ကမ္ဘာ့ရွှေစျေးနှုန်း ဒေါ်လာ ၁၅၀၀ ဝန်းကျင်အထိ ကျဆင်းခဲ့ပြီး ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၁၂၁၃၀၀၀ အထိပြန်ကျ

ကမ္ဘာ့ရွှေစျေးနှုန်း ဒေါ်လာ ၁၅၀၀ ဝန်းကျင်အထိ ကျဆင်းခဲ့ပြီး ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၁၂၁၃၀၀၀ အထိပြန်ကျ
Published 14 August 2019

ကမ္ဘာ့ရွှေစျေးနှုန်းသည် သြဂုတ် ၁၄ ရက်တွင် ဒေါ်လာ ၁၅၀၀၀ ဝန်းကျင်အထိ ကျဆင်းခဲ့ပြီး ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၁၂၁၃၀၀၀ ဝန်းကျင်အထိ ပြန်ကျခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

၂၀၁၆ ခုနှစ်မှစ၍၂၀၁၉ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန်တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀ ဖြစ်သည်။

ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းကို ကျော်လွန်လာခဲ့ပြီး လက်ရှိအချိန်တွင် ကျပ် ၁၂၃၀၀၀၀ ကျော်အထိ မြင့်တက်လာခြင်း ဖြစ်သည်။

ပြည်တွင်းရွှေစျေးနှုန်းသည် ၂၀၁၉ ခု နှစ် ဇန်နဝါရီ ၃ ရက်တွင် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်၌ဖြစ်ပေါ်ခဲ့သော ကျပ် ၁၀၄၇၇၀၀ စံချိန်ကို ကျပ် ၁၀၄၈၅၀၀၊ ဖြင့် ကျော်ဖြတ်ခဲ့ပြီး စံချိန်သစ်များ ဆက်တိုက်တင်ခဲ့ကာ ဇန်နဝါရီ ၃၁ ရက်တွင် ကျပ် ၁၀၆၃၀၀၀ အထိ ဖြစ်ပေါ်ခဲ့သည်။ ထို့နောက် ရွှေစျေးများ ဆက်လက်မြင့်တက်ခဲ့ရာ ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀ အ ထိ၊ ၂၀၁၉ ခုနှစ် ဇွန် ၂၀ ရက်တွင် ကျပ် ၁၁၀၁၀၀၀ အထိ၊ ဇူလိုင် ၁၁ ရက်တွင် ကျပ် ၁၁၃၆၀၀၀ အထိ၊ ဇူလိုင် ၂၅ ရက်တွင် ကျပ် ၁၁၅၀၀၀၀ အထိမြင့်တက်ခဲ့ သြဂုတ် ၂ ရက် တွင် ကျပ် ၁၁၅၂၀၀၀ ဖြင့် စံချိန်ချိုးခဲ့ပြီး သြ ဂုတ် ၃ ရက်တွင် ကျပ် ၁၁၅၄၉၀၀၊ သြဂုတ် ၅ ရက်တွင် ကျပ် ၁၁၆၇၀၀၊ သြဂုတ် ၆ ရက်တွင် ကျပ် ၁၁၇၃၀၀၀၊ သြဂုတ် ၇ ရက်တွင်   ကျပ် ၁၂၀၃၀၀၀၊ သြဂုတ် ၈ ရက်တွင် ကျပ် ၁၂၀၇၅၀၀၊ သြဂုတ် ၉ ရက်တွင် ကျပ် ၁၂၂၅၀၀၀၊ သြဂုတ်  ၁၃ ရက်တွင် ၁၂၃၇၀၀၀  အထိ စံချိန်သစ်များတင်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ခြောက်လအတွင်း လအလိုက် အနိမ့်ဆုံးနှင့် အမြင့်ဆုံးရွှေစျေးနှုန်းများမှာ ဖေဖော်ဝါရီလအတွင်း ကျပ် ၁၀၆၁၀၀၀-၁၀၈၈၅၀၀၊ မတ်လအတွင်း ကျပ် ၁၀၄၂၅၀၀-၁၀၇၂၀၀၀၊ ဧပြီလအတွင်း ကျပ် ၁၀၃၆၀၀၀-၁၀၅၅၀၀၀၊ မေလအတွင်း ကျပ် ၁၀၃၆၀၀၀ -၁၀၅၉၀၀၀၊ ဇွန်လအတွင်း ကျပ် ၁၀၅၆၀၀၀ -၁၁၃၀၀၀၀၊ ဇူလိုင်လအတွင်း ကျပ် ၁၀၉၇၀၀၀ -၁၁၅၀၀၀၀ တို့ ဖြစ်သည်။

ကမ္ဘာ့ရွှေစျေးနှုန်းကို ပြန်ကြည့်ပါက  ၂၀၁၇ ခုနှစ်ဧပြီလမှစ၍ အတက်အဆင်း ကြမ်းလျက်ရှိပြီး လတစ်လအတွင်း အမြင့်ဆုံးနှင့် အနိမ့်ဆုံးနှုန်းသည် ဒေါ်လာ ၃၀ ခန့်မှ ဒေါ်လာ ၇၀ ခန့်အထိ ကွာခြားခဲ့သည်။ လအလိုက်ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှင့်အမြင့်ဆုံး ကမ္ဘာ့ရွှေစျေးနှုန်းများမှာ ၂၀၁၉ခုနှစ် ဧပြီ တွင် ၁၂၆၉-၁၃၀၉ ဒေါ်လာ၊ မေတွင် ၁၂၇၀-၁၃၀၆ ဒေါ်လာ၊ ဇွန်တွင် ၁၃၀၅-၁၄၂၃ ဒေါ် လာ၊ ဇူလိုင်တွင် ၁၃၈၂-၁၄၄၅ ဝန်းကျင်ဖြစ် ပေါ်ခဲ့ပြီး ကွာဟချက် ဒေါ်လာ ၃၀ ဝန်းကျင်မှ ဒေါ်လာ ၁၀၀ ကျော်အထိ ရှိခဲ့သည်။

Most Read

Most Recent