ဖြစ်ပွားမှုနှုန်းများလာသည့် သက်ငယ်မုဒိမ်းကို ဘယ်လိုကာကွယ်မလဲ

ဖြစ်ပွားမှုနှုန်းများလာသည့် သက်ငယ်မုဒိမ်းကို ဘယ်လိုကာကွယ်မလဲ
နေပြည်တော် Wisdom Hill ကျောင်း၌ ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိမ်းဖြစ်စဉ် အမှုမှန်ပေါ်ပေါက်ရေး ရန်ကုန်မြို့တွင် ဇူလိုင် ၆ ရက်က ဆန္ဒထုတ်ဖော်စဉ် (ဓာတ်ပုံ-သီဟအောင်)
နေပြည်တော် Wisdom Hill ကျောင်း၌ ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိမ်းဖြစ်စဉ် အမှုမှန်ပေါ်ပေါက်ရေး ရန်ကုန်မြို့တွင် ဇူလိုင် ၆ ရက်က ဆန္ဒထုတ်ဖော်စဉ် (ဓာတ်ပုံ-သီဟအောင်)
Published 7 July 2019
ဇော်မင်းနိုင်

မြန်မာနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း ဆန္ဒပြပွဲတစ်ခု ဆက်တိုက် ဖြစ်ပွားခဲ့သည်ကို တွေ့ရမည်ဖြစ် သည်။

အဆိုပါဆန္ဒပြပွဲမှာ အခြား ဆန္ဒပြပွဲများထက် ပိုမိုထူးခြားသည်ဟု ဆိုရမည်ဖြစ်သည်။ ကလေးငယ်များကို လက်ဆွဲပြီး လာသူရှိသကဲ့သို့ လှည်းလေးပေါ်တွင် ကလေးငယ်များကို ခေါ်ဆောင်လာခြင်းပင်ဖြစ်သည်။ တူညီသောအချက်မှာ ဆန္ဒပြသူများမှာ အဖြူရောင်အကျႌများ ဝတ်ဆင်ထားခြင်းဖြစ်သည်။

၎င်းတို့ဆန္ဒပြနေသည့် အကြောင်းအရာမှာ ကလေးငယ်တစ်ဦး၏ဖြစ်စဉ်ကို အစပြု၍ စတင်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အစိုးရဌာနများ၏ လူမှုကွန်ရက်စာမျက်နှာ Facebook တွင် လူအများစုက အကြောင်းအရာတစ်ခုကို ဆက်တိုက်ရေးသားနေကြသည်ကို တွေ့ရှိရမည်ဖြစ်သည်။

ကွန်းမန့်ပေးရေးသားသူတို့၏ တူညီသည့် အကြောင်းအရာတစ်ခုမှာ Justic for Victoria. We Want Justic ဆိုသည့် စာသားများပင်ဖြစ်သည်။

အစိုးရဌာနများဟုဆိုသော်လည်း နိုင်ငံတော်အတိုင်ပင်ခံရုံး စာမျက်နှာ၊ နိုင်ငံတော်သမ္မတရုံး၏ လူမှုကွန်ရက်စာမျက်နှာ၊ ညွှန်ကြားရေးမှူး ဦးဇော်ဌေး၏ လူမှုကွန်ရက် စာမျက်နှာနှင့် နောက်ဆုံးတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ AAC Myanmar ဆိုသည့် လူမှုကွန်ရက်စာမျက်နှာများတွင် အများဆုံး ရေးသားနေသည်ကို တွေ့ရမည်ဖြစ်သည်။

ကျူးလွန်ခံရသည့် ကလေးငယ်အား စီစီတီဗီပြသပြီး မေးမြန်းရာတွင် ‘အဲဒီ ကိုကို’ဆိုသည့် ဖြေကြားချက်၊ အောင်ကြီး၏ DNA  နှင့် ကျောင်းမှပြန်ထွက်လာချိန်တွင် လက်များကိုနမ်းခြင်းစသည့် အချက်များဖြင့် အောင်ကြီးအား စွဲချက်တင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

သို့သော် ကလေးငယ်၏ မိခင်က အခင်းဖြစ်စဉ်က အဝတ်များကို  ရေစိမ်ထားခြင်းကြောင့် DNA များမှာ စစ်ဆေးရန် မလွယ်ကူတော့ကြောင်း ဒုရဲချုပ်အောင်နိုင်သူက ပြောကြားခဲ့သည်။

ကျူးလွန်သည့်ဖြစ်စဉ်ကို ပြောကြားရာတွင် အောင်ကြီးမှာကလေးငယ်အား လက်ဖြင့် ကျူးလွန်ခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ထွက်ဆိုခဲ့ပြီး သုက်ရည်များ ပေနေသည့်လက်ဖြင့် ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု သက်သေပြခဲ့သည်။ ...

