၂၀၁၈-၂၀၁၉ ခုနှစ် ဇွန်လကုန်အထိ မိုးစပါး ၁၅၀၈၃၁၅၆ ဧက၊ နွေစပါး ၂၇၇၇၈၉၉ ဧက စိုက်ပျိုးခဲ့ပြီး မိုးစပါး ၁၀၈၂၅၈၇၀၃၉ တင်း၊ နွေစပါး ၂၁၁၉၆၉၂၅၃ တင်းထွက်ရှိကာ စုစုပေါင်းစပါး တင်း ၁၂၉၄ ဒသမ ၅ သန်းကျော် ထွက်ရှိ

၂၀၁၈-၂၀၁၉ ခုနှစ် ဇွန်လကုန်အထိ မိုးစပါး ၁၅၀၈၃၁၅၆ ဧက၊ နွေစပါး ၂၇၇၇၈၉၉ ဧက စိုက်ပျိုးခဲ့ပြီး မိုးစပါး ၁၀၈၂၅၈၇၀၃၉ တင်း၊ နွေစပါး ၂၁၁၉၆၉၂၅၃ တင်းထွက်ရှိကာ စုစုပေါင်းစပါး တင်း ၁၂၉၄ ဒသမ ၅ သန်းကျော် ထွက်ရှိ
စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်တွင် မိုးစပါး ရိတ်သိမ်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဌေးလှအောင်)
စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်တွင် မိုးစပါး ရိတ်သိမ်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဌေးလှအောင်)
Published 17 August 2019
စည်သူအောင်

