မြစ်ကြီးနားမြို့တွင် ဘဏ်ငွေထုတ်သူများအား ပစ်မှတ်ထားလုယူသူများကို စစ်ဆေးချက်များအရ ကမ္ဘောဇဘဏ်တွင် သေနတ်ထောက် လုယက်သူလေးဦးအား ဖမ်းဆီးဖော်ထုတ်

မြစ်ကြီးနားမြို့တွင် ဘဏ်ငွေထုတ်သူများအား ပစ်မှတ်ထားလုယူသူများကို စစ်ဆေးချက်များအရ ကမ္ဘောဇဘဏ်တွင် သေနတ်ထောက် လုယက်သူလေးဦးအား ဖမ်းဆီးဖော်ထုတ်
Photo: ရဲဇာနည် Facebook
Photo: ရဲဇာနည် Facebook
Published 1 September 2019
ထွန်းလင်းအောင် (မြစ်ကြီးနား)

မြစ်ကြီးနားမြို့တွင် ဘဏ်ငွေထုတ်သူများကို ပစ်မှတ်ထားလုယူသူများကို စစ်ဆေးချက်များအရ ကမ္ဘောဇဘဏ်တွင် သေနတ်ထောက် လုယက်သူများလေးဦးကိုပါ ဖမ်ဆီးဖော်ထုတ်နိုင်ခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က ပြောကြားသည်။

မြစ်ကြီးနားမြို့တွင် ဘဏ်ငွေထုတ်သူများကို ပစ်မှတ်ထားလုနေသူများကို သြဂုတ် ၂၆ ရက်တွင် မြစ်ကြီးနားမြို့၊ နောင်ခမ်း ရှမ်းကျေးရွာတွင် စျေးသည်အမျိုးသမီးတစ်ဦး၏ ပိုက်ဆံအိတ်ကို လုယူထွက်ပြေးရာတွင် တာဝန်သိပြည်သူတစ်ဦး၏  ခြောက်လှန့်ဖမ်းဆီးမှုကြောင့် စတင်ဖမ်းဆီးနိုင်ခဲ့သည်။

အဆင့်ဆင့် စစ်ဆေးချက်များအရ သြဂုတ် ၆ ရက်က ကမ္ဘောဇဘဏ်မှ ငွေထုတ်ယူခဲ့သည့် အေဒင်ရပ်ကွက်မှ အမျိုးသမီးတစ်ဦးထံမှ ငွေကျပ်သိန်း ၂၃၀ ကိုလည်းကောင်း၊ လွန်ခဲ့သည့် နှစ်လခန့်က လုယက်ခဲ့သည့် ငွေ ကျပ်သိန်း  ၁၂၀ လုယူမှုဖြစ်စဉ်များကို သြဂုတ် ၂၈ ရက်များတွင် ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 ပြစ်မှုများ ကျူးလွန်ခဲ့သူများကို မြစ်ကြီးနားမြို့ ရဲစခန်းတွင် (ပ)၄၆၁၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၈၂၊ ပုဒ်မ ၁၁၄ တို့ဖြင့် အမှုဖွင့်စစ်ဆေးနေဆဲဖြစ်ကြောင်း သိရှိရပါသည်။