 

ဗစ်တိုးရီးယားလေးက ပေးခဲ့သည့် စုစည်းမှု

နေပြည်တော်တွင် ဖွင့်လှစ်ထားသည့် Wisdom Hill ဆိုသည့် ပုဂ္ဂလိက မူကြိုကျောင်းတစ်ခုတွင် လွန်ခဲ့သည့် နှစ်လနီးပါးခန့်က နှစ်နှစ်နှင့် ၁၁ လအရွယ်သာရှိသေးသည့် မိန်းကလေးငယ်တစ်ဦး လိင် အကြမ်းဖက်မှု ခံခဲ့ရသည်။ ထိုသို့ လွန်ခဲ့သည့် နှစ်လနီးပါးခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သော်လည်း အမှုမှာ ပျံ့နှံ့ခဲ့ခြင်းမရှိသေးပေ။ သို့သော် အမှုမှာနှစ်လခန့်ကြာ မြင့်လာပြီဖြစ်သော်လည်း တရားခံအစစ်ဟု ယူဆရသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ခြင်းမရှိဟု ပြည်သူအများစုက ယုံကြည်နေကြသည်။

ယင်းအချက်မှာ ပြည်သူတစ်ရပ်လုံး ပါဝင်လာပြီး ဆန္ဒပြပွဲများ လုပ်ဆောင်လာသည့်အခြေအနေများကို ဦးတည်လာခဲ့ခြင်းလည်း ဖြစ်သည်။ ဆန္ဒပြပွဲများမှာမြန်မာနိုင်ငံ၏ အဓိကမြို့ကြီးဖြစ်သည့် ရန်ကုန်မြို့တွင် စတင်ခဲ့ခြင်းဖြစ်ပြီး လူအင်အား ၆၀၀၀ ကျော်ပါဝင်ခဲ့သည်။ ထို့ပြင် ဇူလိုင် ၆ ရက်တွင်လည်း ရန်ကုန်မြို့အပြင် တောင်ကြီးမြို့ တွင်လည်းဆန္ဒပြခဲ့ကြပြီး လူ ၁၀၀၀ နီးပါးခန့် ပါဝင်ခဲ့သည်။

အဆိုပါ ဆန္ဒပြပွဲများမှာ ဆက်တိုက်ပြုလုပ်မည်ဖြစ်ပြီး ယခုဆောင်းပါး ရေးသားနေစဉ်မှာပင် မန္တလေး၊ စစ်ကိုင်းစသည့် မြို့များ၌လည်း ပြုလုပ်ရန် စီစဉ်နေသည်ဟု သတင်းများ ကြားသိနေရသည်။

         

တစ်လကျော်အကြာမှာ တရားခံဟုယူဆရသူကို ဆွဲထုတ်ပြခဲ့သည့် ရဲတပ်ဖွဲ့

လူတိုင်းနီးပါး အမှုနှင့်ပတ်သက်ပြီး တောင်းဆိုမှုများ မြင့်တက်လာချိန်တွင် ရဲတပ်ဖွဲ့က တရားခံဟု ယူဆရသူတစ်ဦးကို ထုတ်ဖော်လာခဲ့သည်။ ယင်းတရားခံမှာ Wisdom Hill ကျောင်းမှ ကြီးကြပ်ရေးမှူး၏ ယာဉ်မောင်းအောင်ကြီး ဆိုသူပင် ဖြစ်သည်။

ယင်းသို့ ဖမ်းဆီးတရားစွဲဆိုထားသည်ဆိုသည့်အကြောင်းကို ရဲတပ်ဖွဲ့က တိုက်ရိုက်ထုတ်ပြန်ခဲ့ခြင်းမဟုတ်ဘဲ နေပြည်တော်ဒက္ခိဏခရိုင် တရားရုံးက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ထုတ်ပြန်ရာတွင် အမှုနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့က တရားစွဲဆိုထားသည်ဆိုသည့် အကြောင်းကိုသာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အမှုဖြစ်စဉ်များကို တိတိကျကျ ထုတ်ပြန်နိုင်ခြင်း မရှိပေ။

ယင်းသို့ထုတ်ပြန်အပြီး တစ်ရက်အကြာတွင် နိုင်ငံတော်သမ္မတရုံး၏ ပုံမှန်သတင်းစာရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်ခဲ့သည်။

ယင်းသတင်းစာရှင်းလင်းပွဲမှသာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုရဲချုပ်အောင်နိုင်သူက အမှုဖြစ်စဉ်များကို ပြောကြားခဲ့သည်။

ယာဉ်မောင်းဖြစ်သူ အောင်ကြီး (ခ) အောင်ကျော်မျိုးမှာ အခင်းဖြစ်သည့်နေ့တွင် ကျောင်းထဲသို့ဝင်သွားသည့် တစ်ဦးတည်းသော အမျိုးသားဟု ရဲတပ်ဖွဲ့က ကောက်ချက်ချခဲ့သည်။

ထို့ပြင် ကျူးလွန်ခံရသည့် ကလေးငယ်အား စီစီတီဗီပြသပြီး မေးမြန်းရာတွင် ‘အဲဒီ ကိုကို’ဆိုသည့် ဖြေကြားချက်၊ အောင်ကြီး၏ DNA  နှင့် ကျောင်းမှပြန်ထွက်လာချိန်တွင် လက်များကိုနမ်းခြင်းစသည့် အချက်များဖြင့် အောင်ကြီးအား စွဲချက်တင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

သို့သော် ကလေးငယ်၏ မိခင်က အခင်းဖြစ်စဉ်က အဝတ်များကို  ရေစိမ်ထားခြင်းကြောင့် DNA များမှာ စစ်ဆေးရန် မလွယ်ကူတော့ကြောင်း ဒုရဲချုပ်အောင်နိုင်သူက ပြောကြားခဲ့သည်။

