အဆိုတော် ဖြိုးပြည့်စုံတို့ ဘာကြောင့်ပြန်လွှတ်တာလဲ

အဆိုတော် ဖြိုးပြည့်စုံတို့ ဘာကြောင့်ပြန်လွှတ်တာလဲ
■Photo- Phyo Pyae Sone Facebook
■Photo- Phyo Pyae Sone Facebook
Published 9 October 2019

မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရသည့် အဆိုတော်ဖြိုးပြည့်စုံအပါအဝင် သုံးဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး နှစ်ရက်အကြာတွင် အထောက်အထားမခိုင်လုံသဖြင့် ပြန်လွှတ်ပေးခဲ့သည်။

ယင်းသို့ ပြန်လွှတ်ပေးခဲ့ခြင်းနှင့် ပတ်သက်ပြီး မူးယစ်အထူးတပ်ဖွဲ့မှ အကြီးတန်းရဲအရာရှိတစ်ဦး၏ ပြောကြားချက်ကို ဖော်ပြလိုက်ပါသည်။

“သူတို့ကို ပြန်လွှတ်ပေးတာဟုတ်ပါတယ်။ ဓာတုဗေဒဝန်ရုံး(ရန်ကုန်) စစ်ချက်မှာက မူးယစ်ဆေးဝါး အာနိသင်မရှိဘူးပေါ့ကွာ။ မရှိဘူးဆိုတော့ အဲဒီကနေပြီးတော့ ဗဟန်းစခန်းမှာ ဥပဒေအကြံပြုချက်တောင်းပြီးတော့ ဥပဒေအကြံပြုချက်နဲ့အညီ ပြန်လွှတ်လိုက်တာပေါ့။ မူးယစ်ဆေးဝါးသတင်းပေးတဲ့အခါကျတော့ သတင်းအရ တို့ကသွားပြီးတော့ ဖမ်းရတာကိုး။ တို့ကလည်း ဖမ်းဆီးတဲ့အဖွဲ့မှာရှိတဲ့ Test Stickနဲ့ စမ်းလိုက်တဲ့အခါကျတော့ Test Stick မှာ ဖော်ပြထားတဲ့ အမှတ်အသားတွေက ဒီကာလာဆိုရင် ဒီအမျိုးအစား၊ ဒီကာလဆိုရင် ဒီမူးယစ်အမျိုးအစား။ ဒါက Pre Test ပေါ့။ စစ်လိုက်တော့ သူ့အမျိုးအစားနဲ့ သွားတူနေတဲ့အတွက် တို့က အမှုဖွင့်တယ်။ နောက်တခါ မူးယစ်ဆေးဝါးဆိုတာကလည်း အမှုဖွင့်ပြီးတော့မှ ဓာတုဗေဒဝန်ရုံးမှာ စစ်လို့ရတယ်။ တရားဝင်ပေါ့နော်။ တို့က စဖမ်းတည်းက မူးယစ်ဆေးဝါးဟု ယူဆရသောဆိုပြီးတော့ ဖမ်းထားတာ။ ဖမ်းထားပြီးတော့ အခုဟာက ဓာတုဗေဒဝန်ရုံးကို ရဲစခန်းကနေပို့ပြီး စစ်လိုက်တာ။ ဥပဒေအသုံးအနှုံးအရဆိုရင်တော့ မူးယစ်ဆေးဝါးဟု ယူဆရသောပေါ့။ စစ်လိုက်တဲ့အခါမှာ မူးယစ်ဆေးဝါး အာနိသင်မရှိဘူး။ ဒီအမှုက အပြီးအပြတ်လွှတ်တယ်ဆိုတာ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၆၉ အရ အပြီးအပြတ်လွှတ်တာ။ ဒီအမှုနဲ့ သူ့ကို တရားမစွဲတော့ဘူး။ တရားစွဲဖို့ အထောက်အထားမရှိတော့ဘူး

 

 

 

Most Read

Most Recent