ထိုင်းဂူထဲ၌ပိတ်မိနေသည့် ကလေးများအား ကယ်တင်သည့်အကြောင်း ရိုက်ကူးထားသည့် ဇာတ်ကားကို ဘူဆန်ရုပ်ရှင်ပွဲတော်တွင် ပွဲဦးထွက်ပြသမည်

ထိုင်းဂူထဲ၌ပိတ်မိနေသည့် ကလေးများအား ကယ်တင်သည့်အကြောင်း ရိုက်ကူးထားသည့် ဇာတ်ကားကို ဘူဆန်ရုပ်ရှင်ပွဲတော်တွင် ပွဲဦးထွက်ပြသမည်
The Cave ဇာတ်ကား၏ ဒါရိုက်တာ တွမ်ဝေါ်လာ
The Cave ဇာတ်ကား၏ ဒါရိုက်တာ တွမ်ဝေါ်လာ
Published 3 October 2019

ထိုင်းဂူထဲ၌ ပိတ်မိနေသည့် လူငယ်ဘောလုံးသမား ၁၂ ဦးနှင့် ၎င်းတို့၏ နည်းပြကို ကယ်ဆယ်မှုအကြောင်း ရိုက်ကူးထားသည့် The Cave ဇာတ်ကားကို ဘူဆန်အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်တွင် ပွဲဦး ထွက်ပြသမည် ဖြစ်သည်။

“ ဒီဇာတ်ကားကို ကြည့်ပြီးရင် ရိုက်ကွင်း စီစဉ်ပြီးရိုက်ထားတာနဲ့ တူတယ်လို့ ဘယ်သူ ကမှ ပြောကြမှာ မဟုတ်ဘူး။ ပိတ်လှောင်ထားတာကို ကြောက်တဲ့စိတ်ရောဂါ ရှိတဲ့သူတွေကို  ဒီဇာတ်ကားမှာ စိုးရိမ်စရာ အနည်းငယ်ရှိ ကောင်းရှိနိုင်တယ်လို့ သတိပေးသင့်တယ် ’’ဟု ထိုင်း-အိုင်ယာလန်ဒါရိုက်တာ တွမ်ဝေါ်လာ က  ဟာသနှော ပြောကြားခဲ့သည်။

Wild Boars အသင်းသားများ ပိတ်မိနေသည့် ဂူ၏ စိမ့်စိုအေးစက်သည့် အခြေအနေ နှင့် မှောင်ပိန်း နေသည ့် ပတ်ဝန်းကျင်အတိုင်း ပြန်လည်ဖန်တီးရာတွင် အခက်အခဲများ ရှိခဲ့သည်ဟု ဝေါ်လာက ပြောကြားခဲ့သည်။

ယင်းသို့ ဖန်တီးရန်အတွက် ထိုင်းနိုင်ငံ တစ်ဝန်းရှိ အလားတူ ဂူများတွင် ရိုက်ကူးခဲ့ရကြောင်း၊ ကယ်ဆယ်ရေးတွင် ပါဝင်ခဲ့သည့် ရေငုပ်သမားလေးဦးကို ယင်းဇာတ်ကားတွင်   ပါဝင်သရုပ်ဆောင် စေခဲ့ကြောင်း ဝေါ်လာက ဆိုသည်။ “မြွေတွေ၊ ဧရာမ ပင့်ကူကြီးတွေကို လည်း တွေ့ခဲ့တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ ယင်းဖြစ်စဉ်ကို ဇာတ်ကား ရိုက်ရန် အလျင်စလ ိုဆုံးဖြတ်ခဲ့ခြင်းမဟုတ်ဟု The Last Executioner   ဇာတ်ကားဖြင့်   အောင်မြင်မှုရရှိခဲ့သည့် ဝေါ်လာက ပြောကြားခဲ့ သည်။  The Cave ဇာတ်ကားကို  ဘူဆန် ရုပ်ရှင်ပွဲတော်တွင် ပွဲဦးထွက် ပြသမှုသည် ကမ္ဘာ့အဆင့်တွင် ပြသမှုတစ်ခုဖြစ်ကြောင်း၊ ယင်းဇာတ်ကားကို ထိုင်းနိုင်ငံတွင် နိုဝင်ဘာ၌ ဖြန့် ချိမည်ဖြစ်ကြောင်း ဝေါ်လာက ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ် ဇွန် ၂၃ ရက်တွင် ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ Tham Luang ဂူသို့ သွားရောက်စဉ် ရုတ်တရက် ရေကြီးလာပြီး ဂူထဲတွင် ၁၈ ရက်ကြာ ပိတ်မိခဲ့သည့် Wild Boars ဟု ခေါ်သည့် လူငယ် ဘောလုံးအဖွဲ့နှင့် ၎င်းတို့ ၏နည်းပြကို ကယ်တင်ခဲ့သည့် ဖြစ်စဉ်ကို ကမ္ဘာတစ်ဝန်းက စိတ်ဝင်စားခဲ့ကြသည်။

မကြုံစဖူးကယ်ဆယ်ရေး မစ်ရှင်တွင်ထိုင်းနှင့် ပြည်ပမှကျွမ်းကျင်ရေငုပ်သမားများ ပါဝင်ခဲ့သည်။ ဟောလိဝုဒ်ရုပ်ရှင်စတူဒီယိုများနှင့် ပုံနှိပ်ထုတ်ဝေသူများသည်လည်း ယင်း စွန့် စားခန်းအကြောင်း ဇာတ်ကားနှင့် စာအုပ်များ ထုတ်ဝေရန် အပြိုင်ကြိုးပမ်းခဲ့ကြသည်။ Netflix ကလည်း ယင်းဖြစ်စဉ်ကို မီနီ ဇာတ်လမ်းတွဲရိုက်ကူးရန် မူပိုင်ခွင့်ရရှိခဲ့သည်။

ယင်း ဇာတ်လမ်းတွဲ ရိုက်ကူးခွင့်ပေးမှု အတွက် ဘောလုံးသမားတစ်ဦးစီကို ဒေါ်လာ ၁၀၀,၀၀၀ စီ ပေးခဲ့သည်ဆိုသော သတင်းများလည်း ထွက်ရှိခဲ့သည်။

 

Most Read

Most Recent