ဘွန်ဒစ်လီဂါပြိုင်ပွဲသမိုင်းတွင် ရာသီအဖွင့် (၉)ပွဲဆက် ဂိုးသွင်းသူအဖြစ် လီဝန်ဒေါစကီး မှတ်တမ်းဝင်

ဘွန်ဒစ်လီဂါပြိုင်ပွဲသမိုင်းတွင် ရာသီအဖွင့် (၉)ပွဲဆက် ဂိုးသွင်းသူအဖြစ် လီဝန်ဒေါစကီး မှတ်တမ်းဝင်
Photo: Getty Images
Photo: Getty Images
Published 27 October 2019

ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး လီဝန်ဒေါစကီးသည် ဘွန်ဒစ်လီဂါပြိုင်ပွဲသမိုင်းတွင် ရာသီအဖွင့် (၉)ပွဲဆက် ဂိုးသွင်းနိုင်သည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး လီဝန်ဒေါစကီးသည် ဘွန်ဒစ်လီဂါပြိုင်ပွဲသမိုင်းတွင် ရာသီအဖွင့် (၉)ပွဲဆက် ဂိုးသွင်းနိုင်သည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

လီဝန်ဒေါစကီးသည် စနေနေ့က ကစားခဲ့သည့် ဘွန်ဒစ်လီဂါပွဲစဉ် ဘိုင်ယန်မြူးနစ် (၂-၁) အူန်ယွန်းဘာလင်ပွဲတွင် ဘိုင်ယန်မြူးနစ်အသင်းအတွက် ပွဲချိန် (၅၃)မိနစ်တွင် ဒုတိယဂိုးကို သွင်းယူပေးခဲ့သည်။ 

ယင်းမှာ လီဝန်ဒေါစကီးအတွက် ဘွန်ဒစ်လီဂါပြိုင်ပွဲတွင် ရာသီအဖွင့် (၉) ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅-၁၆ ရာသီက ရာသီအဖွင့် (၈)ပွဲဆက် ဂိုးသွင်းနိုင်ခဲ့သည့် ဒေါ့မွန်တိုက်စစ်မှူး အူဘာမီယန်း(လက်ရှိ အာဆင်နယ်အသင်းတိုက်စစ်မှူး)၏ စံချိန်ကိုကျော်ဖြတ်ကာ ပြိုင်ပွဲသမိုင်းတွင် ရာသီအဖွင့် (၉)ပွဲဆက် ဂိုးသွင်းနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။

အသက် (၃၁)နှစ်အရွယ်ရှိ ပိုလန်ဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးသည် ယခုရာသီတွင် ဘိုင်ယန်မြူးနစ်အသင်းအတွက် ဘွန်ဒစ်လီဂါ (၉)ပွဲတွင် (၁၃)ဂိုးအထိ သွင်းယူပေးထားသလို၊ ပြိုင်ပွဲစုံ (၁၃)ပွဲတွင် (၁၉) ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သည်။

လီဝန်ဒေါစကီးသည် ယခုရာသီတွင် ဘွန်ဒစ်လီဂါပြိုင်ပွဲ၌ ရာသီအဖွင့် (၉)ပွဲဆက် ဂိုးသွင်းနိုင်ခဲ့သလို၊ အသင်းအတွက် ယခုအစ ပြိုင်ပွဲစုံ (၁၃)ပွဲတွင် ပွဲတိုင်း ဂိုးသွင်းနိုင်ခဲ့သည်။

လီဝန်ဒေါစကီးသည် ၂၀၁၄ ခုနှစ်တွင် ဒေါ့မွန်အသင်းမှ ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရောက်ရှိလာသူဖြစ်ပြီး (၆)ရာသီအတွင်း ပြိုင်ပွဲစုံ (၂၅၆)ပွဲတွင် ဂိုး (၂၁၀)အထိ သွင်းယူပေးထားသည်။ 

Most Read

Most Recent