ကျူးလွန်သည့်ဖြစ်စဉ်ကို ပြောကြားရာတွင် အောင်ကြီးမှာကလေးငယ်အား လက်ဖြင့် ကျူးလွန်ခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ထွက်ဆိုခဲ့ပြီး သုက်ရည်များ ပေနေသည့်လက်ဖြင့် ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု သက်သေပြခဲ့သည်။

အမှုမှာ တစ်လကျော်ကြာမြင့်လာပြီဖြစ်ပြီး တရားခံအား ဖမ်းဆီးနိုင်ခြင်း မရှိသည့်အချိန်တွင် လူထုက ဝေဖန်မှုများ မြင့်တက်လာသဖြင့် လူစားထိုးဖမ်းဆီးခဲ့ခြင်း မဟုတ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

‘‘ရဲတပ်ဖွဲ့က ချစ်ခြင်း မုန်းခြင်း မပါပါဘူး။ ကျွန်တော်တို့ဟာ အားလုံးအတွက် လုပ်တာပါ။ ကျွန်တော်တို့ဆီမှာ လာအမှုဖွင့်တယ်ဆိုရင် ကျွန်တော်တို့မသိတဲ့လူ လာအမှုဖွင့်တာ။ ဒီအမှုကို ကျွန်တော်တို့ ကိုယ်တိုင်ခံစားပြီးတော့ လုပ်ကြတာ ဖြစ်ပါတယ်။  ဒါကြောင့်မို့လို့ ကျွန်တော်တို့ ဒီလိုမရှိပါဘူး’’ဟု ဒုတိယ ရဲချုပ်အောင်နိုင်သူက ပြောကြားခဲ့သည်။

အမှုအား ကြာမြင့်ခဲ့သည့်အကြောင်းမှာ ကလေးငယ်၏ကျန်းမာရေးကြောင့် စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်နိုင်ခြင်း မရှိသေးသဖြင့် ကြာမြင့်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က အကြောင်းပြခဲ့သည်။

ထို့ပြင် လက်ရှိဖမ်းဆီးတရားစွဲခံရသည့် အောင်ကြီးမှာ ယခင်က စစ်ဆေးထားသူဖြစ်ပြီး ခိုင်လုံသည့် အချက်များ မရှိခြင်းကြောင့် ပြန် လွှတ်ပေးထားသူဖြစ်ပြီး ယခုကဲ့သို့ ပြန်လည်ဖမ်းဆီးကာ တရားစွဲဆိုထားခြင်းမှာ ခိုင်လုံသည့်အချက်များကြောင့် ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဖြေရှင်းခဲ့သည်။

ယင်းအချက်များမှာ ပစ္စည်းသက်သေများဖြစ်ပြီး လူသက်သေတစ်ဦးကိုလည်း ရဲတပ်ဖွဲ့က ထုတ်ဖော်ခဲ့သည်။ အမှုတွင် အဓိကလူ တစ်ဦးဖြစ်သည်ဟု ယူဆနိုင်သည့် ကလေးငယ်ကို ထိန်းသိမ်းစောင့်ရှောက်ရသည့် ဆရာမနှင်းနုအား စစ်ဆေးထားသည်ဟု ထုတ်ပြန်ခဲ့ပြီး သက်သေထွက်ဆိုခြင်း ပြု မပြု ဆိုသည်မှာ သူမ၏ ဆန္ဒအရသာ ဖြစ်သည်ဟု ဒုရဲချုပ်အောင်နိုင်သူက ပြောကြားခဲ့သည်။

သို့သော် မည်သည့်နေရာတွင် ဖြစ်ပွားခဲ့သည်ဆိုသည်ကိုမူ ရဲတပ်ဖွဲ့က တိတိကျကျ ပြောကြားနိုင်ခဲ့ခြင်း မရှိပေ။

ထို့ပြင် CCTV မှတ်တမ်းများကို ကလေးငယ်အား ပြသရာတွင် ကျူးလွန်သည့် ကိုကိုဆိုသူအား ထုတ်ဖော်ပြောကြားခဲ့ကြောင်း၊ ယင်းသို့ ပြောကြားချက်မှာ မိဘများ၏ရှေ့တွင်ပင်ဖြစ်သည်ဟု ရဲတပ်ဖွဲ့ က ထုတ်ဖော်ပြောကြားခဲ့သည်။

‘‘ကျွန်တော်တို့က စီစီတီဗွီရဲ့အချက်ကို ကလေးက ထောက်ပြပြီးတော့မှ သူကိုယ်တိုင်သူ့ မိဘရှေ့မှာ လက်ညှိုးထိုးပြီးတော့မှ လက်ညှိုးထိုးပြတယ်။ အဲဒီတော့မှ အဲဒါကိုကိုပဲ။ သမီး ဘာလုပ်တာလဲ။ သမီးကို ပထမပေါင်ကို ဆွဲလိမ်တယ်။ ပြီးတော့ သမီးရဲ့ ဒီထဲကို နှိုက်ပါတယ် ဆိုပြီးတော့ ပြောတယ်။ ဒါ ကလေးက ပြောတာဖြစ်ပါတယ်’’ဟုဒုတိယရဲချုပ် အောင်နိုင်သူက ဆိုသည်။

