ချန်ပီယံဖြစ်ခဲ့သည့် ၂၀၁၅-၁၆ ရာသီကထက် ပိုမိုကောင်းမွန်သော စွမ်းဆောင်ရည်ကို လက်စတာအသင်း ပြသနေကြောင်း Daily Mail ဖော်ပြ

ချန်ပီယံဖြစ်ခဲ့သည့် ၂၀၁၅-၁၆ ရာသီကထက် ပိုမိုကောင်းမွန်သော စွမ်းဆောင်ရည်ကို လက်စတာအသင်း ပြသနေကြောင်း Daily Mail ဖော်ပြ
Photos: Getty Images
Photos: Getty Images
Published 4 November 2019

ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ရလဒ်ကောင်းများ ရယူနေသည့် လက်စတာအသင်းအနေဖြင့် ၎င်းတို့ ချန်ပီယံဖြစ်ခဲ့သည့် ၂၀၁၅-၁၆ ဘောလုံးရာသီကထက် ပိုမိုကောင်းမွန်သည့် စွမ်းဆောင်ရည်ကို ပြသနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က အချက်အလက်များနှင့်တကွ ဖော်ပြခဲ့သည်။

၂၀၁၅-၁၆ ရာသီတွင် ပထမဆုံး ကစားခဲ့သော ပရီးမီးယားလိဂ်(၁၀)ပွဲနှင့် ယခုရာသီ ပထမဆုံးကစားခဲ့သော ပရီးမီးယားလိဂ်(၁၀)ပွဲမှ စွမ်းဆောင်ရည်ကို နှိုင်းယှဉ်ကာ ပြသခဲ့ခြင်းဖြစ်ပြီး ယခုရာသီလက်စတာအသင်းမှာ အ ချက်အလက်အတော်များများတွင် အသာရရှိနေကြောင်း သိရှိရသည်။ 

လက်စတာအသင်းအနေဖြင့် တိုက်စစ်ပိုင်းစွမ်းဆောင်ရည်၌ များစွာသာ လွန်ရုံမက ခံစစ်စွမ်းဆောင်ရည်တွင် လည်း ချန်ပီယံဖြစ်ခဲ့သည့်ရာသီကထက် များစွာအသာရနေကြောင်း သိရသည်။ 

လက်စတာအသင်းသည် ယခုရာသီ ပွဲစဉ်(၁၁)အပြီးတွင်မူ ရမှတ်(၂၃)မှတ်ဖြင့် အမှတ်ပေးဇယား တတိယနေရာ၌ ရပ်တည်နေသည်။

Most Read

Most Recent