အောက်တိုဘာ ၁၁ ရက်က ယှဉ်ပြိုင် ကစားသည့် ယင်းပွဲတွင် အိမ်ရှင်တူရကီအသင်းက တိုက်စစ်မှူး တိုဆွန်၏ မိနစ် ၉၀ သွင်းဂိုးဖြင့် အနိုင်ရခဲ့ပြီး ကစားသမားများအနေဖြင့် အောင်ပွဲခံရာတွင် အလေးပြုသည့် ပုံစံပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) သည် တူရကီ-အယ်လ်ဘေးနီးယား ယူရိုခြေစစ်ပွဲတွင် တူရကီကစားသမားများအနေဖြင့် အလေးပြုသည့်ပုံစံ အောင်ပွဲခံခဲ့ခြင်းအတွက် စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၁၁ ရက်က ယှဉ်ပြိုင် ကစားသည့် ယင်းပွဲတွင် အိမ်ရှင်တူရကီအသင်းက တိုက်စစ်မှူး တိုဆွန်၏ မိနစ် ၉၀ သွင်းဂိုးဖြင့် အနိုင်ရခဲ့ပြီး ကစားသမားများအနေဖြင့် အောင်ပွဲခံရာတွင် အလေးပြုသည့် ပုံစံပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းဓာတ်ပုံကို တူရကီအသင်း၏ Twitter တွင်လည်း တင်ထားပြီး "ဒီနိုင်ပွဲကို ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ စစ်သည်တွေ၊ ကျဆုံးသွားပြီဖြစ်တဲ့ အာဇာနည်တွေအတွက် ရည်ရွယ်ပါတယ်" ဟု ရေးသားထားသည်။ သို့ဖြစ်ရာ တူရကီအသင်းသည် နိုင်ငံရေး (သို့မဟုတ်) ဘာသာရေးဖြင့် မရောထွေးရသည့်စည်းမျဉ်း ချိုးဖောက်မှုကြောင့် အရေးယူခံရဖွယ်ရှိနေသည်။