တပ်မတော်လေယာဉ် ပြေးလမ်းချော်မှုကြောင့် ရန်ကုန်လေဆိပ်အား အချိန်ကြာမြင့်စွာ ပိတ်ထားခဲ့ရခြင်းအား စုံစမ်းစစ်ဆေးဖော်ထုတ်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာန ထုတ်ပြန်

တပ်မတော်လေယာဉ် ပြေးလမ်းချော်မှုကြောင့် ရန်ကုန်လေဆိပ်အား အချိန်ကြာမြင့်စွာ ပိတ်ထားခဲ့ရခြင်းအား စုံစမ်းစစ်ဆေးဖော်ထုတ်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာန ထုတ်ပြန်
 လေကြောင်းကဏ္ဍဆိုင်ရာလုပ်ငန်းများ ဆွေးနွေးညှိနှိုင်းပွဲအား တွေ့ရစဉ်
လေကြောင်းကဏ္ဍဆိုင်ရာလုပ်ငန်းများ ဆွေးနွေးညှိနှိုင်းပွဲအား တွေ့ရစဉ်
Published 16 September 2019
ရွှန်းလဲ့ဝင်း

တပ်မတော်လေယာဉ် ပြေးလမ်းချော်မှုကြောင့် ရန်ကုန်လေဆိပ်အား အချိန်ကြာမြင့်စွာ ပိတ်ထားခဲ့ရခြင်းအား စုံစမ်းစစ်ဆေးဖော်ထုတ်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၆ ရက်က သတင်းထုတ်ပြန်ခဲ့သည်။

စက်တင်ဘာ ၁၄ ရက်က ရန်ကုန်မြို့ရှိ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ရုံးချုပ်အစည်းအဝေးခန်းမတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဌာနတာဝန်ရှိသူများ၊ YACL မှ တာဝန်ရှိသူများ၊ ပြည်တွင်းလေကြောင်းလိုင်းအသီးသီးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လေကြောင်းကဏ္ဍဆိုင်ရာလုပ်ငန်းများ ဆွေးနွေးညှိနှိုင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက စက်တင်ဘာ ၅ ရက် နံနက်က ရန်ကုန်လေဆိပ်တွင် Y-8 တပ်မတော်လေယာဉ် လမ်းချော်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် ရန်ကုန်လေဆိပ်ကို ၁၉ နာရီခန့် ပိတ်ခဲ့ရကြောင်း၊ ယခင်က အလားတူ မတော်တဆမှုများကြောင့် လေယာဉ်ကွင်းကို ပိတ်ခဲ့ရသည့်ဖြစ်စဉ်များ ရှိခဲ့သော်လည်း လေယာဉ်ကွင်းပိတ်ချိန်မှာ ၂ နာရီ ၂ နာရီခွဲခန့်သာ ကြာမြင့်ခဲ့ကြောင်း၊ ယခုကဲ့သို့ လေယာဉ်ကွင်းကို အချိန်ကြာမြင့် စွာပိတ်ထားခဲ့ရခြင်းကြောင့် လေကြောင်းလိုင်းများနှင့် လေယာဉ်စီးခရီးသည်များအတွက် ထိခိုက်မှုများဖြစ်ပေါ်ခဲ့ရကြောင်း၊ ပြည်ပသို့ ထွက်ခွာမည့် လေယာဉ်ခရီးစဉ် ခုနစ်ခု၊ ပြည်ပမှ ဆိုက်ရောက်မည့် လေယာဉ်ခရီးစဉ် ၂၅ ခု၊ စုစုပေါင်းလေကြောင်းခရီးစဉ် ၃၂ ခု ဖျက်သိမ်းခဲ့ရကြောင်း၊ အဆိုပါလေယာဉ်လမ်းချော်မှု ဖြစ်စဉ်ဖြစ်ပွားပြီးနောက် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် လေဆိပ်မှ တာဝန်ခံများ ဆွေးနွေးညှိနှိုင်း၍ လေယာဉ်နှင့် လွတ်ကင်းသည့် ပြေးလမ်း ပေ ၈၀၀၀ ခန့်ကို အသုံးပြု၍ စုစုပေါင်းလေယာဉ်ခရီးစဉ် ၁၉ ခုအား ထွက်ခွာခွင့်ပြုခဲ့ခြင်း၊ အဆင်းလေယာဉ်များ ဘေးကင်းစွာ ဆင်းသက်ရန်လိုအပ်သည့် ပြေးလမ်းအရှည် အားတွက်ချက်၍ နယ်လေဆိပ်များတွင် စောင့်ဆိုင်းနေသော ပြည်တွင်းလေကြောင်းလိုင်းများမှ ATR လေယာဉ် ၁၂ စင်းအား ညနေ ၅ နာရီမှ ၆း၁၈ မိနစ်မတိုင်မီအတွင်း အန္တရာယ်ကင်းစွာ ဆင်းသက်နိုင်ခဲ့ခြင်းကြောင့် အချို့လေကြောင်းလိုင်းများနှင့် ခရီးသည်များအတွက် သက်သာရာရခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ဆက်လက်ပြီး လမ်းချော်သည့် တပ်မတော်လေယာဉ်အား ဖယ်ရှားရာတွင် နာရီပေါင်းများစွာ ကြာမြင့်ခဲ့ရသည့်အကြောင်းကို စုံစမ်းစစ်ဆေးဖော်ထုတ်ရန် လိုအပ်ကြောင်း၊ နောင်တွင် ယခုကဲ့သို့ဖြစ်စဉ်များ ဖြစ်ပွားလာလျှင် အချိန်တိုအတွင်း ဖယ်ရှားနိုင်ရန်အတွက် ဆောင်ရွက်ရမည့်နည်းလမ်း၊ အသုံးပြုရမည့် စက်ကိရိယာအမျိုးအစားတို့ကို သိရှိထားရန် လိုအပ်ကြောင်း၊ လေယာဉ်ပြေးလမ်းချော်မှုဖြစ်စဉ်တွင် ထိခိုက်မှုနည်းပါးစေရန်အတွက် ပြေးလမ်းပခုံး Runway Shoulder များ ကြံ့ခိုင်ကောင်းမွန်စေရန် ပြုပြင်ရန်လိုအပ်ကြောင်း ထပ်မံပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

                 

 

Most Read

Most Recent