ထို့ပြင်အောင်ကြီးမှာ ဆေးမှုဖြင့် အကျဉ်းကျခံခဲ့ရသူဖြစ်ပြီး ၎င်း၏ စာရိတ္တပိုင်းနှင့် ပတ်သက်ပြီး စောင့်ကြည့်ရသည့် အခြေအနေလည်း ရှိသည်ဟု ဒုရဲချုပ်အောင်နိုင်သူက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယင်းသို့ တွေ့ရှိချက်များဖြင့် ယာဉ်မောင်း အောင်ကြီးအား တရားခွင်သို့ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး ပုဒ်မ ၃၇၆ ဖြင့် တရားစွဲဆိုရန် ရုံးတော်သို့ လျှောက်ထားလာခြင်း ဖြစ်သည်။

အောင်ကြီးက ထွက်ဆိုထားခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ထုတ်ဖော်ထားပြီး သက်သေတွေ့ရှိချက် များမှာလည်း ခိုင်မာသည်ဟု ဒုရဲချုပ် အောင်နိုင်သူက ပြောကြားခဲ့သည်။

 

အောင်ကြီးဆိုတာ ဘယ်သူလဲ၊ ဘယ်လိုတွေတုံ့ပြန်သလဲ

ရဲတပ်ဖွဲ့က ကျူးလွန်သူဟုဆိုကာ ဖမ်းဆီးပြီး တရားစွဲဆိုထားသည့် အောင်ကြီး (ခ) အောင်ကျော်မျိုးမှာ Wisdom Hill ကျောင်းမှ ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်၏ ယာဉ်ကို မောင်းနှင်သူဖြစ်သည်။

မူးယစ်ဆေးမှုဖြင့် ထောင်ဒဏ်ကျခံခဲ့ရသူဖြစ်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာသူ ဖြစ်သည်။

အောင်ကြီးမှာ ဒေါ်ဥမ္မာလှိုင်၏ ယာဉ်မောင်းအဖြစ် အလုပ်ဝင်ရန် မေ ၁၅ ရက်တွင် ညီဖြစ်သူနှင့် အတူ အလုပ်ရှင် ဒေါ်ဥမ္မာလှိုင်ထံ သွားရောက်ပြောကြားခဲ့သည်။ ဒေါ်ဥမ္မာလှိုင်က အလုပ်ခန့်သဖြင့် မေ ၁၆ ရက်တွင် အလုပ်စဆင်းခဲ့ခြင်း ဖြစ်သည်။

အခင်းဖြစ်ပွားသည့်နေ့မှာ မေ ၁၆ ရက်ဖြစ်ပြီး အောင်ကြီး အလုပ် စဝင်သည့်နေ့တွင်ပင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယင်းနေ့တွင် အောင်ကြီးမှာ ဒေါ်ဥမ္မာလှိုင်၏ အမျိုးသားနှင့်အတူ ကလေးငယ်များကို ကြိုခဲ့ပြီး နံနက် ၉ နာရီခွဲတွင် ကလေးများအားလုံးကို ကျောင်းသို့ ပို့ဆောင်ခဲ့သည်။

ယင်းနောက် အိမ်သို့ပြန်လာခဲ့ပြီး ညနေ ၃ နာရီခန့်တွင် ကျောင်းသို့ ပြန်လာခဲ့သည်။ ယင်းနောက် ကားပေါ်တွင် ထိုင်စောင့်နေစဉ် ကာတွန်းကား အခွေယူရန် ခိုင်းစေသဖြင့် ကျောင်းအတွင်း ဝင်ရောက်ကာ အရှေ့ရှိ ဆိုဖာပေါ်တွင် ထိုင်နေခြင်း ဖြစ်သည်ဟု အောင်ကြီး၏ဖခင် ဦးမြသိန်းက ပြောကြားသည်။

ယင်းနောက် မေ ၂၀ ရက်တွင် ရဲစခန်းမှ စစ်ဆေးစရာရှိသည်ဟုဆိုကာ ပထမအကြိမ် ခေါ်ဆောင်ခြင်း ခံရသည်။ ယင်းနောက်ပြန်လွှတ်ပေးလိုက်ပြီး ငါးရက်ခန့်အကြာတွင် ရဲတပ်ဖွဲ့ ထပ်မံခေါ်ယူကာ စစ်ဆေးခဲ့သည်။ ယင်းနောက်ပြန်လွှတ်ပေးခဲ့သည်။ သို့သော် မေ ၃၀ ရက်တွင် ထပ်မံခေါ်ယူစစ်ဆေးချိန်တွင် ဖမ်းဆီး၍ ရမန်ယူစစ်ဆေးခဲ့သည်။

ယင်းသို့ ရမန်ယူစစ်ဆေးမှုမှာ နှစ်ကြိမ်ခန့်ရှိပြီး ပထမအကြိမ် ရမန်မှာ ဇွန် ၁၁ ရက်တွင် ပြည့်ခဲ့ပြီး ဒုတိ ယအကြိမ် ရမန်မှာ ဇွန် ၂၄ ရက် တွင် ပြည့်ခဲ့သည်။ ယင်းနောက် အထောက်အထား ခိုင်လုံခြင်း မရှိသဖြင့် တရားရုံးက ပြန်လွှတ်ပေးခဲ့သည်ဟု ဦးမြသိန်းက ပြောကြားခဲ့သည်။ သို့သော် ဇူလိုင် ၄ ရက်တွင် ထပ်မံ ဖမ်းဆီးခံရပြီး တရားရုံးသို့ တင်ပို့ခြင်းခံခဲ့ရသူဖြစ်သည်။ ဇူလိုင် ၁၅ ရက်တွင် အောင်ကြီးကို ပထမအကြိမ် ရုံးထုတ်စစ်ဆေးမည်ဖြစ်သည်။

