သောင်ရင်းတစ်ဖက်ကမ်း တာ့ခ်ခရိုင် ဖုတ်ဖရမြို့နယ်တွင် ကိုးနှစ်အရွယ် မိန်းကလေးငယ်အား ပထွေးဖြစ်သူက အဓမ္မပြုကျင့်မှု အကြိမ်ကြိမ်ဖြစ်ပွား

သောင်ရင်းတစ်ဖက်ကမ်း တာ့ခ်ခရိုင် ဖုတ်ဖရမြို့နယ်တွင် ကိုးနှစ်အရွယ် မိန်းကလေးငယ်အား ပထွေးဖြစ်သူက အဓမ္မပြုကျင့်မှု အကြိမ်ကြိမ်ဖြစ်ပွား
Published 24 August 2019
ကိုရွှေသိန်း (မြဝတီ)

သောင်ရင်းတစ်ဖက်ကမ်းရှိ နယ်စပ် ဖုတ်ဖရမြို့နယ်၊ အမှတ် ၇ ရပ်ကွက်တွင် ကိုးနှစ်အရွယ် မယားပါသမီးအား ပထွေးဖြစ်သူက အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ပြီး သြဂုတ်၂၄ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဖုတ်ဖရမြို့နယ် နယ်စပ်တောင်ယာ စိုက်ပျိုးမြေထဲတွင် အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းလုပ်သား တစ်ဦးဖြစ်သူ မောင်မြင့် (၄၀) နှစ်သည် ကိုးနှစ်အရွယ် သမီးငယ်အား မိခင်မရှိချိန် လွန်ခဲ့သော နှစ်လခန့်က အဓမ္မပြုကျင့်လာခဲ့ရာ သြဂုတ် ၂၄ရက် ပြုကျင့်ခဲ့သည့် ဖြစ်စဉ်အား ကလေးသူငယ် စောင့်ရှောက်ရေးသို့ သွားရောက် တိုင်ကြားခဲ့ခြင်းကြောင့် ဖုတ်ဖရရဲစခန်းသို့ သွားရောက် တိုင်ကြားခဲ့သဖြင့် အရေးယူ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မဲဆောက်မြို့ ကလေးသူငယ် စောင့်ရှောက်ရေးအဖွဲ ့မှ ဖုတ်ဖရ ရဲစခန်းသို့ တိုင်တန်းခဲ့ရာ ရဲတပ်ဖွဲ့ဝင်များ သြဂုတ် ၂၄ ရက် နံနက် ၉ နာရီခန့်က မောင်မြင့်အား ၄င်းတို့နေထိုင်ရာ တဲအိမ်၌ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံအတွင်း ၁၅ နှစ် အောက် အုပ်ထိန်းမှုမကင်းသူအား အဓမ္မပြုကျင့်သည့်အတွက် (သက်ငယ်မုဒိမ်း) ပြစ်မှုတစ်ခုနှင့် တရားမဝင် နေထိုင်မှုတို့ဖြင့် အရေးယူ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent