အခက်ကြုံတိုင်း ကြည့်ဖို့ (၇) ရက် သားသမီးများအတွက် 2019 တစ်နှစ်လုံးစာ ဟောစာတမ်းနှင့် ယတြာ

အခက်ကြုံတိုင်း ကြည့်ဖို့ (၇) ရက် သားသမီးများအတွက် 2019 တစ်နှစ်လုံးစာ ဟောစာတမ်းနှင့် ယတြာ
Published 29 October 2019
arkar wunna

 

2019 ခုနှစ် ၇ ရက်သားသမီးများအတွက် ၁နှစ်စာဟောစာတမ်းနှင့် ယတြာ

မိမိတို့ရဲ့ ဟောစာတမ်းကို ကြည့်ပြီး အဟောကို ဖတ်ပါလေ။ ညံ့တဲ့နှစ်တွေမှာ ချေရမယ့် ယတြာကိုပါ ဖော်ပြပေးထားပါတယ်။ကောင်းတဲ့ နှစ်တွေမှာလည်း ကောင်းသထက် ကောင်းစေဖို့ ချေရမယ့် ယတြာတွေ ဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေသားသမီးများအတွက်

သင်သည်ယခုနှစ်အတွင်း၊အလုပ်နေရာ၊အိမ်နေရာ၊ပြင်ဆင်မွမ်းမံရခြင်း၊ပြောင်းရွှေ့ရခြင်းလုပ်ရတက်၏၊လုပ်ငန်းအသစ်ပေါ်ခြင်း(သို့)လက်ရှိအလုပ်နှင့် ပတ်သက်၍အဆက်အသွယ်များပေါ်လာလိမ့်မည်။လုပ်ငန်းနှင့်ပတ်သက်၍ နာမည်ကောင်းရခြင်း၊လုပ်ငန်းတိုးချဲ့ရခြင်းများ လုပ်ရတက်၏။

အိမ်ထောင်မရှိသူများ အိမ်ထောင်ကျ တက်သော ကာလဖြစ်၏။သင့်အနေနဲ့ စီးပွားအလွန်တက်နေပြီ၊ချမ်းသာနေပြီဟု ဆွေမျိုးသားချင်း အပေါင်းအသင်းတို့ကအထင်ကြီးနေလိမ့်မည်။သူခိုး မျက်စိအကျခံရသောကာလဖြစ်၍ သူခိုး အခိုးခံရတက်ကြောင်းသတိပြုပါလေ။ခရီးအကျိုးပေးသော ကာလဖြစ်ပါသည်။

ဘုရားဖူးခရီးသွားရတက်၏။ကွဲကွာနေသော ဆွေမျိုးသားချင်းများနှင့် ပြန်ဆုံမည်။ရပ်ဝေးမှဆွေမျိုးသားချင်းများရောက်လာတက်၏။အိမ်သို့အတောင်ပေါက်သောသတ္တဝါဝင်လာတက်၏။ဝင်လျှင် နမိတ်ကောင်း၏။သွပ်၊သံ၊သစ် စသော သောကြာနံပစ္စည်းများ ဝင်လာတက်၏ ။မိတ်ဆွေရင်း၊လုပ်ဖော်ကိုင်ဖက်တို့က ဒုက္ခပေးတက်၏။

မြေကိုအကြောင်းပြု၍စိတ်ညစ်ရတက်၏။ရွေနှင့် အဖိုးတန် ရတနာပစ္စည်းများဝင်လာတက်၏။ဘုရားဆင်းတုတော်၊ဓာတ်တော်၊ရဟန္တာပုံတော်များ ဝင်လာတက်၏စက်ပစ္စည်းများအသစ်လဲရခြင်း၊ ထွက်နေသောပစ္စည်းများ ပြန်ဝင်ခြင်းများ ကြုံရတတ်၏။ လက်ဝတ်ရတနာ ကျောက်ပြုတ်ထွက်ခြင်း၊ပျောက်ခြင်းဖြစ်တက်၏။