၂၀၁၈-၂၀၁၉ ခုနှစ် ဇွန်လကုန်အထိ မြန်မာနိုင်ငံတွင် မိုးစပါး ၁၅၀၈၃၁၅၆ ဧက၊ နွေစပါး ၂၇၇၇၈၉၉ ဧက စိုက်ပျိုးခဲ့ပြီး မိုးစပါး ၁၀၈၂၅၈၇၀၃၉ တင်း၊ နွေစပါး ၂၁၁၉၆၉၂၅၃ တင်းထွက်ရှိကာ စုစုပေါင်း စပါးတင်း ၁၂၉၄ ဒသမ ၅ သန်းကျော် ထွက်ရှိခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနမှ ထုတ်ပြန်သော သတင်းအချက်အလက်များအရ သိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် မိုးစပါးနှင့် နွေစပါးစိုက်ဧကများမှာ ပြည် ထောင်စုနယ်မြေတွင် ၂၀၃၄၁၄ ဧက၊ ကချင် ပြည်နယ်တွင် ၄၆၀၉၁၄ ဧက၊ ကယားပြည် နယ်တွင် ၈၇၈၆၆ ဧက၊ ကရင်ပြည်နယ်တွင်  ၅၄၆၃၁၃ ဧက၊ ချင်းပြည်နယ်တွင် ၇၈၉၄၇ ဧက၊  စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၇၉၃၃၁ ဧက၊ တနင်္သာရီတိုင်း ဒေသကြီးတွင် ၂၄၀၉၉၈ ဧက၊ ပဲခူးတိုင်းဒေသကြီး ၃၁၄၄၇၉၄ ဧက၊ မကွေးတိုင်းဒေသကြီးတွင် ၇၀၇၈၆၈ ဧက၊ မန္တလေးတိုင်းဒေသကြီးတွင် ၆၇၂၄၉၃ ဧက၊ မွန်ပြည်နယ်တွင် ၇၃၃၉၅၇ ဧက၊ ရခိုင်ပြည် နယ်တွင် ၁၀၂၄၉၄၃ ဧက၊ ရန်ကုန်တိုင်းဒေသ ကြီးတွင် ၁၃၇၉၂၄၃ ဧက၊ ရှမ်းပြည်နယ် တောင်ပိုင်းတွင် ၅၇၀၀၅၄ ဧက၊ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ၄၄၈၇၅၇ ဧက၊ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ၂၉၃၉၄၈ ဧက၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၅၁၈၆၂၃၄ ဧကတို့ဖြစ်သည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် မိုးစပါးနှင့် နွေးစပါး ထွက်ရှိမှု ပမာဏများမှာ ပြည်ထောင်စုနယ်မြေတွင် တင်း ၁၆၅၇၃၃၈၀၊ ကချင်ပြည်နယ်တွင် ၃၀၅၈၉၄၄၈ တင်း၊ ကယားပြည်နယ်တွင် ၅၇၂၈၈၆ တင်း၊ ကရင် ပြည်နယ်တွင် ၃၇၈၅၉၁၀၉ တင်း၊ ချင်းပြည်နယ်တွင် ၃၆၂၃၈၃၅ တင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၁၅၃၇၀၅၁၁၆ တင်း၊ တနင်္သာရီတိုင်း ဒေသကြီးတွင် ၁၆၈၁၆၃၂၉ တင်း၊ ပဲခူးတိုင်းဒေသကြီးတွင် ၂၂၇၀၈၂၄၃၀ တင်း၊ မကွေးတိုင်း ဒေသကြီးတွင် ၄၈၅၈၉၉၄၉ တင်း၊ မန္တလေးတိုင်း ဒေသကြီးတွင် ၄၈၀၅၆၉၃၂ တင်း၊ မွန်ပြည်နယ်တွင် ၄၇၃၁၈၂၇၉ တင်း၊ ရခိုင် ပြည်နယ်တွင် ၆၃၀၈၉၅၆၀ တင်း၊ ရန်ကုန် တိုင်းဒေသကြီးတွင် ၉၆၃၄၃၀၉၄ တင်း၊ ရှမ်း ပြည်နယ်တောင်ပိုင်းတွင် ၃၆၂၇၉၁၆၀ တင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တင်း ၃၈၄၁၈၀၂၀၊ ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသတွင် ၂၂၈၉၀၉၂၃ တင်း၊ ဧရာဝတီတိုင်း ဒေသကြီး တွင် ၄၀၀၅၀၀၅၅၃ တင်းထွက်ရှိခဲ့သည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ပျမ်းမျှတစ်ဧက စပါးထွက်ရှိမှုပမာဏများ မှာ ပြည်ထောင်စုနယ်မြေတွင် ၈၆ ဒသမ ၁၁ တင်း၊ ကချင်ပြည်နယ်တွင် ၆၈ ဒသမ ၇၉ တင်း၊ ကယားပြည်နယ်တွင် ၆၇ ဒသမ ၈၅ တင်း၊ ကရင်ပြည်နယ်တွင် ၇၀ ဒသမ ၆၈ တင်း၊ ချင်းပြည်နယ်တွင် ၄၅ ဒသမ ၉၃ တင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၈၂ ဒသမ ၃၃ တင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၆၉ ဒသမ ၅၂ တင်း၊ ပဲခူးတိုင်းဒေသကြီးတွင် ၇၈ ဒသမ ၈၅ တင်း၊ မကွေးတိုင်းဒေသကြီးတွင် ၇၅ ဒသမ ၃၉ တင်း၊ မန္တလေးတိုင်းဒေသကြီး တွင် ၈၁ ဒသမ ၄၉ တင်း၊ မွန်ပြည်နယ်တွင် ၆၄ ဒသမ ၆၄ တင်း၊ ရခိုင်ပြည်နယ်တွင် ၆၁ ဒသမ ၆၀ တင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၇၈ ဒသမ ၁၅ တင်း၊ ရှမ်းပြည်နယ်တောင် ပိုင်းတွင် ၆၆ ဒသမ ၈၂ တင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ၈၆ ဒသမ ၃၅ တင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ၇၇ ဒသမ ၉၀ တင်း၊ ဧရာဝတီတိုင်း ဒေသကြီးတွင် ၇၇ ဒသမ ၄၁ တင်းတို့ဖြစ်သည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်မိုးစပါး၊ နွေစပါး စိုက်ဧက ၁၉ သန်းကျော်ရှိပြီး ကျေးလက်နေ အိမ်ထောင်စု ငါးသန်းကျော်က စိုက်ပျိုးလုပ် ကိုင်နေခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် စပါးနှင့် ငါးလုပ်ငန်းကဏ္ဍ တိုးတက်ဆောင်ရွက်နိုင်ရန် အလားအလာကောင်းများ ရှိနေပြီး လက်ရှိတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ အနေဖြင့် စုစုပေါင်း ပြည်တွင်းထွက်ကုန်တန်ဖိုး (ဂျီဒီပီ)၏ သုံးပုံတစ်ပုံ၊ အလုပ်အကိုင်ရရှိမှု၏ သုံးပုံနှစ်ပုံ၊ နိုင်ငံခြားငွေရရှိမှု၏ သုံးပုံတစ်ပုံအထိ ရှိနေသကဲ့သို့ နိုင်ငံ့လူဦးရေ၏ ရာခိုင်နှုန်း ၇၀ သည် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍမှ ဝင်ငွေရရှိနေခြင်းဖြစ်သည်။

 

Most Read

Most Recent