အောင်ကြီးမှာ အမှုနှင့်ပတ်သက်ပြီး ကျူးလွန်ထားခြင်းမရှိကြောင်း၊ ကျပ် သိန်း ၅၀၀ ဖြင့် ကမ်းလှမ်းမှုကြောင့် ဝန်ခံခြင်းလည်းမ ဟုတ်ကြောင်း၊ ငွေကြေးဖြင့် မည်မျှပင် ကမ်းလှမ်းကမ်းလှမ်း လက်ခံမည်မဟုတ်ကြောင်း၊ သားဖြစ်သူမှာ ယင်းဖြစ်စဉ်ကို ကျူးလွန်ခြင်းမရှိဟု အာမခံကြောင်း ဖခင်ဦးမြသိန်းက ပြောကြားခဲ့သည်။

မိန်းကလေးငယ်ကို ထိန်းသိမ်းရသည့် ဆရာမနှင်းနု (သို့မဟုတ်) အဓိက သက်သေဟု ယူဆရသူ

ဖြစ်စဉ်များနှင့်ပတ်သက်ပြီး ကျူးလွန်ခံရသည့် ကလေးငယ်၏ ဖခင်ဖြစ်သူနှင့် ဧရာဝတီသတင်းဌာနတို့ တွေ့ဆုံမေးမြန်းမှုတွင် CID က စစ်ဆေးမေးမြန်းသည့် အကြောင်းအရာတချို့ ပါဝင်သည်။ ယင်းအ ကြောင်းများတွင် ကလေးငယ်က မိမိဖြစ်စဉ်အား ဆရာမနှင်းနုသိသည် ဆိုသည့် အကြောင်းလည်း ပါဝင်ခဲ့ သည်ကို တွေ့ရသည်။

‘‘ ရဲမှူးအခန်းထဲမှာ ကိုယ်တိုင် မေးတယ်။ ကိုယ်တိုင်မေးပါတယ်။ ဒုတိယရဲမှူးကြီးနဲ့ ကျွန်တော်တို့ မိဘနှစ်ပါးရှေ့မှာ ဆရာမနှင်းနုရှိမယ်ပေါ့။ ဆရာမနှင်းနုကို ကိုယ်တိုင်မေးခိုင်းပါတယ်။ မေးခွန်းအသေးစိတ်ကို ကျွန်တော်မပြောပြတော့ဘူး။ သူတို့ ရဲလုပ်ငန်း အနှောင့်အယှက်ဖြစ်မှာစိုးလို့။ ဒါပေမဲ့ တီချယ် နှင်းနု သိတယ်ဆိုတာ ကလေးက ထပ်ပြောတယ်။ ထပ်ပြောပါတယ်။ တီချယ်နှင်းနုက မလိမ်ရဘူးလေ ဆိုပြီးတော့ နည်းနည်းလေး ကလေးကို ဟန့်ပါတယ်။ အဲဒီတော့ကလေးက မျက်နှာလေးငယ်ပြီးတော့ မီးမီး မလိမ်ပါဘူးတဲ့။ အဲဒီလို ပြောပါတယ်။ မေးခွန်း အသေးစိတ်တော့ ကျွန်တော် မပြောတော့ပါဘူး။ အဲဒါတော့ ပြောခဲ့ပါတယ်’’ဟု ကလေး၏ ဖခင်က ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့သည်။

ယင်းနောက် သမ္မတရုံး၏ သတင်းစာရှင်းလင်းပွဲပြီး ညနေပိုင်းမှာပင် ဘီဘီစီသတင်းဌာနနှင့် ဆရာမနှင်းနုတို့၏ အင်တာဗျူး ထွက်ပေါ်လာခဲ့သည်။ အဆိုပါအင်တာဗျူးတွင် ဆရာမနှင်းနုက ကလေးငယ်မှာ ကျောင်းလွှတ်သည့်အချိန်အထိ မိမိနှင့်အတူရှိနေကြောင်း၊ ကျောင်းတွင် ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း၊ အောင်ကြီးဆိုသူအား ခုံပေါ်တွင် ထိုင်နေသည်ကိုတွေ့ရကြောင်း၊ ဆရာမ နှင်းနုသိသည်ဆိုသည့် ပြောကြားမှုနှင့် ပတ်သက်ပြီး ယင်းသို့ပြောကြားခဲ့ခြင်းမရှိကြောင်း ဖြေကြားထားသည်ကို တွေ့ရသည်။

တချို့ကျောင်းတွေက ကြေညာထားတာနဲ့ တခြားစီဖြစ်နေတာတွေလည်း တွေ့ရတယ်။ ဥပမာဆိုရင် ကျောင်းသားဘယ်နှယောက်ကို ဆရာမ တစ်ယောက်၊ အခန်းတိုင်းမှာ CCTV ရှိတယ်။ ဆရာမတွေက အချိန်ပြည့်ကြည့်နေတယ် ဆိုပြီး ကြေညာထားတယ်။ ဒါပေမဲ့ တကယ်ကျရင် CCTV မရှိတာတို့ ဆရာနဲ့ ကျောင်းသား မမျှတာတွေလည်း တွေ့ရတယ်။ အဲဒီလိုကျောင်းမျိုးတွေကတော့ ရှောင်တယ်’’ ဟု ယခုနှစ်တွင် သမီးဖြစ်သူအား မူကြိုထားသည့် ဒေါ်သက်သက်မူက ...

