■ PHOTO ESSAY : တောင်ပြုန်းပွဲတော် ပခန်းမင်းပို့နေ့တွင် အနယ်နယ်အရပ်ရပ်မှ လာရောက်သူများဖြင့် စည်ကား

■ PHOTO ESSAY : တောင်ပြုန်းပွဲတော် ပခန်းမင်းပို့နေ့တွင် အနယ်နယ်အရပ်ရပ်မှ လာရောက်သူများဖြင့် စည်ကား
■ ဓာတ်ပုံ- သက်ထွန်းအောင်
■ ဓာတ်ပုံ- သက်ထွန်းအောင်
Published 15 August 2019

တောင်ပြုန်းပွဲတော် (ဝါခေါင်လဆန်း ၁၅)ရက် လပြည့်နေ့ ပခန်းမင်းပို့နေ့တွင် အနယ်နယ်အရပ်ရပ်မှ လာရောက်သူများဖြင့် စည်ကားကြောင်း သိရသည်။

"ဒီနေ့ ပခန်းမင်းပို့ပွဲနေ့က အရင်ရက်တွေထက် ရထားပိုစီးတဲ့သူများတာကို တွေ့ရတယ်။ အရင်နှစ်တွေထက်စာရင် လူမများဘူး။ လူနည်းနေတာကို တွေ့ရတယ်"ဟု မန္တလေးမြို့ရှိ တောင်ပြုန်းဘူတာမှ  ဝန်ထမ်းတစ်ဦးက ဆိုသည်။

ဝါခေါင်လတွင် နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိသည့် တောင်ပြုန်းပွဲတော် အခမ်းအနားကို ဝါခေါင်လဆန်း ၈ ရက်နေ့တွင် ပထမနေ့အဖြစ် ကန်တော့ခံ။ ဝါခေါင်လဆန်း ၉ ရက်နေ့တွင် ဒုတိယနေ့ ကန်တော့ခံ။ ဝါခေါင်လဆန်း ၁၀ ရက်နေ့တွင် ည ညီလာခံ။ ဝါခေါင်လဆန်း ၁၁ ရက်နေ့တွင် ချိုးရေတော်သုံး။ ဝါခေါင်လဆန်း ၁၂ ရက်နေ့တွင် နန်းတက်ပွဲများ။ ဝါခေါင်လဆန်း ၁၃ ရက်နေ့တွင် ယုန်ထိုး။ ဝါခေါင်လဆန်း ၁၄ ရက်နေ့တွင် ထိန်ခုတ်။ ဝါခေါင်လဆန်း ၁၅ ရက်နေ့တွင် ပခန်းမင်းပို့။ ဝါခေါင်လပြည့်ကျော် ၁ ရက်နေ့တွင် ရွှေဘုံဆင်းပွဲများ ကျင်းပကြောင်း သိရသည်။

ဝါခေါင်လဆန်း ၁၅ ရက် (လပြည့်နေ့)တွင် ပခန်းမင်းပို့ပွဲကို ညပိုင်းတွင် ကျင်းပပြီး တောင်ပြုန်းပွဲတော်သို့ ကြွလာကြသည့် ပခန်းမင်းအား ပွဲတော်နောက်ဆုံး ညတွင် နှုတ်ဆက်ကန်တော့ပွဲ ကျင်းပခြင်း ဖြစ်ကြောင်း။ ဝါခေါင်လပြည့်ကျော် ၁ ရက်နေ့တွင် ရွှေဘုံဆင်းပွဲ အခမ်းအနားသည် မင်းနှစ်ပါးအား ရွှေချကြကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။

တောင်ပြုန်းပွဲတော်ကျင်းပရန် ပြင်ဆင်မှုသည် ယခင်နှစ်များထက် နောက်ကျခဲ့ကြောင်း ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားမှု အခြေအနေများကြောင့် ပွဲတော် ဖြစ်မဖြစ် သံသယများ ရှိသည့်အတွက် အနယ်နယ်အရပ်ရပ်မှ လာရောက်သည့် လူဦးရေမှာ ယခင်​စည်ကားခဲ့သော နှစ်များထက်​လျော့နည်းကြောင်း နန်းထိန်းများထံမှ သိရသည်။

 

 

Most Read

Most Recent