အီရန်-ကမ္ဘောဒီးယားပွဲအတွက် အမျိုးသမီးပရိသတ်လက်မှတ်များ မိနစ်ပိုင်းအတွင်း အားလုံးရောင်းချခဲ့ရ

အီရန်-ကမ္ဘောဒီးယားပွဲအတွက် အမျိုးသမီးပရိသတ်လက်မှတ်များ မိနစ်ပိုင်းအတွင်း အားလုံးရောင်းချခဲ့ရ
Photos: Getty Images
Photos: Getty Images
Published 6 October 2019

အီရန်အစိုးရသည် ယခင်က အမျိုးသား ပွဲစဉ်များတွင် အမျိုးသမီးပရိသတ်များအား ကြည့်ရှုခွင့်ပိတ်ပင်ထားသော်လည်း ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် (FIFA) အပါအဝင် နိုင်ငံတကာ၏ ဖိအားပေးမှုကြောင့် ကမ္ဘောဒီးယား နှင့်ပွဲတွင်ပြန်လည်ကြည့်ရှုခွင့်ပြုထားခြင်းဖြစ်သည်။ 

အောက်တိုဘာ ၁၀ ရက်တွင် ယှဉ်ပြိုင်ကစားမည့် အီရန်-ကမ္ဘောဒီးယား ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် အမျိုးသမီးပရိသတ်လက်မှတ်များကို အောက်တိုဘာ ၄ ရက်က အီရန်နိုင်ငံ၌ စတင်ရောင်းချခဲ့ရာ မိနစ်ပိုင်း အတွင်း အားလုံးရောင်းချခဲ့ရကြောင်း သိရသည်။

အီရန်အစိုးရသည် ယခင်က အမျိုးသား ပွဲစဉ်များတွင် အမျိုးသမီးပရိသတ်များအား ကြည့်ရှုခွင့်ပိတ်ပင်ထားသော်လည်း ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် (FIFA) အပါအဝင် နိုင်ငံတကာ၏ ဖိအားပေးမှုကြောင့် ကမ္ဘောဒီးယား နှင့်ပွဲတွင်ပြန်လည်ကြည့်ရှုခွင့်ပြုထားခြင်းဖြစ်သည်။ 

လက်မှတ်စတင်ရောင်းချပြီးနောက် မိနစ်ပိုင်းအကြာမှာပင် ကနဦးသတ်မှတ်ထားသည့် လက်မှတ််စောင်ရေ ၃၅၀၀ စလုံး ရောင်းကုန်သွားခြင်းဖြစ်ပြီး အမျိုးသားများနှင့် တန်းတူကြည့်ရှုခွင့်ပြုမည်ဟု ကြေညာထားသည်။

Most Read

Most Recent