ဗန်ဒိုက်အား အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ထားခြင်းကို ဂုဏ်ယူမိသည်ဟု ရော်နယ်လ်ကိုးမင်း ပြောကြား

ဗန်ဒိုက်အား အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ထားခြင်းကို ဂုဏ်ယူမိသည်ဟု ရော်နယ်လ်ကိုးမင်း ပြောကြား
Photos:standardmedia.co.ke / Getty Images
Photos:standardmedia.co.ke / Getty Images
Published 9 October 2019

 

နယ်သာလန်အသင်းနည်းပြ ရော်နယ်လ်ကိုးမင်းက လီဗာပူးလ်အသင်းနောက်ခံလူ ဗန်ဒိုက်အား အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ထားခြင်းကို အလွန်ဂုဏ်ယူမိသည်ဟု ဖွင့်ဟပြောကြားခဲ့သည်။

 

နယ်သာလန်အသင်းနည်းပြ ရော်နယ်လ်ကိုးမင်းက လီဗာပူးလ်အသင်းနောက်ခံလူ ဗန်ဒိုက်အား အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ထားခြင်းကို အလွန်ဂုဏ်ယူမိသည်ဟု ဖွင့်ဟပြောကြားခဲ့သည်။

ရော်နယ်လ်ကိုးမင်းသည် ဆောက်သမ်တန်အသင်းအား ၂၀၁၅ ခုနှစ်က ကိုင်တွယ်နေစဉ်အတွင်း ဗန်ဒိုက်ကို ပေါင် (၁၃)သန်းဖြင့် ဆဲလ်တစ်အသင်းမှ ခေါ်ယူခဲ့သည်။ အသက် (၂၈)နှစ်ရှိ ဗန်ဒိုက်သည် လီဗာပူးလ်အသင်းနှင့်အတူ ခြေစွမ်းပြနေသူဖြစ်ပြီး ၂၀၁၈ ခုနှစ်မှ စတင်ကာ ရော်နယ်လ်ကိုးမင်းက နယ်သာလန်အသင်းခေါင်းဆောင်အဖြစ်ခန့်အပ်ခဲ့သည်။ 

 



ရော်နယ်လ်ကိုးမင်းက '' သူက ကောင်းမွန်တဲ့လူမှုဆက်ဆံရေးရှိသူဖြစ်ပါတယ်။ ဒါကြောင့်လည်း အသင်းခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့တာပါ။ သူက အသင်းရဲ့ဥပမာတစ်ခု၊ နိုင်ငံရဲ့သင်္ကေတတစ်ခုဖြစ်ပြီး သူ့ကို လက်ရွေးစင်အသင်းမှာ အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ထားရတာကိုလည်း ဂုဏ်ယူမိပါတယ်'' ဟု ပြောကြားခဲ့သည်။

နယ်သာလန်အသင်းသည် ယူရို-၂၀၂၀ ခြေစစ်ပွဲ (၄)ပွဲကစားခဲ့ရာတွင် (၃)ပွဲအထိ အနိုင်ရရှိထားပြီး အောက်တိုဘာ (၁၁)ရက်တွင် မြောက်အိုင်ယာလန်၊ အောက်တိုဘာ (၁၃)ရက်တွင် ဘီလာရုစ်တို့နှင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ 



 

 

Most Read

Most Recent