သောမတ်စ်မူလာအား ခေါ်ယူရန် မန်ယူအသင်း စောင့်ကြည့်နေ

သောမတ်စ်မူလာအား ခေါ်ယူရန် မန်ယူအသင်း စောင့်ကြည့်နေ
Photo: Getty Images
Photo: Getty Images
Published 25 October 2019

မန်ယူအသင်းသည် ဘိုင်ယန်မြူးနစ်အသင်း၏ ဂျာမနီဝါရင့်တိုက်စစ်မှူး သောမတ်စ်မူလာကို ခေါ်ယူရန် စောင့်ကြည့်နေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

မန်ယူအသင်းသည် ဘိုင်ယန်မြူးနစ်အသင်း၏ ဂျာမနီဝါရင့်တိုက်စစ်မှူး သောမတ်စ်မူလာကို ခေါ်ယူရန် စောင့်ကြည့်နေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

အသက် (၃၀)နှစ်အရွယ်ရှိ သောမတ်စ်မူလာသည် ယခုရာသီတွင် ဘိုင်ယန်မြူးနစ်အသင်း၌ ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရပြီး နည်းပြ ကိုဗက်က ၎င်းကို အရန်အဖြစ်သာ အသုံးပြုနေခြင်းကို စိတ်ပျက်နေကြောင်း သိရသည်။

သောမတ်စ်မူလာသည် ယခုရာသီတွင် ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြိုင်ပွဲစုံ (၁၂)ပွဲ ပါဝင်ကစားခွင့်ရထားသော်လည်း အများစု လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ခြင်းဖြစ်သည်။ 

ထို့ကြောင့် သောမတ်စ်မူလာက မိမိအနေဖြင့် ယခုကဲ့သို့ ပွဲကစားခွင့်နည်းပါးနေမည်ဆိုလျှင် အသင်းမှထွက်ခွာဖွယ်ရှိသည်ဟု ပြောကြားခဲ့သည်။ 

မန်ယူအသင်းသည် သောမတ်စ်မူလာအား ခေါ်ယူရန် ယခင်ကတည်းက ကြိုးပမ်းခဲ့ဖူးပြီး ယခုအခါ ၎င်း၏အခြေအနေကို စောင့်ကြည့်နေကြောင်း သိရသည်။ 

ဘိုင်ယန်မြူးနစ်အသင်းနှင့် သောမတ်စ်မူလာ၏ လက်ရှိစာချုပ်မှာ ၂၀၂၁ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ၎င်းကို ခေါ်ယူရန် မန်ယူအသင်းနှင့်အပြိုင် အင်တာမီလန်အသင်းကပါ စိတ်ဝင်စားနေကြောင်း သိရသည်။ 

မန်ယူအသင်းသည် ယခုရာသီတွင် ရုန်းကန်နေရသည့် အသင်း၏တိုက်စစ်ပိုင်းကို အားဖြည့်ရန်အတွက် သောမတ်စ်မူလာအပြင် ဂျူဗင်တပ်စ် ၀ါရင့်တိုက်စစ်မှူး မန်ဇူကစ်(၃၃ နှစ်)နှင့် လိုင်ယွန်တိုက်စစ်မှူး မူဆာဒမ်ဘီလီ(၂၃ နှစ်)တို့ကိုပါ စောင့်ကြည့်နေကြောင်း သိရသည်။

 

Most Read

Most Recent