ရီးယဲလ်မက်ဒရစ်အသင်းသည် မန်ယူအသင်းကွင်းလယ်လူ ပေါ့ဘာအား ခေါ်ယူရန်အတွက် ပေါင် (၈၅)သန်း+ဂါရတ်ဘေးလ်ဖြင့် ကမ်းလှမ်းရန် စီစဉ်နေကြောင်း စပိန်အားကစားသတင်းစာ Eldesmarque က ဖော်ပြခဲ့သည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် မန်ယူအသင်းကွင်းလယ်လူ ပေါ့ဘာအား ခေါ်ယူရန်အတွက် ပေါင် (၈၅)သန်း+ဂါရတ်ဘေးလ်ဖြင့် ကမ်းလှမ်းရန် စီစဉ်နေကြောင်း စပိန်အားကစားသတင်းစာ Eldesmarque က ဖော်ပြခဲ့သည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလတွင် ပေါ့ဘာအား ခေါ်ယူရန် ကြိုးစားခဲ့သော်လည်း မန်ယူအသင်းက ပေါ့ဘာကို ပေါင်သန်း (၁၈၀) စျေးနှုန်းသတ်မှတ်ခဲ့သဖြင့် ခေါ်ယူနိုင်ခဲ့ခြင်း မရှိပေ။
သို့သော် ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းသည် ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာကို အသည်းအသန်းခေါ်ယူလိုနေပြီး အသင်းတွင် သူအလိုမရှိသည့် ဂါရတ်ဘေးလ်ကို အလိုက်ပေးကမ်းလှမ်းရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် ပေါ့ဘာကို ကမ်းလှမ်းရာတွင် ဂါရတ်ဘေးလ်အပြင် ပေါင် (၈၅)သန်းပါ ပေးချေမည်ဖြစ်ပြီး စာချုပ်သက်တမ်းအနေအထားအရ မန်ယူအသင်းအနေဖြင့် ယင်းကမ်းလှမ်းမှုကို လက်ခံသွားဖွယ်ရှိနေကြောင်းလည်း Eldesmarque က ဖော်ပြခဲ့သည်။
မန်ယူအသင်းနှင့် ပေါ့ဘာ၏ လက်ရှိစာချုပ်မှာ ၂၀၂၁ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ပြီး အသင်းနှင့် စာချုပ်သက်တမ်းတိုးဖွယ်မရှိသည့် ပေါ့ဘာကို ထိုက်တန်သည့် ကမ်းလှမ်းမှုရှိလာပါက မန်ယူအသင်းအနေဖြင့် လက်လွှတ်ဖွယ်ရှိနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။
အသက် (၂၆)နှစ်အရွယ်ရှိ ပေါ့ဘာသည် ယခုရာသီတွင် ဒဏ်ရာပြဿနာများဖြင့် ရုန်းကန်နေရပြီး မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ (၆)ပွဲသာ ကစားနိုင်ခဲ့သည်။