ဤကာလသည် ငယ်ရွယ်သူများအဖို့ အချစ်ရေးတွင် လမ်းခွဲရလောက်အောင် ပြသနာဖြစ်ရတတ်သော ကာလဖြစ်ပါ၏။ အလှူအတန်းကိစ္စ၊ မင်္ဂလာကိစ္စ ရက်ရွှေ့ရတက်၏။အလုပ်တွင် အတိုက်အခံ အပြိုင်အဆိုင် ကြီးစွာကြုံရတတ်၏။ မိသားစု အကြီးအကဲ၊ လုပ်ငန်းအကြီးအကဲတို့ကြောင့် စိတ်ညစ်ရတက်၏။ ငွေကြေးအထစ်အငေါ့ကြီးစွာ ဖြစ်ခြင်း ကြွေးဆုံးခြင်းတို့ ကြုံရတတ်၏။

“ယတြာ” မည်သည့်ဘုရားတွင်မဆို သောကြာနေ့ နံနက်တွင် ဗုဒ္ဓဟူးဒေါင့်ကိုသွား၍ ဿသ. သနာအလံ(၁၀)လက်လှူ၍ လိုရာဆုတောင်းပါ။ ဘဲဥတွင် အမည်ရေး၍ ပေါက်ခွဲပါ။

တနလာင်္သားသမီးများအတွက်

ယခုနှစ်အတွင်း သင်သည် အလှူအတန်း ကိစ္စများ မုချ လုပ်ရမည်ဖြစ်၏။ငွေအစုလိုက် အပုံလိုက် ဝင်လာမည်ဖြစ်၏။ မိမိ၏အလုပ်မှလည်းကောင်း၊ထီပေါက်၍လည်ကောင်းဝင်လာတက်၏ ။ဤကာလ၌ သာမန်အခြေအနေမျိုးမှနေ၍ စီးပွားအရှိန်အဟုန်နှင့် တက်ကာ အိမ်ပိုင်၊ ကားပိုင်ဖြစ်သွားတက်၏။

မိမိအားပြသနာလုပ်နေသူများရှိလျှင် အဆင်ပြေသွားလိမ့်မည်။မသင့် မြတ်သူများနှင့် ပြန်လည်သင့်မြတ်သွားမည်။ အရေးကြီးသော ကံများကို ထိန်းသိမ်းရန် အလွန်အရေးကြီးသောအချိန်အပိုင်းအခြားဖြစ်၏။ ဤအချိန်၌ မထိန်းသိမ်းနိုင်လျှင် နောင်(၃)နှစ် ကြာသောအခါ စီးပွားပျက်ခြင်း၊ အန္တရာယ်ကြုံခြင်းဖြစ်တတ်၏ ။

အဖိုးတန်ကျောက်မျက်ရတနာဝင်မည်။ အိမ်ထောင်ရှင်များ အိမ်ထောင်ရေးအတွက် သောကရောက်ရတက်သောကာလဖြစ်၏။ အထက်လူကြီး မိသားစုအကြီးအကဲများကြောင့်စိတ်ညစ်ရမည်ဖြစ်၏။ လူမျိုးခြား၊ နိုင်ငံခြားနှင့်ပတ်သက်သော ကိစ္စများ အကျိုးပေး အောင်မြင်မည်ဖြစ်၏။ခရီးများမကြာခန ထွက်ရတတ်၏။

ထိုခရီးများသည်လဲ အကျိုးပေးအောင်မြင်မည်။ ဝန်ထမ်းဆိုလျှင် ရာထူးတက်ခြင်း၊ အခြေအနေမြင့်တက်ခြင်းကြုံရလိမ့်မည်ဖြစ်၏။ ပညာရေးကိစ္စများ၊သင်တန်းကိစ္စများကိုအကြောင်းပြု၍စိတ်ညစ်ရတတ်၏။ ရွှေထွက်ခြင်း ရွှေအတွက်ပြောဆိုဖြေရှင်းရခြင်း ကြုံရတတ်၏အောက်လက်ငယ်သား၊သားသမီးထွက်သွားခြင်း ၄င်းတို်အတွက် သောကရောက်ခြင်းများကြုံရတတ်၏။

