ကာဂျစ္စတန်နှင့် မြန်မာအသင်းတို့၏ပွဲစဉ်ကို MRTV မှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်

ကာဂျစ္စတန်နှင့် မြန်မာအသင်းတို့၏ပွဲစဉ်ကို MRTV မှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်
Photo:MFF
Photo:MFF
Published 9 October 2019

၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲနှင့် ၂၀၂၃ အာရှဖလားခြေစစ်ပွဲ ဒုတိယအဆင့်အုပ်စုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရန်ရှိသည့် ကာဂျစ္စတန်အသင်းနှင့် မြန်မာအသင်းတို့၏ပွဲစဉ်ကို ပြည်တွင်းရုပ်သံလိုင်းတစ်ခုဖြစ်သည့် MRTVမှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း MRTV သတင်းဌာနက အတည်ပြုကြေညာခဲ့သည်။

ယင်းပွဲစဉ်ကို MRTV, MRTV Sport Channel နှင့် မြန်မာ့အသံရေဒီယိုတို့မှ ပွဲမစမီ (၁၅)မိနစ်အလို ( အောက်တိုဘာ (၁၀)ရက်၊ မြန်မာစံတော်ချိန်ည ၈း၄၅ မိနစ်) မှ စတင်ကာ တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်သည်။     

ကာဂျစ္စတန်လက်ရွေးစင်အသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်းတို့သည် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲနှင့် ၂၀၂၃ အာရှဖလားခြေစစ်ပွဲ ဒုတိယအဆင့်အုပ်စုပွဲစဉ်အဖြစ် အောက်တိုဘာ (၁၀)ရက် မြန်မာစံတော်ချိန် ည (၉း၃၀) နာရီတွင် ကာဂျစ္စတန်နိုင်ငံ၊ ဘစ်ရ်ှကတ်မြို့ရှိ ပရိသတ် (၂၃၀၀၀)ဆံ့ ဒိုလန်အို မူဇာကော့ဗ်ကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

ကာဂျစ္စတန်နှင့် မြန်မာအသင်းတို့သည် အုပ်စုတွင်း၌ ဂျပန်၊ တာဂျစ်ကစ္စတန်၊ မွန်ဂိုလီးယားအသင်းတို့နှင့်အတူ ကျရောက်နေပြီး ကာဂျစ္စတန်အသင်းမှာ အုပ်စုပထမပွဲတွင် အဝေးကွင်း၌ တာဂျစ်ကစ္စတန်အသင်းကို (၀-၁)ဂိုးဖြင့် ရှုံးနိမ့်ထားသည်။ ထို့အတူ မြန်မာအသင်းမှာလည်း အုပ်စု(၂)ပွဲကစားခဲ့ရာတွင် မွန်ဂိုလီးယားအသင်းကို အဝေးကွင်း၌  (၀-၁)ဂိုး၊ ဂျပန်အသင်းကို အိမ်ကွင်း၌ (၀-၂)ဂိုးတို့ဖြင့် ရှုံးနိမ့်ထားသည်။

Source: MRTV

Most Read

Most Recent