အင်တာမီလန် - ဂျူဗင်တပ်စ် ပွဲစဉ်မှ ပွဲကြိုထူးခြားအချက်အလက်များ

အင်တာမီလန် - ဂျူဗင်တပ်စ် ပွဲစဉ်မှ ပွဲကြိုထူးခြားအချက်အလက်များ
Photos: AFP
Photos: AFP
Published 6 October 2019

အင်တာမီလန်အသင်းသည် ယခုရာသီ စီးရီးအေအိမ်ကွင်း (၃)ပွဲတွင် (၃)ပွဲစလုံးအနိုင်ရထားပြီး အိမ်ကွင်းပေးဂိုးမရှိသည့် တစ်သင်းသောအသင်းအဖြစ် ရပ်တည်နေသည်။ 

 

အင်တာမီလန်အသင်းသည် ဂျူဗင်တပ်စ်အသင်းနှင့် တွေ့ဆုံခဲ့သည့် စီးရီးအေ နောက်ဆုံး (၁၂)ပွဲတွင် နိုင်ပွဲမရထားဘဲ (၅)ပွဲသရေကျကာ (၇)ပွဲအထိ ရှုံးနိမ့်ထားသည်။

အင်တာမီလန်အသင်းသည် ယခုရာသီ စီးရီးအေပွဲစဉ် (၆)အပြီးတွင် ရာနှုန်းပြည့်အနိုင်ရထားပြီး (၁၃)ဂိုးသွင်းကာ (၂)ဂိုးသာ ပေးထားရသည်။ 

အင်တာမီလန်အသင်းသည် ယခုရာသီ စီးရီးအေအိမ်ကွင်း (၃)ပွဲတွင် (၃)ပွဲစလုံးအနိုင်ရထားပြီး အိမ်ကွင်းပေးဂိုးမရှိသည့် တစ်သင်းသောအသင်းအဖြစ် ရပ်တည်နေသည်။ 

ဂျူဗင်တပ်စ်အသင်းသည် ယခုရာသီ စီးရီးအေအဝေးကွင်း (၃)ပွဲတွင် ရှုံးပွဲလုံးဝမရှိဘဲ (၂)ပွဲနိုင်၊ (၁)ပွဲသရေ ရလဒ်ရရှိထားကာ (၃)ဂိုးသွင်းပြီး (၁)ဂိုး ပြန်ပေးထားရသည်။ 

အင်တာမီလန်အသင်းသည် ၁၉၆၆ ခုနှစ်တွင် စီးရီးအေအဖွင့် (၇)ပွဲဆက််အနိုင်ရခဲ့ပြီး (၅၃)နှစ်အကြာတွင် ယင်းစံချိန်ကို ပြန်လည်ရယူရန် အခွင့်အရေးရှိနေသည်။ 

ဂျူဗင်တပ်စ်အသင်းသည် ယခုရာသီ စီးရီးအေပွဲစဉ် (၆)ပွဲကစားခဲ့ရာတွင် ဂိုးပေါက်ကန်သွင်းမှု တစ်ပွဲပျမ်းမျှ (၁၆)ကြိမ်ရှိပြီး (၁၁)ဂိုး သွင်းယူထားသည်။ 

အင်တာမီလန်အသင်းသည် ဂျူဗင်တပ်စ်အသင်းကို အိမ်ကွင်းတွင် နောက်ဆုံးကစားခဲ့သည့် အိမ်ကွင်း (၈)ပွဲတွင် (၁)ပွဲသာ အနိုင်ရခဲ့ပြီး (၂)ပွဲသရေကျကာ (၅)ပွဲအထိ ရှုံးနိမ့်ထားသည်။ 

အင်တာမီလန်အသင်းသည် ယခုရာသီ စီးရီးအေပွဲစဉ် (၆)ပွဲကစားခဲ့ရာတွင် ဘောလုံးပိုင်ဆိုင်မှု တစ်ပွဲပျမ်းမျှ (၅၆)ရာခိုင်နှုန်း၊ ဂိုးပေါက်ကန်သွင်းမှု  တစ်ပွဲပျမ်းမျှ (၁၇)ကြိမ်အထိ ရှိသည်။

 

Most Read

Most Recent