ဆီးချိုရောဂါ၊မျက်စိရောဂါများ ဒုက္ခပေးခြင်း အစားမှားခြင်း၊ဆေးမှားခြင်းများ ကြုံရတတ်၏။စာရွက်စာတမ်းကိစ္စ ၊စာချုပ်ကိစ္စများအတွက်စိတ်ညစ်ရခြင်းများကြုံရတတ်၏။ဆွေမျိုးသားချင်းများကိုကောင်းစွာအကူအညီပေးနိုင်၏။ လက်ရှိအလုပ်အကိုင်ကိုစိတ်မဝင်စားခြင်း၊အလုပ်ပြောင်းလိုစိတ်များကြုံလာတက်၏။

“ယတြာ” တနင်္လာ နေ့၌ တန်ခိုးကြီးဘုရားတစ်ဆူတွင် တံခွန်လုံး(၉)လုံး လှူ၍ လိုရာဆုတောင်းပါ။ အရူးကိုအာလူးကြော်ကျွေးပါ။

အင်္ဂ ါသားသမီးများအတွက်

သင်သည် ယခုနှစ်အတွင်း ဘုရားဆင်းတုတော်ပုံတော် ရဟန္တာ ပုံတော်များကြွလာတတ်၏။မထင်မှတ်ထားသောခရီးများ၊မရည်ရွယ်သောခရီးများ သွားရတတ်၏။လူမျိုးခြားကူညီခြင်းနိုင်ငံခြားနှင့်ပတ်သတ်သော ကိစ္စများအောင်မြင်ခြင်းများ ကြုံရမည်ဖြစ်၏။ နာမည်ဂုဏ် သတင်းတိုးတက်ခြင်း ဘုန်းတန်ခိုး တိုးတက်ခြင်းများကြုံရမည်ဖြစ်၏။

မနာလိုသူလဲပေါလိမ့်မည်။မိမိထက် မြင့်သူနိမ့်သူ နှစ်ဦးလုံးက ဒုက္ခပေးတတ်သော ကာလဖြစ်၏။လုပ်ဖော်ကိုင်ဘက်များ မိတ်ရင်းဆွေရင်း များနှင့်လမ်းခွဲရတတ်သည်။စနေနံပစ္စည်းများဝင်လာလိမ့်မည်။ရေတွင်းရေကန်ကိစ္စများအောင်မြင်မည်ဖြစ်၏။လုပ်ငန်းများအောင်မြင်တော့မလိုလိုနှင့် အခက်အခဲကြီးစွာကြုံရတတ်၏

ကြီးကဲသူများ အထက်လူကြီးများကြောင့်စိတ်ညစ်ရတတ်၏။အလှူပွဲ မင်္ဂလာပွဲ အစီအစဉ်များ အထစ်အငေါ့ကြုံခြင်း ရက်ရွှေ့ခြင်းများ ဖြစ်ရတတ်၏။ အိမ်ထောင်ရှိလျင်အိမ်ထောင်ရေးအဆင်ပြေနေမည်။လက်ရှိအလုပ်အကိုင်ပြောင်းချင်စိတ် ဖြစ်ပေါ်နေမည်။ပြောင်းလျှင်ပိုဆိုးသွားတတ်၏။အစာအိမ်ဖြစ်ခြင်း ကျန်းမာရေးညံ့၍ ခြေထောက်၊ခါး၊သွား ဒုက္ခပေးခြင်းကြုံရတတ်၏။

ဤကာလအတွင်းအမှုအခင်း မဖြစ်စေရန် အထူးဂရုစိုက်ဖို့လို့ပေ၏။ဖြစ်ခဲ့လျှင်မပြီးနိုင်ပဲ ဖြစ်နေတတ်၏။ငွေနှင့်လိုက်လျှင်ရှုံးသွားတက်ပါ၏။ ပစ္စည်းမငှါးရမ်းပါနှင်။့ဆုံးသွားလိမ့်မည်။ဤကာလအတွင့် မည်သည့်အခက်အခဲနှင့် ကြုံသည်ဖြစ်စေ အားကိုးမရှာပါနှင့်။ဒုက္ခပေးမည့်သူများသာပေါ်လာတတ်၏။

အောက်လက်ငယ်သားထွက်သွားတတ်ခြင်း၊ကျန်းမာရေးညံံ့ခြင်းကြုံရတတ်၏။ထီဘက်၌ကံကောင်းသော အချိန်ဖြစ်ပါ၏။ပညာအသစ် တစ်ခုရတတ်၏။အိမ်ထောင်ဘက် ကျန်းမာရေးညံလိမ့်မည်။ဆေးရုံ၊ဆေးခန်းသွားရတတ်၏။ကျောဒုက္ခပေးခြင်း၊ကျော၌ကျန်းမာရေးညံ့ခြင်းရောဂါ ရခြင်းများဖြစ်တတ်၏။

“ယတြာ” စနေနေ့နံနက်တွင် အိမ်ဘုရား၌ မုန်ဖက်ထုပ် ၁၂ ထုပ်လှူ၍ လိုရာ ဆုတောင်းပါ။သခွားသီးတွင် သွားကြားထိုးတံ သက်စေ့စိုက်၍ ရေမျောပါ။

ဗုဒ္ဓဟူသားသမီးများအတွက်

သင်သည် ယခုနှစ်အတွင်း သင်တန်းတစ်ခုခုတက်ရခြင်း အဖွဲအစည်းတစ်ခုအတွင်း ဝင်ရောက်ရခြင်းများ ကြုံရတတ်၏။နားချိန်မရလောက်အောင်အလုပ်ရှုပ်နေလိ်မ့်မည်။လွန်စွာပင်ပန်းလိမ့်မည်။ကျန်းမာရေး ဂရုစိုက်သင့်သောကာလဖြစ်သည်။မည်သည့် အစားအသောက်ပဲ စားစားအရသာမရှိဘဲဖြစ်နေတတ်၏။

ဤကာလတွင်အမွေရခြင်း(သို)အမွေကဲ့သို့သော အမွေများ ပစ္စည်းများရခြင်းကြုံရတက်၏။ ဤကာလအတွင်း လက်ခံလိုက်လျှင် အလဟသ ကုန်သွားတက်၏။အထက်လူကြီး ကြီးကဲသူတို့က ကူညီမစ လိမ့်မည်။ဘာသာရေးနှင့် ပတ်သက်သော ပုံတော်များဝင်လာလိမ့်မည်။ပဥ္ဇင်းခံရတတ်ခြင်း၊သီလရှင်ဝတ်ရခြင်းများ ကြုံရတတ်၏။

အလုပ်တွင်မပျော်ပိုက်ဘဲ ဖြစ်နေတတ်၏။ပြောင်းရန်စိတ်မကူးပါနှင့်ဦး။ပြောင်းလျှင်လဲအဆင်မပြေနိုင်ပါ။ငွေဆုံးခြင်းပျောက်ခြင်းများကြုံရတက်၏။သူခိုးခိုးခံရတတ်၏။ရှိသောပစ္စည်းများကို ထုခွဲရောင်းချ၍ ငွေအကုန်အကျ များတတ်၏။ပြဿနာဟောင်းများ ရောဂါဟောင်းများပြန်ပေါ်ပေါက်တက်၏။ဆွေမျိုးသားချင်းထဲမှ နာရေးကြုံရတတ်၏။

အိမ်တွင်ကိုယ်ဝန်ဆောင်ရှိကဆေးရုံသို့ပို့ပါ။အိမ်၌မီးဖွားလျျှင် အဆင်မပြေဖြစ်တတ်၏။အိမ်ထောင်ရေးအဆင်မပြေမှုများတန်းစီနေတတ်၏။အလှူရက်မင်္ဂလာရက် ရက်ရွှေခြင်းကြုံရတတ်၏။လူငယ် လူရွယ်များမိန်းမခိုးခြင်း ယောကျ်ား နောက်လိုက်ခြင်းများလုပ်လျှင် ဆွေပျက်မျိုးပျက်ဖြစ်ကုန်တတ်သောကာလဖြစ်ပါသည်။