ဗစ်တိုးရီးယားက ဖော်လိုက်သည့်  မေးခွန်းထုတ်ရမယ့် ပုဂ္ဂလိကမူကြိုများ

တစ်နိုင်ငံလုံးနီးပါး စိတ်ဝင်စားခဲ့သည့် ဗစ်တိုးရီးယားဟု သတ်မှတ်ထားသည့် ကလေးငယ် လိင်အကြမ်းဖက်ခံရသည့် ဖြစ်စဉ်ကြောင့် အစိုးရအနေဖြင့် နေပြည်တော်ရှိ ပုဂ္ဂလိကမူကြိုများအား လိုက်လံစစ် ဆေးခဲ့သည်။

လူကယ်ပြန် ဝန်ကြီးဟု ခေါ်ဆိုရမည့် ဒေါက်တာဝင်းမြတ်အေးက သူ၏လူမှုကွန်ရက်စာမျက်နှာ တွင် နေပြည်တော်ပြည်ထောင်စု နယ်မြေတွင် ဖြစ်ပေါ်လျက်ရှိသည့် ကလေးသူငယ် အကြမ်းဖက်ခံရမှု ဖြစ်စဉ်နှင့်ပတ်သက်၍ နေပြည်တော်ကောင်စီမှ တာဝန်ရှိသူများ နှင့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင်များ တွေ့ဆုံညှိနှိုင်းခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် ကလေးသူငယ် အကြမ်းဖက်မှုဖြစ်စဉ် စတင်ဖြစ်ပေါ်သည့်နေ့မှစ၍ လက်ရှိအချိန်အထိ ဝန်ကြီးဌာန၏ တာဝန်၊ လုပ်ထုံးလုပ်နည်းနှင့်အညီ အထူးအလေးထား ပူးပေါင်းဆောင်ရွက်နေသည့်အပြင် ဖြစ်စဉ်မှန်ပေါ်ပေါက်ရေးအတွက် ဆက်လက်ကူ ညီမည်ဟု ရေးသားခဲ့သည်။

ယင်းသို့ရေးသားပြီး မကြာမီတွင် ပထမဦးဆုံးစျေးဦးပေါက်သူများဟုဆိုရမည့် ကျောင်းများမှာ ဗစ်တိုးရီးယားဆိုသည့် ကလေးငယ် တက်ရောက်ခဲ့သည့်မူကြိုနှင့် အခြားမူကြိုကျောင်း ၁၀ ကျောင်းပင် ဖြစ်သည်။

နေပြည်တော်တွင် ပုဂ္ဂလိက မူကြိုကျောင်း ၂၅ ကျောင်း ခွင့်ပြုထားသည့်အနက်မှ ထက်ဝက်နီးပါးခန့်မှာ အချက်အလက် မပြည့်စုံဘဲ ဖွင့်လှစ်ထားသည်ကို စစ်ဆေးတွေ့ ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါကျောင်းများမှာ တည်ထောင်ခွင့်ပြုမိန့်မရှိဘဲဖွင့်လှစ်ထားခြင်း ဖြစ်သည်ဟု လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဇူလိုင် ၅ ရက်ကပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ယင်းသို့ခွင့်ပြုချက် မရှိဘဲ မူကြိုအဖြစ် ဖွင့်လှစ်ထားခြင်းအပေါ် မသိကျိုးကျွန်ပြုခဲ့သည့် တာဝန်ရှိသူများကို စစ်ဆေးအရေးယူရန် နိုင်ငံတော်သမ္မတက ညွှန်ကြားထားသည်ဟု ပြောကြားခဲ့သည်။

‘‘ခွင့်ပြုချက်မရဘဲ ဖွင့်ထားတာကို မသိကျိုးကျွန်ပြုတဲ့ လူမှုဝန်ထမ်းက အရာရှိတွေ။ ကျွန်တော်တို့ သူတို့သက်ဆိုင်ရာ တာဝန်ရှိတဲ့လူတွေလည်း ပြောထားပါတယ်။ ဖော်ထုတ်ပါ။ အရေးယူမယ်’’ဟု ဦးဇော်ဌေးက ပြောကြားသည်။

ထို့ပြင် Wisdom Hill ကျောင်းက ဖွင့်လှစ်ထားသည့် မူကြိုသာမက အထက်တန်းအဆင့်၊ အလယ်တန်း အဆင့်နှင့် မူလတန်းအဆင့်ကိုုယ်ပိုင်ကျောင်းများကိုလည်း ဖွင့်လှစ်ထားပြီး ယင်းကျောင်းများဖွင့်လှစ် ထားခြင်းကို ပြန်လည်စစ်ဆေးရန် ပညာရေးဝန်ကြီးဌာနအား ညွှန်ကြားခဲ့သည်။

