ဘန်ကောက်မြို့ရှိ ခရီးဆောင်အိတ်စက်ရုံလုပ်ငန်း အရှုံးပေါ်သဖြင့်စက်ရုံပိတ်သိမ်းရာ မြန်မာလုပ်သားများ အပါအဝင် လူ ၂၀၀၀ ခန့် အလုပ်လက်မဲ့ဖြစ်နေ

ဘန်ကောက်မြို့ရှိ ခရီးဆောင်အိတ်စက်ရုံလုပ်ငန်း အရှုံးပေါ်သဖြင့်စက်ရုံပိတ်သိမ်းရာ မြန်မာလုပ်သားများ အပါအဝင် လူ ၂၀၀၀ ခန့် အလုပ်လက်မဲ့ဖြစ်နေ
Published 5 November 2019
ရှိုင်းလင်းအောင်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ခရီးဆောင်အိတ်စက်ရုံတစ်ရုံ လုပ်ငန်းအရှုံးပေါ်သဖြင့် စက်ရုံပိတ်သိမ်းခဲ့ရာ မြန်မာလုပ်သား အပါအဝင်အလုပ်သမား စုစုပေါင်း ၂၀၀၀ ခန့် အလုပ်လက်မဲ့ဖြစ်နေကြောင်း ထိုင်းနိုင်ငံ အခြေစိုက် အလုပ်သမားဟစ်တိုင်မှ သိရသည်။

ဘန်ကောက်မြို့အနီးရှိ ချွန်ဘူရီခရိုင်၊ လချဘန်နယ်မြေရှိ ခရီးဆောင်အိတ်ထုတ် လုပ်သည့် စက်ရုံတစ်ခုသည်လုပ်ငန်း အရှုံး ပေါ်သဖြင့် အောက်တိုဘာ ၃၁ ရက်က စက်ရုံ ပိတ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့စက်ရုံပိတ်သိမ်းခဲ့သည့် အဆိုပါ စက်ရုံတွင် အလုပ်လုပ်ကိုင်နေသော ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား  စသည့်လုပ်သားများ မှာ အလုပ်လက်မဲ့ဖြစ်နေကြခြင်းဖြစ်သည်။ မြန်မာလုပ်သားများထဲတွင် အစိုးရချင်း သဘောတူညီချက်ဖြင့် MOU ဖြင့် တရားဝင် လုပ်ကိုင်နေသော အလုပ်သမားများလည်း ပါဝင်ကြောင်း သိရသည်။

အဆိုပါစက်ရုံသည် မပိတ်သိမ်းမီ ၁၂ ရက်ခန့် အလုပ်နားခဲ့ပြီးနောက် အလုပ်ပြန်ဆင်းရာတွင် စက်ရုံ တာဝန်ရှိသူများက အစည်းအဝေးခေါ်ယူပြီးနောက် စက်ရုံပိတ်မည်ဟု ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ဘန်ကောက်မြို့ရှိ ခရီးဆောင်အိတ်စက်ရုံပိတ်သိမ်းခဲ့ခြင်းအပေါ် မြန်မာအလုပ်သမားအရေး လှုပ်ရှားဆောင်ရွက်သူများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမား သံအရာရှိ များက  ထိုင်းအလုပ်သမားဥပဒေအရ စက်ရုံပိတ်သိမ်းရာတွင် ရသင့်ရထိုက်သော အကျိုးခံစားခွင့်များရရှိရန် ဆောင်ရွက်ပေး ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent