လီဗာပူးလ်အသင်းတွင် ပြန်ကစားနိုင်ရန် ကာရီယပ်စ် မျှော်လင့်

လီဗာပူးလ်အသင်းတွင် ပြန်ကစားနိုင်ရန် ကာရီယပ်စ် မျှော်လင့်
Published 5 October 2019

တူရကီကလပ် ဘက်ဆစ်တက်အသင်းတွင် အငှားကစားနေသူ ဂျာမန်ဂိုးသမား ကာရီယပ်စ်က လီဗာပူးလ်အသင်းတွင် ပြန်ကစားနိုင်ရန် မျှော်လင့်နေကြောင်း ပြောကြားခဲ့သည်။

ဘွန်ဒစ်လီဂါကလပ် မိန့်ဇ်အသင်းမှ ခေါ်ယူခဲ့သူ ကာရီယပ်စ်မှာ နည်းပြ ယာဂန်ကလော့ပ်၏ ယုံကြည်မှုရရှိခဲ့သော်လည်း ၂၀၁၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ရီးယဲလ်ဘက်သို့ မမှားသင့်သည့်အမှားများကြောင့် (၂)ဂိုးပေးခဲ့ရသဖြင့် အသင်းတွင် သူ၏အနာဂတ်ပျောက်ဆုံးခဲ့ရသည်။

ယင်းနောက် ၂၀၁၈၊ သြဂုတ်လတွင် (၂)ရာသီအငှားစာချုပ်ဖြင့် ဘက်ဆစ်တက်အသင်းလို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

ကာရီယပ်စ် '' လီဗာပူးလ်အသင်းမှာ ပြန်ကစားဦးမှာလား မေးခွန်းက တကယ်တော့ ရွေးချယ်ရမှာပါ။ ကောင်းမွန်တဲ့ ရွေးချယ်ပိုင်ခွင့်လည်းဖြစ်ပါတယ်။ သူတို့အသင်းမှာ ပြန်ကစားဖို့ ဖြစ်နိုင်ပါတယ်။ ဘယ်သူမှ ကြိုမသိနိုင်ပါဘူး။ အခုချိန်မှာတော့ ဝေးပါသေးတယ်။ လီဗာပူးလ်အသင်းမဟုတ်ခဲ့ရင်တောင် တခြားသင့်တော်တဲ့အသင်း ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် အနာဂတ်နဲ့ပတ်သက်ပြီး ကျွန်တော် မစိုးရိမ်ပါဘူး။ အခု အသင်းကောင်းတစ်သင်းမှာ ကျွန်တော် ရှိနေပြီး ရာသီကုန်မှာ ဘာတွေဖြစ်မလဲ စောင့်ကြည့်ရမှာပါ'' ဟု ပြောကြားခဲ့သည်။

Most Read

Most Recent