ဘရာဇီးလ်အသင်းအတွက် ရိုဒရီဂို ပထမဆုံးအကြိမ် ရွေးချယ်ခံရ

ဘရာဇီးလ်အသင်းအတွက် ရိုဒရီဂို ပထမဆုံးအကြိမ် ရွေးချယ်ခံရ
Photo: AS
Photo: AS
Published 26 October 2019

ရီးယဲလ်အသင်း၏ လူငယ်ကြယ်ပွင့်ကစားသမား ရိုဒရီဂိုသည် နိုဝင်ဘာလအတွင်း ခြေစမ်းပွဲကစားမည့် ဘရာဇီးလ်အသင်း လူစာရင်းတွင် ပထမဆုံးအကြိမ် ရွေးချယ်ခံရကြောင်း သိရသည်။

ရီးယဲလ်အသင်း၏ လူငယ်ကြယ်ပွင့်ကစားသမား ရိုဒရီဂိုသည် နိုဝင်ဘာလအတွင်း ခြေစမ်းပွဲကစားမည့် ဘရာဇီးလ်အသင်း လူစာရင်းတွင် ပထမဆုံးအကြိမ် ရွေးချယ်ခံရကြောင်း သိရသည်။

ဘရာဇီးလ်အသင်းသည် နိုဝင်ဘာ (၁၅) ရက်တွင် ဆော်ဒီအာရေဗျနိုင်ငံ၌ ဒေသတွင်း အစဉ်အလာကြီးမားသည့်ပြိုင်ဘက် အာဂျင်တီးနားနှင့်လည်းကောင်း၊ နိုဝင်ဘာ (၁၉) ရက်တွင် ယူအေအီးနိုင်ငံ၌ တောင်ကိုရီးယားနှင့် လည်းကောင်း ခြေစမ်းကစားမည်ဖြစ်သည်။ 

ယင်းခြေစမ်းပွဲနှစ်ပွဲအတွက် ကစားသမား (၂၃) ဦးစာရင်းတွင် ရိုဒရီဂို ပထမဆုံးအကြိမ်  ရွေးချယ်ခံရခြင်းဖြစ်ပြီး ၎င်း၏ရီးယဲလ်အသင်းဖော် ဗင်နီစီယပ်စ်မှာမူ ချန်လှပ်ခံခဲ့ရသည်။ 

ထို့ပြင် ယခုလအတွင်း နိုင်ဂျီးရီးယားအသင်းနှင့် ကစားခဲ့သည့် ခြေစမ်းပွဲတွင် ဒဏ်ရာရရှိခဲ့သည့် PSG အသင်းတိုက်စစ်မှူး နေမာမှာလည်း ယခုစာရင်းတွင်ပါဝင်ခဲ့ခြင်းမရှိကြောင်း သိရသည်။

အသက် (၁၈)နှစ်အရွယ်ရှိ ဘရာဇီးလ်လူငယ်တိုက်စစ်ကစားသမား ရိုဒရီဂိုသည် ယခုရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းအတွက် ပြိုင်ပွဲစုံ (၃)ပွဲကစားထားပြီး (၁) ဂိုး သွင်းယူပေးထားသည်။ 

Most Read

Most Recent