နိုင်ငံရပ်ခြားနှင့်ဆက်သွယ်သောကိစ္စများ လူမျိုးခြားင့်တွဲပီးလုပ်ရသော အလုပ်များ အောင်မြင်လိမ့်မည်၊သွေးအားနည်းခြင်း၊စိတ်ဓာတ်ကျခြင်း၊ခြေထောက်၊ခါး၊ကျန်းမာရေးည့ံခြင်းများကြုံရတတ်၏။မကောင်းသော အတတ်များနှင့် နှောက်ယှက်ခြင်းခံရတတ်၏။ရွှေဝင်ခြင်း ထွက်နေသော ရတနာပစ္စည်းများပြန်ဝင်ခြင်းများကြုံရမည်။ရောဂါ ဖြစ်တတ်၏။စိတ်ထောင်းကိုယ်ကျေ ဖြစ်နေလိမ့်မည်။

” ယတြာ ” တန်ခိုးကြီးဘုရားတွင် ထီးဖြူကြီး လှူရင်း လိုရာဆုတောင်းပါ။ ကံကော်ညွန့်၊သပြေညွန့်၊ ခြေရင်းထားအိပ်၍ ရေမျောပါ။

ကြာသပတေးသားသမီးများအတွက်

သင်သည်ယခုနှစ်အတွင် အလုပ်နေရာ အိမ်နေရာအသစ်ရခြင်၊နေရာထိုင်ခြင်း၊မွမ်းမံရခြင်း၊ပြောင်းရွှေရခြင်းများကြံူ ရတတ်၏။ခရီးတို၊ခရီးရှည်များ သွားနေရလိမ့်မည်။ထိုခရီးများသည်လဲ သင့်အတွက်အကျိုးထူးစေပါလိမ့်မည်။မထင်မှတ်ဘဲ ပညာတစ်ခုသင်ကြားရခြင်း၊သင်တန်းတစ်ခုတက်ရခြင်းများပြုရတတ်၏။

မရည်ရွယ်ဘဲ မြေဝင်တတ်၏။အလုပ်အကိုင်၌ ထိခိုက်တတ်၏။ပြသနာကြီးစွာဖြေရှင်းရတတ်၏။ရုံးပြင်ကန္နား၊အမှုအခင်းများနှင့်ပတ်သက်ရတတ်၏။မိမိနှင့်တကွမိသားစုပါ ကျန်းမာရေးညံ့တက်၏။ဆေးရုံ၊ဆေးခန်းရောက်ရတတ်၏။မီး၊လျှပ်စစ် ဒုက္ခပေးတတ်၏။အထူးသတိပြုပါ။လူမျိုးခြား ဒုက္ခပေးတတ်၏။

ရွေနှင့်ရတနာပစ္စည်းများ ထွက်ခြင်း၊ပေါင်နှံရခြင်းများ ကြုံရတတ်၏။ သားသမီးလက်အောက်ငယ်သားနှင့် ပက်သတ်ပြီး စိတ်ညစ်စရာ ကြုံရမည်။စက်ပစ္စည်း ဒုက္ခပေးတတ်၏။ငွေဒလဟော ထွက်ခြင်း၊ငွေအတွက်ပြောဆိုဖြေရှင်းရခြင်းများ ကြုံရမည်။မထင်မှတ်သော ဆွေမျိုးသားချင်းကအကူအညီကောင်းပေးလာလိမ့်မည်။

သစ်၊သံ၊သွပ်ကိစ္စများ၊ရေတွက်ကုန်ပစ္စည်းကိစ္စများ အောင်မြင်အကျိုးပေးလိမ့်မည်။ဌာနဆိုင်ရာ အကြီးအကဲ၊ဆွေမျိုးအကြီးအကဲတို့က အကူအညီကောင်းပေးလိမ့်မည်။ကျန်းမာရေးညံ့သော သက်ကြီးရွယ်အိုများ အိမ်သို့လာရောက်တည်းခိုလျှင် ဆုံးပါးသွားတတ်၏။ ခြေထောက်တွင် အန ္တရာယ်ဖြစ်တတ်၏။

