ထားဝယ်-ရေးလမ်းပိုင်းရှိ မလွှဲတောင်ပေါ်တွင် မိုးသည်းထန်စွာရွာသွန်း၍ ရေတိုက်စာမှုကြောင့် ပေ ၁၀၀ အရှည်၊ ၃၅ ပေအကျယ် အောက်မြေကြီးက ပေ ၅၀ အနက် ပြတ်ကျသွားခဲ့ပြီး ဆက်သွယ်မှုပြတ်တောက်

ထားဝယ်-ရေးလမ်းပိုင်းရှိ မလွှဲတောင်ပေါ်တွင် မိုးသည်းထန်စွာရွာသွန်း၍ ရေတိုက်စာမှုကြောင့် ပေ ၁၀၀ အရှည်၊ ၃၅ ပေအကျယ် အောက်မြေကြီးက ပေ ၅၀ အနက် ပြတ်ကျသွားခဲ့ပြီး ဆက်သွယ်မှုပြတ်တောက်
■ Photo - ကိုအောင်နိုင်
■ Photo - ကိုအောင်နိုင်
Published 10 August 2019
ဖြိုးဇင်(ထားဝယ်)

တနသာၤရီတိုင်းဒေသကြီးနှင့်မွန်ပြည်နယ်နယ်စပ်ရှိ မလွှဲတောင်ပေါ်မှ ထားဝယ်-ရေးလမ်းပိုင်း မိုင်တိုင် ၇၉ တွင်မိုးသည်းထန်စွာရွာသွန်း၍ ရေတိုက်စာမှုကြောင့်ပေ ၁၀၀ အရှည်၊ ၃၅ ပေအကျယ် အောက်မြေကြီးက ပေ ၅၀ အနက် ပြတ်ကျသွားခဲ့ပြီး့ဆက်သွယ်မှုပြတ်တောက်သွားခဲ့ကြောင်းသိရသည်။

ရန်ကုန်-ထားဝယ်ပြည်ထောင်စုလမ်းပိုင်းပေါ်ရှိ အဆိုပါမလွှဲတောင်ကြောပေါ်၌ ပြီးခဲ့သည်ရက်ပိုင်းမှစ၍မိုးသည်းထန်စွာရွာသွန်းမှုကြောင့်တောင်နံရံများပြိုကျမှုဖြစ်ပွားခဲ့ပြီး မြန်မာပြည်တောင်ပိုင်းမှအထက်ပိုင်းသို ့သွားလာနေသည့်မော်တော်ယာဉ်များလမ်းပိတ်ဆို ့မှုဖြစ်ပွားခဲ့ကြောင်း၊အဆိုပါတောင်နံရံပြုကျနေမှုများမှာ မလွှဲတောင်ကြောပေါ်ရှိ မွန်ပြည်နယ်ဘက်ခြမ်းနှင့် တနသာင်္ရီတိုင်းဘက်ခြမ်းများ၌ဖြစ်ပွားနေခဲ့ရာမှ သြဂုတ်လ ၁၀ ရက်နေ ့တွင် တောင်နံရံပြိုကျသည့်နေရာအများအပြားဖြစ်လာပြီး လမ်းပို်င်းပြတ်ကျမှုပါဖြစ်ပွားခဲ့သောကြောင့်အဆက်အသွယ်ပြတ်တောက်သွားကြောင်းသိရသည်။

