မိတ္ထီလာမြို့နယ် အလည်ရွာရဲကင်းစခန်းမှ ရဲတပ်သားနှစ်ဦး အချင်းချင်းစကားများရန်ဖြစ်ရာမှ လက်သီးဖြင့်ထိုးသဖြင့် ရဲတပ်သားတစ်ဦး သေဆုံး

မိတ္ထီလာမြို့နယ် အလည်ရွာရဲကင်းစခန်းမှ ရဲတပ်သားနှစ်ဦး အချင်းချင်းစကားများရန်ဖြစ်ရာမှ လက်သီးဖြင့်ထိုးသဖြင့် ရဲတပ်သားတစ်ဦး သေဆုံး
Published 30 August 2019
ဝဏ္ဏ (မိတ္ထီလာ)

          မိတ္ထီလာမြို့နယ် အလည်ရွာရဲကင်းစခန်း မှ ရဲတပ်သားနှစ်ဦး အချင်းချင်းစကားများရန် ဖြစ်ရာမှ လက်သီးဖြင့်ထိုးသဖြင့် ရဲတပ်သား တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

          သြဂုတ်၂၉ရက်နံနက်ပိုင်းက မိတ္ထီလာ မြို့နယ် အလည်ရွာရဲကင်းစခန်းမှူး ရဲအုပ် စောရွှေမောင်သည် လက်နက်မှုနှင့် ဖမ်းဆီး ထားသော တရားခံတစ်ဦးအား တရားစွဲဆို တင်ပို့နိုင်ရန် ရဲတပ်သားတင်စိုးဝေ၊ ရဲတပ်သား ထွန်းထွန်းလင်း၊ ရဲတပ်သားမျိုးကိုကိုတို့ဖြင့် လုံခြုံရေးရယူကာ ရဲစခန်းမှ တရားရုံးသို့ ထွက် ခွာလာခဲ့ကြောင်း သိရသည်။

          ထို့နောက် အလည်ရွာရဲကင်းစခန်းမှူး ရဲအုပ်စောရွှေမောင်က တရားစွဲဆိုတင်ပို့နိုင် ရန် မိတ္ထီလာခရိုင် တရားရုံးတွင် ရဲလုပ်ငန်း ဆောင်ရွက်ရန်နေခဲ့ပြီး ရဲတပ်သားတင်စိုးဝေ၊ ရဲတပ်သားထွန်းထွန်းလင်းနှင့် ရဲတပ်သားမျိုး ကိုကိုတို့မှာ စခန်းသို့မပြန်မီ မိတ္ထီလာမြို့ မြို့မ လေးရပ်ကွက်ရှိ ရှမ်းထမင်းဆိုင်တွင် နေ့လယ် စာဝင်စားစဉ် ရဲတပ်သားတင်စိုးဝေမှာ အရက် ရှစ်ပက်ခန့် သောက်သုံးခဲ့ကြောင်း သိရသည်။

          ထို့နောက် ရဲတပ်သား မျိုးကိုကိုမှာ စခန်း မှူးရဲအုပ်စောရွှေမောင်အား ကူညီရန် တရား ရုံးသို့ ပြန်သွားခဲ့ပြီး ရဲတပ်သား တင်စိုးဝေမှာ ရဲတပ်သားထွန်းထွန်းလင်း မောင်းနှင်စီးနင်း သည့်ဆိုင်ကယ်ဖြင့် အလည်ရွာရဲကင်းစခန်း သို့ ပြန်ခဲ့ရာ ရဲတပ်သားတင်စိုးဝေမှာ အရက် မူးနေသဖြင့် အလည်ရွာရဲကင်းစခန်းကင်းရုံ အတွင်းထားရှိခဲ့ပြီး ညနေပိုင်းတွင် ရဲတပ်သား တင်စိုးဝေ၏ဇနီးက နေအိမ်သို့ ပြန်အိပ်ရန်နှိုး သဖြင့် ရဲတပ်သားတင်စိုးဝေမှာ အိပ်နေရာမှ ထပြီး အလှည့်ကျကင်းတာဝန်ထမ်းဆောင် နေသော ရဲတပ်သားအောင်စိုးမင်းအား လက်သီးဖြင့် ထိုးသဖြင့် ရဲတပ်သားအောင်စိုးမင်းက ရဲတပ်သားတင်စိုးဝေနောက်ကျောအား လက်သီးဖြင့် တစ်ချက်ထိုးခဲ့ရာ ရဲတပ်သားတင်စိုး ဝေမှာ  ကင်းရုံအတွင်းမှောက်လျက် သတိမေ့ သွားခဲ့သဖြင့် မိတ္ထီလာမြို့နယ် အလည်ရွာ ကျေးရွာ တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရာမိတ္ထီလာခရိုင်ပြည်သူ့ဆေးရုံ ကြီးသို့  လွှဲသဖြင့် မိတ္ထီလာခရိုင်ပြည်သူ့ဆေးရုံ ကြီးသို့ ည ၇ နာရီ ကျော်တွင် ရောက်ရှိစဉ် တာဝန်ကျဆရာဝန်က စစ်ဆေးခဲ့ရာ ရဲတပ်သားတင်စိုးဝေမှာသေဆုံး သွားခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်းကနဦးစစ် ဆေးချက်အရ သိရသည်။

          “လက်သီးနဲ့ ထိုးလိုက်တဲ့ တပ်သားကို ဖမ်းဆီးထားတယ်။ အချင်းချင်း တစ်ယောက် တစ်ပေါက်စကားများရင်း ထိုးလိုက်တယ်လို့ ပြောပါတယ်” ဟု မိတ္ထီလာမြို့ နယ် အလည်ရွာ ရဲကင်းစခန်းမှူး ရဲအုပ်စောရွှေမောင်က သြ ဂုတ် ၃၀ ရက် နံနက်ပိုင်းက ပြောကြားသည်။

          အဆိုပါအမှုအား မိတ္ထီလာမြို့နယ် အလည်ရွာရဲကင်းစခန်းက (ပ)၃၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေး အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

          ၂၀၁၉ ခုနှစ် မေ ၁၆ ရက်ကလည်း မိတ္ထီ လာမြို့ မြို့ မရဲစခန်းမှ ရဲအုပ်တစ်ဦးက ဇနီးသည်အား သေနတ်ဖြင့်ပစ်သတ်ကာ မိမိကိုယ် ကိုယ်သေနတ်ဖြင့်ပစ်ကာ သတ်သေမှုဖြစ်ပွား ခဲ့ပြီး ၂၀၁၉ ခုနှစ် သြဂုတ် ၂၅ ရက်က မိုးမိတ် မြို့နယ် အမှတ် (၂၄) မူးယစ်တပ်ဖွဲ့စု မိုးမိတ် လှုပ်ရှားတပ်ဆွယ်မှ ရဲအရာခံတစ်ဦးအား အရက်မသောက်ရန်ဆုံးမစဉ် စကားများသ ဖြင့် မကျေမနပ်ဖြစ်ကာ ရဲအရာခံက သေနတ် ဖြင့် ပစ်ခတ်သဖြင့် ရဲအုပ်တစ်ဦးသေဆုံးခဲ့ပြီး ဒုရဲအုပ်တစ်ဦးဒဏ်ရာရရှိခဲ့ကာ ရဲအရာခံမှာ လည်း ကိုယ့်ကိုယ်ကိုယ် ပစ်သတ်သေဆုံးခဲ့ ကြောင်း သိရသည်။           

 

Most Recent