ကျူးလွန်သူသုံးဦးတွင် ကမ္ဘောဇဘဏ်တွင် သုံးနှစ်ခွဲကြာ ဝန်ထမ်းဘဝဖြင့် နေထိုင် ခဲ့သူတစ်ဦး ပါဝင်နေခြင်းကြောင့် အဆင့်ဆင့် စစ်ဆေးမှုများပြုလုပ်ခဲ့ရာတွင်  ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၃ ရက် ညနေ ၃ နာရီခန့်က မြစ်ကြီးနားမြို့၊ မင်းရပ်ရပ်ကွက်၊ စျေး (၁) အပေါ် ထပ်ရှိ ကမ္ဘောဇမီနီဘဏ်တွင် ဒေါ်နန်းအေး အေးသင်းနှင့် ဘဏ်ဝန်ထမ်းငါးဦးတို့သည် ညနေ ၃ နာရီခန့်တွင် ဘဏ်ဘေးဘာဂျာတံခါးများပိတ်ပြီး ဘဏ်ရှေ့မှန်တစ်ချပ်သာဖွင့်၍ စာရင်းပိတ်နေစဉ် မျက်နှာတွင် မက်အုပ်လျက် လူငယ်လေးဦး စီတန်းဝင်ရောက်လာပြီး ရှေ့ ဆုံးမှဝင်လာသည့် လူငယ်က အနက်ရောင် သေနတ်အတို (အတုအစစ်မသိ)ဖြင့် ဘဏ်လုံခြုံရေး ဦးပြည့်ဖြိုးအောင်အားချိန်ပြီး ကျန်လူများကို ရိုက်နှက်၍ ဘဏ်ဝန်ထမ်းများအား ကြမ်းပြင်တွင် မှောက်ထားခိုင်းကြောင်း၊ ဘဏ်ကောင်တာ ကြမ်းပြင်တွင်ထားသော ကမ္ဘောဇတံဆိပ်ပါ ကြွပ်ကြွပ်အိတ်နှစ်အိတ်၊ အလတ်တစ်အိတ်၊ ဘဏ်ငွေကျပ်သိန်း ၉၂၀ ကျပ်ခန့်ကို ယူဆောင်၍ လက်ကိုင်ဖုန်းသုံးလုံးသာ ရသည့်အတွက် ဝန်ထမ်းများကို ရိုက်နှက်ခဲ့ကြောင်း၊ ဘဏ်အတွင်း တပ်ဆင်ထား သည့် CCTV ကင်မရာစက်များကို ဖြုတ်ယူပြီး မော့ကြည်လျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုပြီး ဘဏ်ရှေ့မှန်တံခါး လက်ကိုင်ကွင်းအား ကြိုးဖြင့်ချည်ကာ ဘာဂျာတံခါးအားပိတ်၍ သော့ပေါက်တွင် ဘောပင်ဖြင့်ထိုးကာ ထွက်ပြေးသွားခဲ့ဖြစ်စဉ် ကျူးလွန်ခဲ့သူ နိုင်မင်းထွန်းနှင့် ဦးကဲ(ခ) အောင်ဆန်းထွေးတို့ကိုပါ ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ယင်း ဖြစ်စဉ်နှင့်ပတ်သက်ပြီး စျေး (၁) မီနဘဏ် ဌာန တာဝန်ခံ ဒေါ်နန်းအေးအေးသင်းက တရားလိုပြုလုပ်ကာ တိုင်တန်းသဖြင့် မြစ်ကြီးနားမြို့မ ရဲစခန်းတွင် (ပ)၁၃/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ -၃၉၄/၁၁၄ ဖြင့် အမှု ဖွင့်အရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

ကချင်ပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးကြီးထက်လွင်က “ကမ္ဘောဇ မီနီဘဏ်ကို လုယူသွားတဲ့သူတွေ ကွင်းဆက် တရားခံတွေပါမိပါပြီ။ အမှုကဖြစ်တာကြာသွားတော့ သက်သေခံ ပစ္စည်းတွေကို သိမ်းဆည်းနေပါတယ်။ တချို့ လည်း ငွေသားကျန်သေးတယ်။ အောက်ခြေ မှာ ရဲတပ်ဖွဲ့ဝင်တွေ အချိန်နဲ့ တစ်ပြေးညီ ဆောင် ရွက်နေကြတယ်။နောက်ဆုံးအချက်အလက်တွေကိုတော့ မသိရသေးဘူး။ ဘဏ်လုယက်မှုကိုတော့ အပြည့်အဝဖော်ထုတ်နိုင်ပြီလို့ ပြောနိုင်ပါတယ်” ဟု ပြောကြားသည်။

 

 

Most Read

Most Recent