"အစကလမ်းသား​တွေပဲ့နေတာရှိတယ်​။ဖြစ်​တာက​တော့ မလွှဲတောင်​တစ်တောင်​လုံးပါပဲ။အလယ်​စခန်းကနေ​တောင်ပေါ်အထိအားလုံးပြိုတာ​။​မြေပြို​နေတာက ​နေရာ​တော်တော်​စိပ်တယ်​။​ရေးဘက်ခြမ်းလည်​ပြိုတယ်​။ထားဝါ်ဘက်ခြမ်းက​တော့ ၇​နေရာ ၈ ​နေရာ​လောက်​ပြို​နေတယ်​။​ရေးဘက်​ခြမ်းမှာက ကျွန်တော် ​တို ့ကြားရတာ ၆ ​နေရာ​လောက်​ပြိုတယ်​ကြားတယ်​။လမ်းတပိုင်းလုံးပြတ်ကျသွားတာက ထားဝယ်​ဘက်​ကလာရင်​ မိုင်​တိုင်​ ၇၉/၄နဲ ့ ၇၉/၅ အကြားမှာ။ထားဝယ်​ဘက်ပိုင်းမှာ။ ဒီညနေပိုင်းကမှပြတ်​ကျသွားတာ။ ကျွန်တော်​တို ့စဖြတ်​တုန်းက လမ်းနှုတ်ခမ်းလေး ပဲပဲ့သေးတာ။ အခုကျ​တော့ပြတ်ကျသွားတယ်​​။​ပေ ၄၀၊ ၅၀ ​လောက်​ရှိမယ်​။ "ဟု မလွှဲတောင်လမ်းပိုင်း(တနသာင်္ရီဘက်ခြမ်း)၌တောင်နံရံပြိုကျနေမှုကိုလို်က်လံရှင်းလင်းနေသည့် လမ်းဦးစီးဌာန လမ်းအထူးအဖွဲ ့ ၂၃ မှ အင်ဂျင်နီယာတစ်ဦးဖြစ်သူ ကိုဟိန်းမြတ်စိုးကပြောကြားသည်။

သြဂုတ်လ ၁၀ ရက်နေ ့ညနေပိုင်းတွင် ရေး-ထားဝယ် ပြည်ထောင်စုလမ်းမလွှဲတောင်ရှိ 391km-391.5km အကြားတွင်တိုက်စားမှုကြောင့် ကားလမ်းအစိတ်အပိုင်းပဲ့ပါသွားကြောင်း သတင်းရရှိပြီး အချိန်မီ ပြင်ဆင်နိုင်ရေး လမ်းဦးစီးဌာနမှကြိုးစားဆောင်ရွက်လျှက်ကြောင်း၊လမ်းဦးစီးရုံးချုပ်ကွပ်ကဲမှုဖြင့် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းလမ်းဦးစီးပူးပေါင်းအဖွဲ့ဖြင့် ပိတ်မိယာဉ်များ ယာယီသွားလာနိုင်ရေး ဘေလီတံတားထိုး ဆောင်ရွက်မည်ဖြစ်ပြီး ရှင်မော်တောင်ပြိုကျသည့်နေရာသို ့သွားရာလမ်း၌ ပိတ်ဆို့နေသော တောင်ပြိုမြေများအား ရှင်းလင်းခြင်းနှင့် ရေတိုက်စားမှုကြောင့်ပြတ်တောက်သွားသော လမ်းပိုင်းအား ယာဉ်များသွားလာနိုင်ရန် ဗေလီတံတားထိုးခြင်းလုပ်ငန်းအား စတင်ဆောင်ရွက်သွားမည်ဟု တနသာင်္ရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်မောင်က ၎င်း၏လူမှုကွန်ယက်စာမျက်နှာပေါ်တွင်ရေးသားခဲ့သည်။ "မလွှဲတောင်​လမ်းက​တော့ တစ်နေရာတည်း မဟုတ်ဘူး။ထားဝယ်ဘက်ကနေပြီး လမ်းပြတ်ကျသွားတဲ့​နေရာကိုသွားဖို့တောင်​ ၃​နေရာလောက်​​မြေကြီး​တွေပြို​နေတယ်​။ဆို​တော့အဲဒီကိုဦးတည်​ပြီးသွားဖို ့​​မြေကြီးတွေကိုရှင်းထုတ်နေတယ်။ ရှင်းထုတ်​ပြီးပြီဆို​တော့ အခုကလမ်​းအထူးအဖွဲ ့ ရုံးချုပ်ကနေ တိုက်ရိုက်​ကွပ်ကဲပြီး​တော့ မွန်ပြည်နယ်​လမ်းဦးစီးဌာနရယ်​ ဒီဘက်က တနသာင်္ရီတိုင်း လမ်းဦးစီးဌာနရယ်​ ဒီဌာန ၂ ခု​ပေါင်းပြီး​တော့ အဲဒီပြိုတာကို ယာယီ​ဘေလီတံတားထိုးမယ်ပေါ့။​လောလောဆယ်​ပိတ်နေတဲ့သူ​တွေသွားလို ့ရအောင်ပေါ့။အဲလိုအစီအစဉ်​ဆွဲထားတယ်​။ရှင်မော်ဘက်ခြမ်းက​တော့ လမ်းတစ်ခုပါသွားတယ်​။ပါသွားတော့ အဲဒီ​နေရာလည်း တံတားထိုးရမယ်​။​တံတားက​လောလောဆယ်တော့ Main လမ်းကိုပဲဦးစား​ပေးပြီးတော့ အနီးစပ်ဆုံးမှာရှိတဲ့အသုံးမပြုတဲ့​ဘေလီတံတားတခုရှိတယ်​။အဲဒီ​ဘေလီတံတားကိုယူပြီးယာယီထိုးထားမယ်ပေါ့။"ဟု ဝန်ကြီးချုပ်ဦးမြင့်မောင်က Eleven Media ၏မေးမြန်းမှုကိုဖြေကြားခဲ့သည်။