လုပ်ငန်းအသစ်၊အစီအစဉ်အသစ်များ ပေါ်ပေါက်တတ်၏။ယခင်နှစ်များက ကျန်ခဲ့သော ရွှေ၊ငွေ၊ရတနာများ ယခုနှစ်ထဲတွင် ကုန်ဆုံးသွားတတ်၏။လောကဓံ တရား၏မတရားညင်းပန်း နှိပ်စက်မှုကိုခံရပီး မမျော်လင့်ပဲ သံဝေဂ တရားရလိမ့်မည်။အစိုးရနှင့်ပတ်သက်သော အမှူဖြစ်တတ်၏။

အစစ်အဆေး အမေးအမြန်းခံရတတ်၏။သောကြာသမီးတစ်ဦး ညအိမ်လာမှ သင်၏ဒုက္ခများ လွတ်ကင်းလိမ့်မည်။

“ယတြာ” စနေနေ့ညတွင် အဝတ်ဟောင်းဝတ်အိပ်၍ညမနက်တွင်ရေမျှောပါ။အုန်းကိုအချောသပ်၍ ထုံးဖြင့်”ဥုမ်”အက္ခရာရေးပြီး မီးထွန်းပါ။

သောကြာသားသမီးများအတွက်

ယုခုနှစ်အတွင်းသင်သည် စက်ပစ္စည်းများ စိန်ထည် ပစ္စည်းများဝင်မည်။လုပ်ငန်းသစ်လုပ်ရန်အကြံ အစည်ကောင်းများ အဆက်အသွယ်ကောင်းများပေါ်လာလိမ့်မည်။အလုပ်အကိုင်သစ်များ ပေါ်လာလိမ့်မည်။ဤကာလတွင် ပစ္စည်းများကိုထုခွဲရောင်းချ၍ လုပ်ငန်းသစ်ကြီးကြီးမားမားစရန်မကောင်းပါ။ငွေကံမကောင်းသေးပါ။

လာဘ်လဲအလွန်ပိတ်နေလိမ့်မည်။ထီးလဲမထိုးသင့်ပါ။ ထီပေါက်လျှင်မိသားစုအတွင်း ကျန်းမာရေး ဆိုးဆိုးရွားရွား ညံသွားတတ်၏။လူမျိုးခြားက အကူအညီပေးလိမ့်မည်အောက်လက်ငယ်သားတို့က အကူအညီပေးလိမ့်မည်။ဟိုဟာလုပ်ရကောင်းနိုးနိုးဒီဟာလုပ်ရကောင်းနိုးနိုးနှင့် အချိန်ကုန်သွားတတ်၏။

အမှားမှားအယွင်းယွင်းဆုံးဖြတ်မိတတ်၏။မကြာမီ ကံကောင်းဘက်သို့ရောက်တော့မည်။လောလောဆယ်သတိထား၍သည်းခံလိုက်ပါ။မသွားချင်သောခရီးများစိတ်ညစ်စရာခရီးများ သွားလာရတတ်၏။အထက်လူကြီး ဆွေမျိုးအကြီးအကဲတို့က မိမိအပေါ်အထင်လွဲတတ်သည်။သားသမီးများ ကျန်းမာရေးညံတတ်၏။

ရွှေထွက်မည် အိမ်ခန်းဆိုင်ခန်းကိစ္စများ အောင်မြင်မည်။ကန်တော့ပွဲ နတ်အုန်းသီးတို့မှ အစို့ပေါက်လိမ့်မည်။ခြေလက်မျက်ခြင်း ခါးနာခြင်းများ ဖြစ်တတ်၏။စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်ပေါက်လိမ့်မည်။လုပ်လျှင်အောင်မြင်မည်။ဘိုးတော်တု ဆရာတုများရောက်လာတတ်၏။ငွေလူလိမ်ခံရမည်။

