ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် သမိုင်းတစ်လျှောက် အနီကတ်၊ အဝါကတ် အများဆုံးပြသခံရသည့်အသင်းအဖြစ် ချယ်လ်ဆီး ဦးဆောင်

ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် သမိုင်းတစ်လျှောက် အနီကတ်၊ အဝါကတ် အများဆုံးပြသခံရသည့်အသင်းအဖြစ် ချယ်လ်ဆီး ဦးဆောင်
Photo: Getty Images
Photo: Getty Images
Published 17 October 2019

 

ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် သမိုင်းတစ်လျှောက် အနီကတ်၊ အဝါကတ် အများဆုံးပြသခံရသည့်အသင်းအဖြစ် ဦးဆောင်နေကြောင်း သိရှိရသည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲကို ၁၉၉၂-၉၃ ရာသီတွင် စတင်ခဲ့ခြင်းကြောင့် စုစုပေါင်း(၂၇)ရာသီ ယှဉ်ပြိုင်ပြီးခဲ့ပြီဖြစ်သလို၊ ယခုရာသီတွင် (၈)ပွဲ ကစားပြီးပြီဖြစ်၍ ချယ်လ်ဆီးအသင်းနှင့်အတူ ရာသီတိုင်း ယှဉ်ပြိုင်ခွင့်ရခဲ့သည့်အသင်းများမှာ စုစုပေါင်း(၁၀၄၆)ပွဲစီ ယှဉ်ပြိုင်ကစားပြီးခဲ့ပြီဖြစ်သည်။



ထိုကဲ့သို့ ယှဉ်ပြိုင်ခဲ့သည့်ပွဲများ၌ ပြသခံခဲ့ရသော အနီကတ်၊ အဝါကတ်များကို အနီကတ်တစ်ကတ်လျှင် (၂၅)မှတ်၊ အဝါကတ်တစ်ကတ်လျှင် (၁၀)မှတ်နှုန်းဖြင့် တွက်ချက်လိုက်ရာ ချယ်လ်ဆီးအသင်းသည် (၁၈၃၆၀)မှတ်ဖြင့် ဦးဆောင်ခဲ့ခြင်းဖြစ်သည်။

ချယ်လ်ဆီး၏နောက်တွင် အဲဗာတန်အသင်းက (၁၈၂၄၅)မှတ်ဖြင့် ဒုတိယလိုက်ခဲ့ပြီး အာဆင်နယ်က အဆင့်(၃)နေရာ၊ စပါးက အဆင့်(၄)နေရာ၊ မန်ယူက အဆင့်(၅)နေရာ ရရှိခဲ့ကြောင်းလည်း သိရှိရသည်။



သို့သော် ကစားခဲ့သည့် ပွဲအရေအတွက်နှင့် ပြသခံခဲ့ရသည့် အနီကတ်၊ အဝါကတ်ရမှတ်များကို အချိုးချကြည့်လျှင်မူ ဒါဘီအသင်းက တစ်ပွဲပျမ်းမျှရမှတ် (၂၁.၈)မှတ်ဖြင့် အများဆုံးဖြစ်ခဲ့ကြောင်းလည်း သိရှိရသည်။

ယင်းကဲ့သို့ ပျမ်းမျှရမှတ်ဖြင့် နှိုင်းယှဉ်လျှင်မူ ချယ်လ်ဆီးအသင်းသည် အဆင့်(၁၇)နေရာသာ ရရှိခဲ့ပြီး ဒါဘီ၏နောက်၌ ဆန်းဒါးလန်း၊ ဟားလ်စီးတီး၊ ဝက်ဖို့ဒ်၊ ဘန်စလေ၊ စတုတ်စီးတီး၊ ဘော်လ်တန်တို့ အစဉ်လိုက်ရပ်တည်ခဲ့ကြသည်။

 

 

Most Read

Most Recent