ရှင်မော်တောင်ပေါ်တွင်​​တောင်ပြို၍ပိတ်မိနေသူများနှင့်​မြေပြို၍​ဘေးဒုက္ခ​တွေ ့နေသူများ​၏ စာရင်းအား​တောင်းခံထားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ ့နှင်​့လူကယ်ပြန်​ဝန်ကြီးဌာနမှ​တောင်ပြို၍ပိတ်ဆို ့နေသည်​့ လမ်းများအား မဖောက်လုပ်နိုင်သေးခင်​ ယာယီစား​သောက်​​နေထိုင်နိုင်ရန်​စီစဉ်ပေးနေကြောင်း ဝန်ကြီးချုပ်​က​ပြောကြားသည်​။လက်ရှိတွင်မလွှဲတောင်ကြောပေါ်၌ တောင်နံရံပြိုကျ၌ လမ်းပိတ်ဆို ့နေမှုများကို လမ်းဦးစီးဌာနအဖွဲ ့များက လိုက်လံရှင်းနေပြီး ရေတိုက်စား၍ လမ်းပိုင်းပြတ်ကျမှုကြောင့် အဆိုပါအဖွဲ ့များပါ ပိတ်မိနေကြောင်းသိရသည်။

နောက်ဆုံးရရှိထားသည့်သတင်းများအရ မလွှဲတောင်လမ်းပို်င်းပေါ်ရှိ မိုင်တိုင် ၇၉/၅ နှင့် မိုင်တိုင် ၇၆/၇ တို ့တွင်ရေတိုက်စားမှုကြောင့် လမ်းပိုင်းပြတ်ကျသွားပြီး ဆက်သွယ်မှုပြတ်တောက်ကာ တောင်နံရံပြိုကျနေမှုကြောင့် ယာဉ်အချို ့ပိတ်မိနေမှုရှိကြောင်း သိရသည်။ ထားဝယ်ဒေသတွင်မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ထားဝယ်၊ လောင်းလုံး၊ ရေဖြူနှင့် သရက်ချောင်းမြို ့နယ်များတွင် ရေကြီးရေလျှံမှုနှင့်မြေပြိုမှုများဖြစ်ပွားနေပြီး အထူးသဖြင့် လောင်းလုံးမြို ့နယ်တွင် နေရာအများအပြား တောင်ပြိုမှုဖြစ်ပွားနေကာ တောင်ခြေတွင်နေထိုင်သည့်ရွာအချို ့ဘေးလွတ်ရာသို ့ရွှေ ့ပြောင်းနေမှုများရှိနေကြောင်း သိရသည်။

လက်ရှိတွင် ထားဝယ်ဒေသအနှံ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေဆဲဖြစ်ပြီး လေပြင်းများလည်း တိုက်ခတ်နေသောကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဆက်လက်ဖြစ်ပွားနိုင်သည့် အခြေအနေရှိနေပြီး တောင်နံရံများ အနီးနေထိုင်သူများနှင့်မြစ်ချောင်းများအနီးတွင်နေထိုင်သူများသတိပြုရန်လိုအပ်နေကြောင်း သိရသည်။ ဒေသတွင်းရေကြီးရေလျှံမှုနှင့် မြေပြိုမှုကြောင့် လမ်းပိုင်းအချို ့ရေကျော်နှင့်တံတားများ ပြိုကျခြင်းတို ့ကြောင့် အဆက်အသွယ်ပြတ်တောက်နေပြီး အထူးသဖြင့် ဝေးလံခေါင်ဖျားသည့်ဒေသများရှိ ကျေးရွာများတွင် အကူအညီများလိုအပ်နေကြောင်း သိရသည်။