ခင်မင်သူ ချစ်သူကြောင့် ဒုက္ခတွေတတ်သည်။မိတ်ဆွေအပေါင်းအသင်းများနှင်မမျော်လင့်ပဲ လမ်းခွဲရတတ်၏။သားသမီးရှိက အိမ်မှထွက်သွားလိမ့်မည်။ဤအချိန်အခါသည်”အဖေကိုကာပြန်ဖူးသော သီဟဗာဟု”ကဲ့သို့ဖြစ်နေလိမ့်မည်။

ယတြာ အုန်းစိမ်း အဝလှပ်၍ အရည်စစ်ပါ။ဆားလက်သုံးဆုပ်ထည့်ပြီး ညောင်ပင်ကြီးကြီးမှ ရုက္ခစိုးတွင် လှူရင်း လိုရာဆုတောင်းပါ။

စနေသားသမီးများအတွက်

သင်သည် ယခုနှစ်အတွင်း၌ အဘက်ဘက်မှာ စိတ်ချမ်းသာစရာများ ကြုံတွေ့ရလိိ့မည်။ပျော်ပွဲ ရွှင်ပွဲများသို့သွားခြင်း၊ကလေးများကိုရုပ်ရှင် ပြသခြင်းများပြုလုပ်ရမည်။လုပ်ငန်းသစ်များ စလုပ်ရတတ်သည်။ထိုလုပ်ငန်းများသည်လည်း လွန်စွာအကျိုးပေးအောင်မြင်မည်။ငွေအလွန်ရွှင်နေမည့် ကာလဖြစ်သည်။

အလှူအတန်းပြုရခြင်း၊မင်္ဂလာပွဲများ စီစဉ်ပေးရခြင်းများ ပြုလုပ်ရတတ်သည်။အလုပ်နေရာ အိမ်နေရာ ပြောင်းရွှေ့ရတတ်၏။ရွှေဝင်မည် ရတနာပစ္စည်းများဝင်မည်။ဘုရားဆင်းတုတော် ပုံတော်များ ကြွလာမည်။သင့်အတွက်အလွန်ကောင်းသော နိမိတ်ဖြစ်ပါသည်။

ဤကာလအတွင်း စီးပွားအလွန်ကောင်းသကဲ့သို့ ကို်ယ်ကျင့်တရားအထူးအရေးကြီးသော အချိန်ဖြစ်ပါသည်။ကို်ယ်ကျင့်တရားပျက်သော် နှစ်ရည်ဒုက္ခတွေ့တတ်၏။အမှုအခင်းဖြစ်နေသူကို ငွေမချေးပါနှင့်။အာမခံ မလိုက်ပါနှင့်။ သတိပြုရှောင်ကျဉ်ပါ။

အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဘက်နှင့် အဆင်မပြေကြီးစွာဖြစ်တတ်၏။အောက်လက်ငယ်သား ဒုက္ခပေးတတ်၏။နာရေး ကိစ္စကို အကြောင်းပြု၍ခရီးသွားရတတ်၏။ကတိစကားများ ပျက်တတ်၏။ဆရာသမား ကဲ့သို့သောပုဂ္ဂိုလ်များနှင့် အဆင်မပြေဖြစ်မည်။

လုပ်ဖော်ကိုင်ဖက်များ၊မိတ်ဆွေများနှင့်အဆင်မပြေ လမ်းခွဲရတတ်၏။အစားမှား၊ဆေးမှားဖြစ်ချင်း သွား ဒုက္ခပေးခြင်းများကြုံမည်။မြေကိစ္စအမွေကိစ္စများ ကြုံမည်။ရေတွင်း၊ရေကန်ကိစ္စ များဆောင်ရွက်လျှင်အောင်မြင်မည်။ခရီးကိစ္စများ အထစ်အငေါ့ အဆင်မပြေ ဖြစ်တတ်၏။

“ယတြာ” မွေးနေ့ နံနက်တွင် တန်ခိုးကြီးဘုရားသို့သွား၍ ရောင်စုံကြက်လျှာ ၆ လက်လှူရင်း လိုရာဆုတောင်းပါ။ ဆိတ်သားဟင်းနှင့် ထမင်းကြမ်း နယ်၍ ခွေးကြွေးပါ။

