အေဘရာဟမ်နှင့် တိုမိုရီတို့ကို စာချုပ်သစ်ချုပ်ဆိုရန် လမ်းပတ် အလိုရှိ

အေဘရာဟမ်နှင့် တိုမိုရီတို့ကို စာချုပ်သစ်ချုပ်ဆိုရန် လမ်းပတ် အလိုရှိ
Photos: Getty Images
Photos: Getty Images
Published 27 October 2019

ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်က မိမိအနေဖြင့် အသင်းလူငယ်ကစားသမားများဖြစ်သည့် တိုက်စစ်မှူး အေဘရာဟမ်နှင့် နောက်ခံလူ တိုမိုရီတို့ကို စာချုပ်သစ်ချုပ်ဆိုရန် အလိုရှိနေကြောင်း ပြောကြားခဲ့သည်။ 

ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်က မိမိအနေဖြင့် အသင်းလူငယ်ကစားသမားများဖြစ်သည့် တိုက်စစ်မှူး အေဘရာဟမ်နှင့် နောက်ခံလူ တိုမိုရီတို့ကို စာချုပ်သစ်ချုပ်ဆိုရန် အလိုရှိနေကြောင်း ပြောကြားခဲ့သည်။ 

လမ်းပတ်သည် လူငယ်ကစားသမားများဖြစ်သည့် အေဘရာဟမ်နှင့် တိုမိုရီတို့ကို ယခုရာသီတွင် ချယ်လ်ဆီးအသင်း၌ နေရာပေးခဲ့ပြီး ယင်းကစားသမား (၂)ဦးစလုံးမှာ ခြေစွမ်းပြနေကြသည်။ 

လမ်းပတ်က မိမိအနေဖြင့် အေဘရာဟမ်နှင့် တိုမိုရီတို့ကို အသင်းတွင် ကာလရှည်ဆက်ရှိနေရန် အလိုရှိနေသော်လည်း စာချုပ်ကိစ္စကို အသင်းတာဝန်ရှိသူများကသာ ဆုံးဖြတ်လိမ့်မည်ဟု ပြောကြားခဲ့သည်။ 

လမ်းပတ်က "ကျွန်တော်ကတော့ အေဘရာဟမ်နဲ့ တိုမိုရီတို့ကို အသင်းမှာ ဆက်ရှိနေစေချင်ပါတယ်။ ဒါပေမဲ့ စာချုပ်ကိစ္စက ကျွန်တော် ဆောင်ရွက်ရမယ့်အရာ မဟုတ်ပါဘူး။ အသင်းတာဝန်ရှိသူတွေက လုပ်ဆောင်ကြမှာပါ။ အေဘရာဟမ်နဲ့ တိုမိုရီတို့ကို ကျွန်တော် သဘောကျတယ်ဆိုတာ အသင်းက သိပါတယ်။ ကျွန်တော့်အနေနဲ့ သူတို့ကို ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ပွဲထုတ်ခဲ့ပြီး သူတို့ကလည်း အကောင်းဆုံးစွမ်းဆောင်ကြပါတယ်။ ဒါကြောင့် သူတို့ကို အသင်းမှာ နှစ်တွေအကြာကြီး ရှိနေစေချင်ပါတယ်"ဟု ပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ယခုရာသီတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ (၈)ဂိုးအထိ သွင်းယူထားသည့် အင်္ဂလန်လူငယ်တိုက်စစ်မှူး အေဘရာဟမ်ကို တစ်ပတ်လစာ ပေါင် (၁၀၀၀၀၀)ဖြင့် စာချုပ်သက်တမ်းတိုးရန် စီစဉ်နေသည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။ 

ထို့ပြင် ချယ်လ်ဆီးအသင်းသည် အသင်းနောက်တန်း၌ ခြေစွမ်းပြနေသည့် အသက် (၂၁)နှစ်အရွယ်ရှိ အင်္ဂလန်လူငယ်နောက်ခံကစားသမား တိုမိုရီကိုလည်း စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရသည်။

 

Most Read

Most Recent