ကျောက်ဖြူမြို့နယ်တွင် ဓါးမြှောင်ဖြင့်လိုက်ထိုးသည့် ခင်ပွန်းအား ဇနီး ဖြစ်သူက ဓါးမဖြင့် ပြန်လည်ခုခံ ခုတ်ခဲ့သောကြောင့် ခင်ပွန်းဖြစ်သူ သေဆုံး

ကျောက်ဖြူမြို့နယ်တွင် ဓါးမြှောင်ဖြင့်လိုက်ထိုးသည့် ခင်ပွန်းအား ဇနီး ဖြစ်သူက ဓါးမဖြင့် ပြန်လည်ခုခံ ခုတ်ခဲ့သောကြောင့် ခင်ပွန်းဖြစ်သူ သေဆုံး
Published 8 October 2019
သန်းလှိုင်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် သစ်တောအုပ်  စည်မော်ကျေးရွာတွင် သောက်စားမူး ယစ်ပြီးရောက်ရှိလာသည့် ယောကျာင်္းဖြစ်သူက ဇနီးနှင့် စကားများရန်ဖြစ်ပြီး  ဓါးမြှောင်ဖြင့် လိုက်ထိုးသည့်အတွက် ဇနီး ဖြစ်သူကပြန်လည်ခုံခံ ကာ ဓါးမဖြင့်ပြန်ခုတ်သဖြင့် ခင်ပွန်းဖြစ်သူ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ရက် နာရီခန့်က သူငယ်ချင်းများနှင့်အရက်သေစာသောက်စား မူးယစ်ပြီးနေအိမ်သို့ ရောက်ရှိလာသည့် ခင်ပွန်းဖြစ်သူ ဦးလှမြင့်မှာ ဇနီးဖြစ်သူ ဒေါ်တင်အေး နှင့် စကားများရန်ဖြစ်ရာ ဦးလှမြင့်က ဓါးမြှောင်ဖြင့် လိုက်ထိုးသည့်အတွက် အိမ်ကိုလှည့်ပတ်ပြေးကာ တိမ်းရှောင်ရင်း မီးဖိုချောင်အတွင်းမှ အသင့်တွေ့ရှိရသည့် ဓါးမဖြင့် ပြန်လည်ခုခံ သဖြင့် ဦးလှမြင့်လဲကျသွားခဲ့ရာ ဓါးမဖြင့်နှစ်ချက် ထပ်မံခုတ်သဖြင့် နေရာတွင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

" အရက်မူးပြီးတော့ မယားနဲ့စကားများတာပေါ့၊ အဲဒီမှာ အရိုးအသွား ကိုးလက်မရှိတဲ့ ဓါးမြှောင်နဲ့ လင်က မိန်းမကို ဓါးနဲ့ထိုးဖို့လုပ်တာပေါ့၊ အဲဒီမှာ မိန်းမက အိမ်မှာတိမ်းရှောင်ထွက်ပြေးရင်း အိမ်ပေါ်မှာတွေ့တဲ့ ဓါးမနဲ့ ခုတ်လိုက်တယ်။ ပြတ်ရှ ဒဏ်ရာသုံးချက်နဲ့ အိမ်ပေါ်မှာသေသွားတာပေါ့၊ အဲဒါကို သေဆုံးသူရဲ့အစ်ကိုက တရားလို ပြုလုပ်တိုင်ကြားထားတယ်၊ ကျွန်တော်ကိုယ်တိုင် အမှုကိုစစ်ဆေးနေပါတယ်"ဟု ကျောက်ဖြူ မြို့မစခန်းမှူး ဒုရဲမှူးကျော်ဇောက ပြောကြားခဲ့သည်။

ယင်းနှင့်ပတ်သက်ပြီးဒေါ်တင်အေးအား ၎င်း၏နေအိမ်၌ပင် ရဲတပ်ဖွဲ့ က ဖမ်းဆီးရမိခဲ့ပြီး ကျောက်ဖြူမြို့မရဲစခန်းမှ()၅၁၁/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Most Read

Most Recent