ဘိုင်ယန်မြူးနစ် နှင့် ဟော်ဖန်ဟင်မ် (စနေည ၈းဝ၀ နာရီ)
ဘိုင်ယန်လိုအသင်းမျိုးက ဘွန်ဒစ်လီဂါမှာဇယားထိပ်ဆုံး ရောက်လာရင် နေရာပြန်ဖယ်ပေးရတာ အင်မတန်နည်းပါတယ်။ အခုပွဲလည်း ခြေပျက်နေတဲ့ ဟော်ဖန်ဟင်မ်ကို ဂိုးပြတ်သွင်းဖို့ရှိ တဲ့ ဘိုင်ယန်ပဲကြိုက်တယ်။
လေဗာကူဆင် နှင့် လိုက်ပ်ဇစ် (စနေည ၈းဝ၀ နာရီ)
နှစ်သင်းစလုံးကြားရက်တွေမှာ ချန်ပီယံလိဂ်ပွဲကစားထားရလို့ ပွဲပန်းမှုမှာ ခြားနားချက်မရှိပါဘူး။ လိုက်ပ်ဇစ်က ပြီးခဲ့တဲ့အပတ်မှာ ရှော်လ်ကေးကို ဂိုးပြတ်အရေးနိမ့်ခဲ့တာက Shock တစ်ခုပါ။ ဒီလိုအနေအထားကနေ ချက်ချင်းပြန်ထူထောင်နိုင်တဲ့အင်အား လိုက်ပ်ဇစ်မှာရှိပါတယ်။ လိုက်ပ်ဇစ်က လေဗာကူဆင်နဲ့ဘွန်ဒစ်လီဂါတွေ့ဆုံမှုတွေမှာ (၁)ပွဲသာအရေးနိမ့်ပြီး (၄)ပွဲနိုင်၊ (၁)ပွဲသရေနဲ့ အသာစီးယူထားပါတယ်။ အထူးသဖြင့် လေဗာကူဆင်ကွင်းမှာ လိုက်ပ်ဇစ်က ခြေပိုစွာပြီး (၂)ပွဲနိုင်၊ (၁)ပွဲသရေနဲ့ ရှုံးပွဲမရှိပါဘူး။ လေဗာကူဆင်ကလည်း ဒေါ့မွန်ကို ဂိုးပြတ်ရှုံးခဲ့တဲ့ပွဲကလွဲလို့ အသင်းက တည်ငြိမ်မှုရှိပါတယ်။ လိုက်ပ်ဇစ် အမှတ် ရလိမ့်မယ်။

ဖရိုင်းဘတ် နှင့် ဒေါ့မွန် (စနေည ၈းဝ၀ နာရီ)
ဖရိုင်းဘတ်အသင်း အိမ်ကွင်းနဲ့ အဝေးကွင်းစွမ်းဆောင်ရည် ပြောင်းပြန်ဖြစ်နေတာက အံ့အားသင့်စရာပါ။ ဒေါ့မွန် ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရလိမ့်မယ်။
ပါဒါဘွန်း နှင့် မိန့်ဇ် (စနေည ၈းဝ၀ နာရီ)
တန်းတက် ပါဒါဘွန်းအသင်း အိမ်ကွင်း(၃)ပွဲစလုံး ပြိုင်ဘက်အသင်းကို အရှုံးပေးထားရတယ်။ သမ္ဘာပိုင်းသာတဲ့ မိန့်ဇ် အမှတ်ရမယ်ထင်တယ်။
ရှော်လ်ကေး နှင့် ကိုလုံး (စနေည ၁၁းဝ၀ နာရီ)
ကိုလုံးအသင်းရဲ့ (၃)ပွဲဆက်ဂိုးပေါက်ပျောက်နေတဲ့ တိုက်စစ်နဲ့ အဝေးကွင်းမှာ မလွယ်ကူပါဘူး။ ရှော်လ်ကေး အနိုင်သေချာပါတယ်။















