာ ဘာစီလိုနာက အိမ်ကျယ်အသင်းလိုဖြစ်နေတယ်။ အဝေးကွင်းပွဲတွေမှာ ဆိုးဆိုးရွားရွားကစားနေပေမယ့် အိမ်ကွင်းဆိုရင်တော့ ဂိုးတွေမြူးပြီး နိုင်ပွဲတွေယူနေတာ တွေ့ရတယ်။ လက်ရှိ ဘာစီလိုနာရဲ့ အိမ်ကွင်းကစားအားနဲ့ဆိုရင် အခုရင်ဆိုင်ရမယ့်ပွဲအတွက် စိုးရိမ်စရာ သိပ်မရှိလောက်ပါဘူး။ ဆယ်လ်တာဗီဂိုကလည်း အရင်ရာသီတွေက ပုံစံမျိုးမဟုတ်တော့ဘဲ ရုန်းကန်နေရတဲ့အသင်းဖြစ်နေတယ်။ နိုင်ပွဲ (၂)ပွဲသာရထားသလို အဆင့် (၁၈)နေရာရောက်နေပြီး သွင်းဂိုး(၁)ဂိုးရဖို့တောင် မနည်းကြိုးစားနေရတဲ့ အနေအထားကို ရောက်နေတယ်။ ဒါကြောင့် လက်ရှိ ဆယ်လ်တာဗီဂိုအသင်းဟာ အိမ်ကွင်းမှာ ဂိုးတွေလှိုင်လှိုင်သွင်းပြနေတဲ့ ဘာစီလိုနာကို ခြိမ်းခြောက်နိုင်မယ့်အနေအထား မရှိသလောက်ပါပဲ။ ရာသီအစအဝေးကွင်းမှာ ဆီဗီလာနဲ့ အက်သလက်တီကိုတို့လို အသင်းတွေကို သရေခံကစားနိုင်ခဲ့ပေမယ့် နောက်ဆုံးအဝေးကွင်း (၃)ပွဲလုံး ရှုံးခဲ့ပြီး (၁)ဂိုးသာ သွင်းနိုင်ခဲ့တယ်။ ဒါ့ကြောင့် ဘာစီလိုနာနဲ့ ဂိုးအများပဲ ရွေးထားရမယ့်ပွဲလို့ ထင်တယ်။