ရာဟုသားသမီးများအတွက်

သင်သည် ယခုနှစ်ပိုင်းအတွင်း မိဘကို ကောင်းစွာ ပြုစုစောင့်ရှောက်နိုင်မည့် အချိန်ဖြစ်၏။စီးပွား သိသိသာသာ တက်မည်။သိကြား မလိုက်သကဲ့သို့ လက်ရှိအခြေအနေထက်များစွာမြင့်တက်သွားမည်။လုပ်ငန်းများ သိသိသာသာ အောင်မြင်မှုရမည်။

ဘုရားဖူးခရီးများ စိတ်ချမ်းသာခရီးများ ပြည်တွင်ပြည်ပ ခရီးများသွားရတတ်၏။ဝန်ထမ်းဖြစ်လျှင် ရာထူး တတ်ခြင်း၊အခြေအနေ အဆင့်အတန်း မြင့်မားခြင်းများကြုံမည်။သင်တန်းတစ်ခုတက်ရခြင်း၊ပညာကောင်းရခြင်းများကြုံမည်။မိတ်ဆွေကောင်း၊ဆရာကောင်းများ တွေ့မည်။အဖိုးတန် ပစ္စည်းများဝင်မည်။

မြေကိစ္စ အမွေကိစ္စ အဆင်ပြေမည်။ငွေရှာရလွယ်ခြင်း၊ငွေအဝင်အထွက်ကြမ်းခြင်းများကြုံလိမ့်မည်။ရပ်ဝေးမှ စာများ၊အဆက်အသွယ်များ ရမည်။ရန်များခြင်း၊စကားများဖြေရှင်ရခြင်း၊ရင်းနှီးသူအားလုပ်ဖေါ်ကိုင်ဘက်များနှင့်အဆင်မပြေ လမ်းခွဲရခြင်းများကြုံမည်။စိုးရိမ်ရလောက်အောင်မဟုတ်ပါ။

အလုပ်နှင့်ပတ်သက်၍ ကောင်းသောအပြောင်းအလဲများ နေရာကောင်းရခြင်းများ ကြုံမည်။အမှုအခင်း ရုံးပြင်ကန္တား နှင့်ပတ်သက်ရတတ်၏။စိုးရိမ်စရာမရှိပါ။အိမ်ထောင်ရှိသူးဆိုလျှင် အိမ်ထောင်ဘက်အတွက် စိတ်ညစ်ရတတ်၏။ဆွေမျိုးသားချင်းများကျန်းမာေ အသည်းအသန် ဖြစ်တတ်၏။

လမည့်မွေးလ၊မွေးရက်အထိ၊အသုဘရှောင်ခြင်း၊သချႋင်းမြေ နင်းခြင်းများ မလုပ်ပါနှင့်အထူးသတိပြုပါ။နှလုံးနှင့်ပတ်သက်၍ ကျန်းမာရေးညံခြင်း လေနှင့်ပတ်သက်၍ ကျန်းမာရေးညံခြင်း ဒူး၊နား ဒုက္ခပေးခြင်းများ ကြုံရတတ်၏။စပ်တူရှယ်ယာ လုပ်ငန်းများပေါ်လာလိမ့်မည် လုပ်လျှင်အောင်မြင်မည်။

ကိုယ်ပိုင်လုပ်ငန်းဖြစ်စေ၊ဝန်ထမ်းဖြစ်စေ ကြီးပွားတိုးတက်အောင်မြင်မည့် ကာလဖြစ်ပါ၏။အုန်းအစို့ပေါက်တတ်၏။

“ယတြာ” ကြာသပတေး နေ့ နံနက်တွင် အိမ်ဘုရား၌ စမူဆာ တစ်ပွဲဆွမ်းတော် ကပ်ရင်း လိုရာဆုတောင်းပါ။ ထန်းလျက်ခဲ ခွေးကြွေးပါ။

မိတ်ဆွေများအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာပြီး ဘဝမှာအခက်ခဲမရှိအောင်းမြင်သောနေ့ရက်များစွာကို ပိုင်ဆိုင်နိုင်ကြပါစေ….။