ပြိုင်ဘက်များ၏ လေးစားကြောက်ရွံ့မှုမရရှိတော့ခြင်းမှာ ၉၀ ပြည့်လွန်ကာလမဟုတ်ခြင်းကြောင့်ဖြစ်ကြောင်း မန်ယူအသင်းနည်းပြ ဆိုးလ်ရှား တုံ့ပြန်

ပြိုင်ဘက်များ၏ လေးစားကြောက်ရွံ့မှုမရရှိတော့ခြင်းမှာ ၉၀ ပြည့်လွန်ကာလမဟုတ်ခြင်းကြောင့်ဖြစ်ကြောင်း မန်ယူအသင်းနည်းပြ ဆိုးလ်ရှား တုံ့ပြန်
Photos: Getty Images
Photos: Getty Images
Published 6 October 2019

မန်ယူအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ခုနစ်ပွဲကစားအပြီးတွင် ကိုးမှတ်သာရရှိထားပြီး နှစ်ပေါင်း ၃၀ အတွင်း အဆိုးရွားဆုံး ရာသီအစရလဒ်နှင့် ရင်ဆိုင်နေရသည်။ ထို့ပြင် ဆိုးလ်ရှားကို အမြဲတမ်း နည်းပြအဖြစ်ခန့်အပ်ပြီးနောက်ပိုင်း မတ်လမှစ၍ ပြိုင်ပွဲစုံ အဝေးကွင်း ၁၀ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးထားပြီး အယ်လ်ခမာအသင်း နှင့် ဂိုးမရှိသရေကျသည့် ယူရိုပါလိဂ်ပွဲတွင်မူ ပြိုင်ဘက်ဂိုးပေါက်ကို တစ်ကြိမ်မျှခြိမ်းခြောက်မှုမလုပ်နိုင်သည်အထိအခြေအနေဆိုးရွားခဲ့သည်။ 

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက မိမိအသင်းအနေဖြင့် ပြိုင်ဘက်များ၏ လေးစားကြောက်ရွံ့မှုမရရှိတော့ခြင်းမှာ ၉၀ ပြည့်လွန်ကာလမဟုတ်ခြင်းကြောင့်ဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

မန်ယူအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ခုနစ်ပွဲကစားအပြီးတွင် ကိုးမှတ်သာရရှိထားပြီး နှစ်ပေါင်း ၃၀ အတွင်း အဆိုးရွားဆုံး ရာသီအစရလဒ်နှင့် ရင်ဆိုင်နေရသည်။ ထို့ပြင် ဆိုးလ်ရှားကို အမြဲတမ်း နည်းပြအဖြစ်ခန့်အပ်ပြီးနောက်ပိုင်း မတ်လမှစ၍ ပြိုင်ပွဲစုံ အဝေးကွင်း ၁၀ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးထားပြီး အယ်လ်ခမာအသင်း နှင့် ဂိုးမရှိသရေကျသည့် ယူရိုပါလိဂ်ပွဲတွင်မူ ပြိုင်ဘက်ဂိုးပေါက်ကို တစ်ကြိမ်မျှခြိမ်းခြောက်မှုမလုပ်နိုင်သည်အထိအခြေအနေဆိုးရွားခဲ့သည်။ 

ထို့ကြောင့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များက ဂန္ထဝင်နည်းပြ ဖာဂူဆန်ကိုင်တွယ်ခဲ့သည့်ကာလကဲ့သို့ ပြိုင်ဘက်များ၏ လေးစားကြောက်ရွံ့မှုမရရှိတော့ခြင်းအတွက် မေးမြန်းရာ ဆိုးလ်ရှားက "ကျွန်တော်တို့ရောက်နေတာ ၉၀ ပြည့်လွန်ကာလမဟုတ်တော့ပါဘူး။ ခေတ်က ပြောင်းသွားပါပြီ။ ကွဲပြားခြားနားတဲ့အစုအဖွဲ့တစ်ခုကို ကျွန်တော်တို့ တည်ဆောက်နေတာပါ။ အနိမ့်အမြင့် အတက်အကျတွေ ရင်ဆိုင်နေရတာကိုကျွန်တော်တို့လည်း သိပါတယ်။ ကျွန်တော်ကတော့ ဒီချာတိတ်တွေရဲ့ တိုးတက်မှုကိုကြည့်ဖို့ အဆင်သင့်ပါပဲ။ ပြိုင်ဘက်တွေက ကျွန်တော်တို့ကို ဘယ်လိုထင်သလဲဆိုတာတော့ မသိပါဘူး။ ကျွန်တော်တို့အနေနဲ့ အခုထက်ပိုပြီးတိုးတက်မှုရှိဖို့တော့ လိုပါတယ်။ ကျွန်တော်တို့လို လူငယ်ကစားသမားတွေနဲ့ ကစားနေတဲ့အသင်း အများကြီးမရှိပါဘူး။ ဒါက သူတို့တွေအတွက် အခွင့်အရေးပါ။ အဲဒီထဲက တချို့ကတော့ အောင်မြင်တဲ့ အသင်းရဲ့အစိတ်အပိုင်းတွေဖြစ်လာမှာပါ" ဟု ဖြေကြားခဲ့သည်။

ထို့ပြင် အသင်း၏လက်ရှိအခြေအနေ နှင့်ပတ်သက်၍ ဆိုးလ်ရှားက "ကျွန်တော်ကတော့ လာမယ့်ပွဲအကြောင်းပဲ စဉ်းစားထားပါတယ်။  ကစားသမားအများစု လန်းဆန်းတက်ြွကနေဖို့တော့ မျှော်လင့်ပါတယ်။ အခု ရင်ဆိုင်နေရတာကစိတ်ပိုင်းဆိုင်ရာပြဿနာလို့ ကျွန်တော်မထင်ပါဘူး။ ကျွန်တော်တို့က အဝေးကွင်းမှာလည်း ကောင်းကောင်းကစားနိုင်ပါတယ်။ တစ်ခါတလေတော့ တန်ပြန်တိုက်စစ်လည်း ကစားရတတ်ပါတယ်" ဟု ဆက်လက်ပြောကြားခဲ့သည်။ 

Most Read

Most Recent