မက်ဆီသည် ဇူလိုင်လဆန်းပိုင်းက ကျင်းပသည့် ကိုပါအမေရိကဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် အိမ်ရှင်ဘရာဇီးလ်အသင်းကို ရှုံးနိမ့်ပြီးနောက် တောင်အမေရိကဘောလုံးအဖွဲ့ချုပ် (CONMEBOL) မှာ ခြစား ခံနေရကြောင်းဝေဖန်ပြောကြားခဲ့သည်။
အာဂျင်တီးနားအသင်းခေါင်း ဆောင် မက်ဆီ၏ နိုင်ငံတကာပွဲ သုံးလပယ်ပြစ်ဒဏ်အတွက် အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ် (AFA) က အယူခံဝင်သော်လည်း ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
မက်ဆီသည် ဇူလိုင်လဆန်းပိုင်းက ကျင်းပသည့် ကိုပါအမေရိကဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် အိမ်ရှင်ဘရာဇီးလ်အသင်းကို ရှုံးနိမ့်ပြီးနောက် တောင်အမေရိကဘောလုံးအဖွဲ့ချုပ် (CONMEBOL) မှာ ခြစား ခံနေရကြောင်းဝေဖန်ပြောကြားခဲ့သည်။

ထို့ပြင် မက်ဆီသည် ချီလီအသင်းကိုအနိုင်ရသည့် တတိယနေရာလုပွဲအပြီးတွင်လည်း အလားတူထပ်မံပြောကြားခဲ့ပြီး ဆုတံဆိပ်ကိုလည်း လက်ခံရယူရန် ငြင်းဆန်ခဲ့ကြောင်း သိရသည်။ သို့ဖြစ်ရာ CONMEBOL က မက်ဆီကိုနိုင်ငံတကာပွဲ သုံးလပယ်ပြစ်ဒဏ်နှင့် ဒေါ်လာ ၅၀၀၀၀ ချမှတ်ကြောင်း သြဂုတ်လတွင် ဆုံးဖြတ်ခဲ့သည်။

AFA သည် ယင်းပြစ်ဒဏ်အတွက် အယူခံဝင်သော်လည်း ရှုံးနိမ့်သဖြင့် ယခုလအတွင်း ဂျာမနီ၊ အီကွေဒေါအသင်းတို့နှင့်ကစားမည့် ခြေစမ်းပွဲများကို ထပ်မံလွဲချော်မည်ဖြစ်သည်။ မက်ဆီ၏ ပွဲပယ်ပြစ်ဒဏ်မှာ နိုဝင်ဘာ ၃ ရက်မှပြည့်မြောက်မည်ဖြစ်ကြောင်း သိရသည်။