‘‘အဲဒီကျောင်းကို အခု လူကယ်ပြန်ကနေ ယာယီပိတ်ထားတယ်။ ယာယီပိတ်ထားတော့ အခု ဒီဖြစ်စဉ်ဖြစ်သွားတဲ့အတွက် Wisdom Hill ကျောင်းကို အဲဒီမူကြိုကျောင်း ကျွန်တော်တို့ ခွင့်ပြုချက်ပေးမှာ မဟုတ်ပါဘူး။ ဒါနံပါတ်(၁) ပေါ့။ နံပါတ် (၂)ကတော့ အလားတူပဲ Wisdom Hill မှာ မူကြိုကျောင်း အပြင်ထက်၊ လယ်၊ မူ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း လုပ်ထားတာရှိတယ်။ အဲဒါလည်း ကျွန်တော်တို့ ဒီနေ့ပဲ သမ္မတကြီးကနေ ပညာရေးဝန်ကြီးကို ညွှန်ကြားလိုက်တယ်။ ပြန်စစ်ပါ။ ပြန်စစ်ပြီးရင် စည်းမျဉ်းစည်းကမ်းနဲ့ မညီတာတွေလုပ်ရင် ကျွန်တော်တို့ အရေးယူမယ်။ ထိထိရောက်ရောက် အရေးယူမယ်’’ ဟု ဦးဇော်ဌေးက ပြောကြားသည်။

ကလေးငယ်တစ်ဦးက အစပြုခဲ့သည့် ဖြစ်စဉ်ကြောင့် ခွင့်ပြုချက်မဲ့ကျောင်းများ ဖွင့်လှစ်နေခြင်းမှာ ပေါ်ပေါက်လာခဲ့သည်။ ယင်းသို့ ပြုမူနေသည်မှာ မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်ဟု တင်စားခေါ် ဝေါ်နေသည့် နေပြည်တော်ကဲ့သို့ နေရာမျိုးတွင် ဖြစ်သည်။

နေပြည်တော်တွင် ဖြစ်ပွားခဲ့သည့် အထက်ဖော်ပြပါ အမှုကြောင့် မိဘများအကြား ပုဂ္ဂလိက ကျောင်းများတွင် သားသမီးများကို စိတ်ချ ယုံကြည်စွာ ထားနိုင်ပါ့မလားဆိုသည့်  မေးခွန်းတစ်ခုပေါ်ပေါက်လာ ခဲ့သည်။

ယင်းဖြစ်စဉ်မတိုင်မီကလည်း ကလေးငယ်အချင်းချင်းအကြား ခိုက်ရန်ဖြစ်ပွားမှုကို ထိန်းသိမ်းနိုင်မှုမရှိခြင်း၊ ကျောင်းတွင် ဒဏ်ရာအနာတရ ရရှိခဲ့သော်လည်း ကျောင်းဘက်မှ မိဘများကို ပြောကြားမှုမရှိခြင်းကြောင့် မကြာခဏ ပြဿနာများ ဖြစ်ပွားနေသည်ကို လူမှုကွန်ရက် စာမျက်နှာများတွင်လည်း တွေ့မြင်ရမည် ဖြစ်သည်။

ယင်းသို့အခြေအနေများရှိနေသည့်အလျောက် ဗစ်တိုးရီးယားဆိုသည့် ကလေးငယ်၏အမှုမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်းပင် ဖြစ်သည်။ ကလေးငယ်မှာ နှစ်နှစ်နှင့် ၁၁ လသာရှိခြင်းကြောင့် သက်ငယ်မုဒိမ်းမှု ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ထားခြင်းပင် ဖြစ်သည်။

‘‘တချို့ကျောင်းတွေက ကြေညာထားတာနဲ့ တခြားစီဖြစ်နေတာတွေလည်း တွေ့ရတယ်။ ဥပမာဆိုရင် ကျောင်းသားဘယ်နှယောက်ကို ဆရာမ တစ်ယောက်၊ အခန်းတိုင်းမှာ CCTV ရှိတယ်။ ဆရာမတွေက အချိန်ပြည့်ကြည့်နေတယ် ဆိုပြီး ကြေညာထားတယ်။ ဒါပေမဲ့ တကယ်ကျရင် CCTV မရှိတာတို့ ဆရာနဲ့ ကျောင်းသား မမျှတာတွေလည်း တွေ့ရတယ်။ အဲဒီလိုကျောင်းမျိုးတွေကတော့ ရှောင်တယ်’’ ဟု ယခုနှစ်တွင် သမီးဖြစ်သူအား မူကြိုထားသည့် ဒေါ်သက်သက်မူက ပြောကြားသည်။

နေပြည်တော်ရှိ Wisdom Hill ကျောင်းတွင် တက်ရောက်နေသည့်ကလေးငယ်၏ ဖြစ်စဉ်မှာ တစ်နိုင်ငံလုံးရှိ ပြည်သူများကို ရိုက်ခတ်ခဲ့သည်။

‘‘ဗစ်တိုးရီးယားရဲ့မိဘတွေက ပထမဦးဆုံး Trauma ဖြစ်တယ်။ ဒုတိယဖြစ်တဲ့သူတွေကတော့ ကျွန်မတို့လို မိခင်တွေပဲ’’ ဟု မိန်းကလေးတစ်ဦး၏ မိခင်ဖြစ်သူ ဒေါ်အေးက ပြောကြားသည်။

