လီဗာပူးလ်နှင့်ဆုံတွေ့တိုင်း မန်ယူအသင်း ခံစစ်သာကစားသည်ဟု ကလော့ပ် ဝေဖန်

လီဗာပူးလ်နှင့်ဆုံတွေ့တိုင်း မန်ယူအသင်း ခံစစ်သာကစားသည်ဟု ကလော့ပ် ဝေဖန်
Published 21 October 2019

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က မန်ယူအသင်းမှာ ၎င်းတို့အသင်းနှင့်ဆုံတွေ့တိုင်း ခံစစ်ကိုသာ အားပြုကစားလွန်းသည်ဟု ပွဲအပြီးတွင် ဝေဖန်ခဲ့သည်။

 

'' ဒီနှစ်၊ ပြီးခဲ့တဲ့နှစ်နဲ့ တမြန်နှစ်ကရော သူတို့ ခံစစ်ပဲ အဓိကကစားခဲ့ပါတယ်။ ဘယ်လိုအနေအထားလဲဆိုတာ ပြောပြတာပါ။ ကောင်းပါပြီ။ ကျွန်တော် ဝေဖန်တိုက်ခိုက်နေတာ မဟုတ်ပါဘူး။ ဒါက အချက်အလက်တစ်ခုသာဖြစ်ပါတယ်။ မန်ယူဟာ လီဗာပူးလ်နဲ့ဆုံတွေ့တိုင်း ပရိသတ်တွေ တွေးထားတာက နှစ်သင်းစလုံး ကြိုးကြိုးစားစား ကစားတယ်ပေါ့။ ဒါပေဲ့ ဒီလိုမဟုတ်ပါဘူး။ ကျွန်တော်တို့သာ ကြိုးစားကစားတာပါ''ဟု ကလော့ပ်က ပြောကြားခဲ့သည်။

ယာဂန်ကလော့ပ်လက်ထက် အိုးလ်ထရက်ဖို့ဒ်ကွင်းသို့ လာရောက်ကစားသည့် (၅)ပွဲစလုံး နိုင်ပွဲပျောက်ဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဆိုးလ်ရှားမှာ ကလော့ပ် တစ်ပွဲနှင့်အထက် ရင်ဆိုင်ဖူးသည့်နည်းပြများထဲတွင် အနိုင်မယူဖူးသေးသည့် တစ်ဦးတည်းသောနည်းပြဖြစ်ပြီး တွေ့ဆုံသည့် (၂)ပွဲစလုံး သရေကျခဲ့သည်။

လီဗာပူးလ်အသင်းသည် မန်စီးတီးအသင်း၏ ပရီးမီးယားလိဂ်(၁၈)ပွဲဆက်အနိုင်ရသည့်မှတ်တမ်းကို လိုက်မီရန် (၁)ပွဲသာ လိုအပ်သော်လည်း ယခုပွဲရလဒ်ကြောင့် ရည်မှန်းချက် ကျိုးပျက်ခဲ့ရသည်။

 

Most Recent