ဆီးရီးယားနှင့်ပတ်သက်ပြီး အမေရိကန်၏ရှုပ်ထွေးသော အချက်ပြမှုများကို ရုရှားက သတိပေး

ဆီးရီးယားနှင့်ပတ်သက်ပြီး အမေရိကန်၏ရှုပ်ထွေးသော အချက်ပြမှုများကို ရုရှားက သတိပေး
အောက်တိုဘာ ၈ ရက်တွင် ဆီးရီးယားနှင့်ထိစပ်နေသော နယ်စပ်သို့ သွားရောက်နေသော တူရကီစစ်ကားများကို တွေ့ရစဉ်
အောက်တိုဘာ ၈ ရက်တွင် ဆီးရီးယားနှင့်ထိစပ်နေသော နယ်စပ်သို့ သွားရောက်နေသော တူရကီစစ်ကားများကို တွေ့ရစဉ်
Published 9 October 2019
Ref: AFP

ဆီးရီးယားမြောက်ပိုင်းမှ အမေရိကန်တပ်ဖွဲ့ဝင်များ ရုပ်သိမ်းမှုနှင့်ပတ်သက်ပြီး ၀ါရှင်တန်၏ ရှုပ်ထွေးသောအချက်ပေးမှုများ၏ အန္တရာယ်ကို ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ရော့ဗ်က အောက်တိုဘာ ၉ ရက်တွင် သတိပေးခဲ့သည်။

ကာ့ဒ်တပ်ဖွဲ့ဝင်များကို ကာလကြာ တိုက်ခိုက်မှုမှ တားဆီးရန် ကြားခံဇုန်တစ်ခုတွင် တာဝန်ထမ်းဆောင်နေသည့် အမေရိကန်တပ်ဖွဲ့ဝင်များကို ပြန်လည်ရုပ်သိမ်းမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အောက်တိုဘာ ၇ ရက်တွင် ကြေညာခဲ့ပြီးနောက် တူရကီက ဆီးရီးယားမြောက်ပိုင်းသို့  ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည်။

၎င်း၏ အံ့အားသင့်ဖွယ် ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် သဘောထားအမျိုးမျိုး ပြောင်းလဲနေသည့် ထရန့်က ဆီးရီးယားမြောက်ပိုင်းမှ တပ်ဖွဲ့ဝင်များကို ပြန်လည်ရုပ်သိမ်းခြင်းဖြင့် အမေရိကန်သည် ၎င်း၏ကာ့ဒ်မဟာမိတ်များကို ပစ်ပယ်ခဲ့ခြင်းမဟုတ်ဟု အခိုင်အမာပြောကြားခဲ့သည်။

“ဆီးရီးယားမှာ အမေရိကန်ရဲ့လုပ်ဆောင်ချက်တွေက ရှေ့နောက်မညီမှုတွေ အပြည့်ပါပဲ။ သဘောတူညီမှုတွေရဖို့ ကျွန်တော်တို့ရဲ့ အမေရိကန်လုပ်ဖော်ကိုင်ဖက်တွေရဲ့ ပျက်ကွက်မှုကို ထင်ဟပ်စေတယ်” ဟု လက်ရော့ဗ်က ကာဇက်စတန်၏မြို့တော် Nur- Sultan သို့ သွားရောက်စဉ်အတွင်း ပြောကြားခဲ့သည်။

အမေရိကန်များသည် ၎င်းတို့၏ ကတိများကို အကြိမ်ကြိမ်ချိုးဖောက်ခဲ့သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်သည် ဆီးရီးယား၏ ပိုင်နက်ဆိုင်ရာစည်းမျဉ်းများကို ချိုးဖောက်ခဲ့ပြီး ၎င်းတို့၏ ပိုင်နက်များတွင်နေထိုင်နေသည့် အာရပ်မျိုးနွယ်စုများ မကျေမနပ်ဖြစ်ပေါ်စေရန် ဆီးရီးယားမြောက်ပိုင်း၌ များ ဖန်တီးရန် ကြိုးစားနေသည်ဟုလည်း ၎င်းက စွပ်စွဲခဲ့သည်။ “ဒါဟာ အရမ်းကို အန္တရာယ်များတဲ့ ကစားပွဲတစ်ခုပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။

ယခုသီတင်းပတ်တွင် ဘဂ္ဂဒက်နှင့် အီရတ်ကာ့ဒ်မြို့တော် Erbil သို့ သွားရောက်ခဲ့သည့် ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ရော့ဗ်က ယင်းအကြောင်းအရာကို အီရတ်တွင် ကာ့ဒ်ခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့သည်ဟု ပြောကြားခဲ့သည်။

“အလွန်အမင်းထိလွယ်ရှလွယ်တဲ့ ဒီအကြောင်းအရာကို ခုလိုမျိုး ပေါ့ပေါ့တန်တန်ပြုမူတာဟာ ဒေသတွင်းတစ်ခုလုံးကို မီး စပျိုးမှုဖြစ်လာနိုင်တယ်” ဟု ၎င်းက ဆိုသည်။

တူရကီ၏ တိုက်ခိုက်မှုကိုကာကွယ်ရန် ကာ့ဒ်များက အရပ်သားများကို စုစည်း

ဆီးရီးယားအရှေ့မြောက်ပိုင်းရှိ ကာ့ဒ်အုပ်ချုပ်ရေးအဖွဲ့က  စိုးထိတ်ဖွယ်ကောင်းသော တူရကီတိုက်ခိုက်မှုအတွက် ဒေသကို ကာကွယ်ရန် အရပ်သားများကို အောက်တိုဘာ ၈ ရက်တွင် စုစည်းခဲ့သည်။

“ဆီးရီးယားမြောက်ပိုင်းနဲ့ အရှေ့ပိုင်းမှာ သုံးရက်ကြာ စစ်အင်အားစုစည်းမှုလုပ်ဖို့ ကြေညာခဲ့တယ်။ အခုလို ထိလွယ်ရှလွယ်တဲ့ ကာလအတွင်းမှာ ခုခံကာကွယ်ဖို့ တူရကီနဲ့ နယ်နိမိတ်ထိစပ်တွေကို ဦးတည်ဖို့ အရပ်သား တွေအားလုံးကို တောင်းဆိုပါတယ်” ဟု ကာ့ဒ်အုပ်ချုပ်ရေးအဖွဲ့က ကြေညာခဲ့သည်။

တူရကီ၏ ထိုးစစ်ကို ကာကွယ်ရန် ဆီးရီးယားနှင့် ပြည်ပရှိ ကာ့ဒ်များကိုလည်း တိုက်တွန်းထားသည်။

တူရကီက နယ်စပ်ဒေသသို့ သံချပ်ကာယာဉ်များစေလွှတ်ခဲ့ပြီး ဆီးရီးယားမြောက်ပိုင်းသို့ မကြာမီထိုးစစ်ဆင်နိုင်ခြေရှိကြောင်း အောက်တိုဘာ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

 

 

Most Read

Most Recent