စပွန်ဆာ ရုပ်ရှင်ဇာတ်ကား၌ ပါဝင်ထားသည့် အနုပညာရှင်များက အောက်တိုဘာ ၄ ရက်နှင့် ၅ ရက်တွင် ပရိသတ်များနှင့် လိုက်ပါတွေ့ဆုံခဲ့

စပွန်ဆာ ရုပ်ရှင်ဇာတ်ကား၌ ပါဝင်ထားသည့် အနုပညာရှင်များက အောက်တိုဘာ ၄ ရက်နှင့် ၅ ရက်တွင် ပရိသတ်များနှင့် လိုက်ပါတွေ့ဆုံခဲ့
Published 5 October 2019

စပွန်ဆာ ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်ထားသည့် အနုပညာရှင်များက အောက်တိုဘာ ၄ ရက်နှင့် ၅ ရက်များတွင် ပရိသတ်များနှင့် လိုက်ပါတွေ့ဆုံခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၄ ရက် နံနက် ၁၁နာရီခွဲတွင်  သမ္မတရုပ်ရှင်ရုံ၊ မွန်းလွဲ ၁ နာရီခွဲတွင် နဝဒေး ရုပ်ရှင်ရုံ၊ ညနေ ၅ နာရီခွဲတွင် မင်္ဂလာတာမွေ ရုပ်ရှင်ရုံများတွင် စပွန်ဆာဇာတ်ကား၌ ပါဝင်ထားသည့် သရုပ်ဆောင်များက အမှတ်တရ လက်မှတ် ရေးထိုးပေးခြင်း၊ ဓာတ်ပုံတွဲဖက် ရိုက်ကူးခြင်းအစီအစဉ်များ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာ ၅ ရက် နံနက် ၁၁ နာရီ ခွဲတွင် မင်္ဂလာဂမုန်းပွင့် (စံရိပ်ငြိမ်) ၌လည်းကောင်း၊ မွန်းလွဲ ၂ နာရီခွဲတွင် မင်္ဂလာတောင်ဒဂုံ ရုပ်ရှင်ရုံ၌လည်းကောင်း ဇာတ်ကားတွင် ပါဝင်ထားသည့် အနုပညာရှင်များက ပရိသတ်များနှင့် ထပ်မံ တွေ့ဆုံရန် စီစဉ်ထားသည်။

“ဒီဇာတ်ကားက ၅၂၈ ကို အဓိကဦးစားပေးပြီး ပြသထားတာပါ။ ဇာတ်ကားရဲ့ Title ရယ်၊ ဇာတ်ဝင်ခန်း တချို့ရယ်က အွန်လိုင်းမှာ ဟော့ပ်နေပေမဲ့ တကယ်တမ်းကျတော့ ဒီဇာတ်ကားက မိဘနဲ့ မောင်နှမတွေ ကြားက ၅၂၈ မေတ္တာကို ပုံဖော်ထားတဲ့ဇာတ်ကားပါ။ မိသားစုအတူ ကြည့်လို့ရတဲ့ ဇာတ်ကား တစ်ကားပါပဲ။ စပွန်ဆာဆိုတဲ့ Theme လေးက ပါနေတော့ အဲဒီအောက်မှာ လုပ်ကြရတာပေါ့။ မိသားစုအတွက် ပြေလည်အောင် ဆုံးဖြတ်တဲ့အချိန်မှာ ဆုံးဖြတ်ချက်အမှားတစ်ခုကို ပုံဖော်ထားတဲ့ဇာတ်ကားပါ။ ဇာတ်လမ်းက ပေးချင်တဲ့ Massage ကို ပရိသတ်တွေ သဘောကျမယ်ထင်ပါတယ်” ဟု သရုပ်ဆောင် အကယ်ဒမီနေတိုးက ဆိုသည်။

စပွန်ဆာရုပ်ရှင်ဇာတ်ကားမှာ ဒါရိုက်တာ အောင်ဇော်လင်းရိုက်ကူးထားကာ သရုပ်ဆောင် အကယ်ဒမီနေတိုး၊ ရဲလေး၊ အကယ်ဒမီပိုင်ဖြိုးသု၊ အကယ်ဒမီ မြတ်ကေသီအောင်၊ ချောကလျာ၊ အကယ်ဒမီ ၀ါ၀ါအောင်နှင့် သရုပ်ဆောင်များစွာ ပါဝင်ထားသည်။

 

Most Read

Most Recent