သာကေတမြို့နယ် ရှုခင်းသာအိမ်ရာဝင်းအတွင်း ဖြစ်ပွားခဲ့သော လူသတ်မှုဖြစ်စဉ်မှာ ငါးလကျော်သည်အထိ ဖမ်းဆီးရမိခြင်းမရှိသေးဘဲ ကျုးလွန်သူကို သတင်းပေးနိုင်သူအား သေဆုံးသူ၏ခင်ပွန်းက ဆုငွေကျပ် ၁၀ သိန်းပေးမည်

သာကေတမြို့နယ် ရှုခင်းသာအိမ်ရာဝင်းအတွင်း ဖြစ်ပွားခဲ့သော လူသတ်မှုဖြစ်စဉ်မှာ ငါးလကျော်သည်အထိ ဖမ်းဆီးရမိခြင်းမရှိသေးဘဲ ကျုးလွန်သူကို သတင်းပေးနိုင်သူအား သေဆုံးသူ၏ခင်ပွန်းက ဆုငွေကျပ် ၁၀ သိန်းပေးမည်
Published 23 August 2019
သီဟအောင်

                                သာကေတမြို့နယ် ရှုခင်းသာအိမ်ရာ ဝင်းအတွင်း ဖြစ်ပွားခဲ့သော လူသတ်မှုဖြစ်စဉ် အား ငါးလကျော်ကြာမြင့်သည်အထိ ဖမ်းဆီး ရမိခြင်းမရှိသေးဘဲ ကျုးလွန်သူကို သတင်း ပေးနိုင်သူအား  ဆုငွေ ကျပ် ၁၀ သိန်းပေးမည် ဖြစ်ကြောင်း သြဂုတ် ၂၂ ရက်တွင် သေဆုံးသူ၏ခင်ပွန်းက ပြောကြားသည်။

“ဆုငွေထုတ်တာက အခုတရားခံက ဖမ်းမမိသေးတာ ငါးလကျော်ကြာပြီ။ သက် ဆိုင်ရာအဖွဲ့အစည်းတွေကလည်း စုံတော့ စုံစမ်းနေတယ်။ စုံစမ်းပေမဲ့ သူတို့လည်း အခက်အခဲရှိမယ်ထင်တယ်။ ဆုငွေထုတ် လိုက်တဲ့အခါကျတော့ တကယ်ပိုက်ဆံလိုနေ တဲ့သူတွေက အခုခေတ်က ငွေကြေးရှားပါး နေတာလေ၊ တရားခံနေတဲ့ ပတ်ဝန်းကျင်နား က လူတွေကတော့ တရားခံရဲ့သွားလာမှုကို သိမှာပဲလေ။ ဆုငွေကိုမြင်ပြီး သတင်းပေးမလား။ ကျွန်တော်လည်း တစ်ဖက်တစ်လမ်း ကနေပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ပေါ့။ အ လုပ်တစ်ဖက်နဲ့ဆိုတော့လည်း တောက်လျှောက် လိုက်စုံစမ်းဖို့က မအားဘူးလေ။ဆုငွေလေးထုတ်လိုက်တော့ တရားခံကိုပိုပြီး နီးစပ်လာမလားဆိုပြီး ထုတ်လိုက်တာပါ။ ရဲကတော့ သံသယရှိတဲ့သူတွေကို စစ်ဆေး တယ်လို့ပြောတယ်။ စီစီတီဗွီမှတ်တမ်းမှာ တောင် ပေါ်နေတဲ့ဟာကို ခုထိ ဖမ်းဆီးရမိခြင်း မရှိသေးတာက ရဲတပ်ဖွဲ့၏ အားနည်းချက်လို့ ကျွန်တော် Personal စိတ်အရ မြင်မိပါတယ်” ဟု သေဆုံးသူ၏ခင်ပွန်းဖြစ်သူ ကိုဝင်းဇော် ထွန်း(ခ)ကိုပီတာက ပြောကြားသည်။

ထို့ပြင် ဇနီးဖြစ်သူသေဆုံးမှုနှင့်ပတ်သက် ပြီး နေပြည်တော်မှ သက်ဆိုင်ရာအဖွဲ့အစည်းများသို့ စာပို့တိုင်တန်းထားကြောင်း၊ အသနားခံစာ တိုင်ကြားစာဌာနတစ်ခုမှသာ  စာတစ်စောင်ပြန်ရောက်လာပြီး အဆိုပါစာ ထဲတွင် ၎င်းင်းပို့သည့်စာအား ပြည်ထဲရေးဝန် ကြီးသို့ တင်ပေးထားသည့်စာသာ ပြန်ရောက် လာကြောင်းနှင့် ဆက်လက်မထူးခြားပါက စာများ ထပ်တင်သွားမည်ဖြစ်ကြောင်း ကို ဝင်းဇော်ထွန်း (ခ) ကိုပီတာက ပြောကြား သည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး သာကေတမြို့ မရဲစခန်းမှ ဒုရဲမှူးမင်းသိန်းဝေက “သံသယ ရှိသူ အယောက် ၂၀  ကိုခေါ်ယူစစ်ဆေးတယ်။တစ်ယောက်ကိုတော့ သိထားတယ်။ ဖမ်းဆီး ရမိခြင်းမရှိသေးပါဘူး။ ဖမ်းဆီးရမိဖို့ ဆက် လက်ဆောင်ရွက်နေပါတယ်”ဟု ပြောကြား သည်။

အဆိုပါဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ် မတ် ၁၈ ရက်တွင် သာကေတမြို့နယ်၊ ရှုခင်းသာအိမ်ရာဝင်း၊ သဇင်လမ်း၊ တိုက်အမှတ် ၃၀၂ အောက်ထပ်ရှိ ကုန်စုံဆိုင်တစ်ဆိုင်သို့ အမျိုး သားတစ်ဦးရောက်လာပြီး ဆိုင်တွင်ရှိသည့် ဆိုင်ပိုင်ရှင် အမျိုးသမီးဖြစ်သူ ကိုဝင်းဇော် ထွန်း (ခ) ကိုပီတာ၏ဇနီးအား ရိုက်နှက်ပြီး ရွှေထည်ပစ္စည်းများနှင့်ပိုက်ဆံများ လုယက် သွားခဲ့ခြင်းဖြစ်ကာ သာကေတမြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်ထား ကြောင်း သိရသည်။

 

Most Read

Most Recent