လက်ရှိဘဏ္ဍာနှစ်အတွင်း မျှော်မှန်းထားသည့် ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၅၀၀ သာရှိစေရန်အတွက် ဘဏ္ဍာနှစ်ကုန်ဆုံးရန် နှစ်လခန့်ကျန်ရှိသော အချိန်အတွင်း လက်ရှိဖြစ်ပေါ်နေသည့် ကုန်သွယ်မှုလိုငွေထက် ဒေါ်လာသန်း ၆၀၀ ကျော် ထပ်မံလျော့ကျအောင် ဆောင်ရွက်ရမည်

လက်ရှိဘဏ္ဍာနှစ်အတွင်း မျှော်မှန်းထားသည့် ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၅၀၀ သာရှိစေရန်အတွက် ဘဏ္ဍာနှစ်ကုန်ဆုံးရန် နှစ်လခန့်ကျန်ရှိသော အချိန်အတွင်း လက်ရှိဖြစ်ပေါ်နေသည့် ကုန်သွယ်မှုလိုငွေထက် ဒေါ်လာသန်း ၆၀၀ ကျော် ထပ်မံလျော့ကျအောင် ဆောင်ရွက်ရမည်
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို  တွေ့ရစဉ်(ဓာတ်ပုံ-အောင်မျိုးသန့်)
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-အောင်မျိုးသန့်)
Published 13 August 2019

လက်ရှိဘဏ္ဍာနှစ်အတွင်း မျှော်မှန်းထားသည့်  ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၅၀၀ သာရှိစေရန်အတွက် ဘဏ္ဍာနှစ်ကုန်ဆုံးရန် နှစ်လခန့်သာ ကျန်ရှိသည့် အချိန်အတွင်း လက်ရှိဖြစ်ပေါ်နေသည့် ကုန်သွယ်မှု လိုငွေထက် ဒေါ်လာသန်း ၆၀၀ ကျော် ထပ်မံလျော့ကျအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကုန်သွယ်မှုဆိုင်ရာစာရင်းများအရ သိရသည်။

ကုန်သွယ်မှုလိုငွေဆိုသည်မှာ မိမိနိုင်ငံက တင်ပို့သည့်ပို့ကုန်တန်ဖိုးထက် သွင်းကုန်တန်ဖိုး မြင့်မားနေခြင်းကိုဆိုလိုသည်။ တစ်နည်းအားဖြင့် မိမိနိုင်ငံက တင်ပို့နိုင်မှုစွမ်းအားထက် ပြည်ပမှ ပိုမိုတင်သွင်းနေရခြင်း ဖြစ်သည်။

လက်ရှိ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ရက်မှ သြဂုတ် ၂ ရက်အထိ ဆယ်လကျော်အတွင်း ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၁၄ ဒသမ ၁၆၂ ဘီလျံရှိပြီး သွင်းကုန်တင်သွင်းမှုမှ ဒေါ် လာ ၁၅ ဒသမ၂၇၆ ဘီလျံကျော်အထိ တင်သွင်းထားသည်။

ထို့ကြောင့် သွင်းကုန်တန်ဖိုးက ပို့ကုန်တန်ဖိုးထက် ဒေါ်လာ ၁ဒသမ ၁၁၃ ဘီလျံ (ဒေါ်လာသန်း ၁၁ဝဝကျော်)အထိပိုများနေသောကြောင့် ကုန်သွယ်မှုလိုငွေမှာလည်း ဒေါ်လာသန်း ၁၁၀၀ ကျော်အထိ ရှိနေသည်။

လက်ရှိဘဏ္ဍာနှစ်တွင် ပြည်ပကုန်သွယ်မှု စုစုပေါင်းပမာဏ ဒေါ်လာဘီလျံ ၃၁ ကျော် ရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၅၀၀ ဝန်းကျင်အထိ လျော့ကျအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး ပထမနေ့တွင်  စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပြောကြားသည်။

လက်ရှိ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်သည် လာမည့်စက်တင်ဘာလကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ဘဏ္ဍာနှစ်ကုန်ဆုံးရန် နှစ်လခန့် သာ ကျန်ရှိတော့သည်။ လက်ရှိဘဏ္ဍာနှစ် ဆယ်လကျော်တွင် ကုန်သွယ်မှုလိုငွေသည်  ဒေါ်လာ သန်း ၁၁ဝဝကျော်အထ ရှိနေသည်။

ထို့ကြောင့် နှစ်လခန့်အတွင်း မျှော်မှန်းထားသော ကုန်သွယ်မှုလို ငွေဒေါ်လာသန်း ၅၀၀ အထိ လျော့ကျစေရန်အတွက် လက်ရှိကုန်သွယ်မှုလိုငွေ ပမာဏထက် ဒေါ်လာသန်း ၆၀၀ ကျော်အထိ ထပ်မံလျော့ကျအောင် ဆောင်ရွက်မည်ဖြစ်သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၃ ဘီလျံကျော်ရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာ ၃ ဒသမ ၈၃၆ ဘီလျံကျော်အထိ ရှိခဲ့သည်။၂၀၁၈ခုနှစ်ကြားကာလ ခြောက်လတွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၈ ဘီလျံကျော်ရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေဒေါ်လာ တစ်ဘီလျံကျော် ရှိခဲ့သည်။

Most Read

Most Recent