သက်ငယ်မုဒိမ်းမှုကဲ့သို့သော အမှုများမှာ လက်ရှိတွင် များပြားလာသည့်အလျောက် ကလေးငယ်များ ယင်းသို့ကျူးလွန်ခံရမည်ကို စိုးရိမ်နေသည့် မိဘများမှာလည်း ဒုနှင့်ဒေး ဖြစ်သည်။

၂၀၁၈ ခုနှစ်တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မရမ်းကုန်းမဲဆန္ဒနယ်မှ ဒေါက်တာမေဝင်းမြင့်က သက်ငယ်မုဒိမ်းမှုနှင့်ပတ်သက်ပြီး မေးမြန်းခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက သက်ငယ်မုဒိမ်းမှုများမှာ နှစ်စဉ်တိုးလာသည်ဟု ဖြေကြားခဲ့သည်။

လွှတ်တော်တွင် လာရောက်ဖြေကြားခဲ့သည့် ဝန်ကြီး၏ အဆိုအ ရ ၂၀၁၆ ခုနှစ်တွင် မုဒိမ်းမှုများအနက် သက်ငယ်မုဒိမ်းမှုမှာ ၆၁ရာခိုင် နှုန်း၊ ၂၀၁၇ ခုနှစ်တွင် ၆၄ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ် ဧပြီလအထိ ၆၈ ရာခိုင်နှုန်းဖြစ်ပွားခဲ့သည်ဟု သိရသည်။

‘‘သက်ငယ်မုဒိမ်းမှုတွေက ဟိုကကြားရ ဒီကကြားရနဲ့ ကိုယ့်သမီး အဲဒီလိုမျိုးတွေဖြစ်သွားရင် တစ်ဘဝ လုံးသွားရော။ ကျိုးနေပဲ့နေတာကမှ သူ့ကိုကြည့်ရင်း ဖြေသာလို့ရပေမယ့် မုဒိမ်းမှုလိုဟာမျိုးဆိုတာက မိဘမှာလည်း စိတ်ဒဏ်ရာ၊ သားသမီးမှာလည်း စိတ်ဒဏ်ရာ ရသွားမယ်။ အဲဒါက ပိုဆိုးတယ်’’ ဟု ဒေါ်အေးက ပြောကြားသည်။

 

သက်ငယ်မုဒိမ်းမှုများကို ဘယ်လိုတားဆီးမလဲ

သက်ငယ်မုဒိမ်းမှုအတွက် လက်ရှိတွင် ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် တရားစွဲဆိုလျက်ရှိသည်။ ယင်းပုဒ်မမှာ ပြစ်မှုထင်ရှားပါက ထောင် အနှစ် ၂၀ အထိ ချမှတ်နိုင်သည်။ ထို့ပြင် မုဒိမ်းမှုကျူးလွန်ပြီး လူသတ်ပါက သေဒဏ်အထိ ချမှတ်နိုင်သည်။

ယင်းသို့ချမှတ်ရန် ဥပဒေက ပြဋ္ဌာန်းထားသော်လည်း မလိုလားအပ်သည့် အနိဋ္ဌာရုံများ ဖြစ်ပွားပြီးမှ အရေးယူရခြင်းထက် မဖြစ်ခင်တားဆီးနိုင်ရန် လူတိုင်းတွင်တာဝန်ရှိသည်ဟု နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်၏ဇနီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင် က ပြောကြားသည်။

‘‘လူထုတွေရော နောက်ပြီးတော့ ဒီရပ်ရွာတွေကရော ဒီလိုမျိုးတွေ မဖြစ်နိုင်ဖို့၊ မဖြစ်ဖို့ ဒီဟာတားဆီးနိုင်မယ့် အလုပ်တွေကို လူတိုင်းလူတိုင်းမှာ တာဝန်ရှိပြီး အဲဒီအသိတရားတွေ ရှိပြီးတော့ ဒါမျိုးကို မဖြစ်ခင်ကတည်းက တာဝန်ယူပေး နိုင်တဲ့၊ ကာကွယ်ပေးနိုင်မယ့်လုပ်ငန်းမျိုးတွေကိုလုပ်နိုင်ဖို့ ကြိုးစား ပေးစေချင်တယ်။ အန်တီကတော့ လူတိုင်းမှာ တာဝန်ရှိတယ်လို့ ပြောချင်ပါတယ်။ ဥပဒေပိုင်းကတော့ ဒါဖြစ်ပြီးမှ ဒီလို ဘယ်လိုခေါ်မလဲ။ မလိုလားအပ်တဲ့ အနိဋ္ဌာရုံတွေဖြစ် ပြီးတော့မှ အရေးယူရတဲ့အပိုင်း ဆိုတာထက်ကို အဲဒါမျိုးတွေ မဖြစ်ခင်မှာ တားဆီးနိုင်တာကို လူတိုင်းမှာလည်း တာဝန်ရှိပါတယ်’’ ဟု ဒေါ်စုစုလွင်က ပြောကြားသည်။

နေပြည်တော်တွင်ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်မှာ ကျောင်းတက်နေသည့် ကလေးငယ်တစ်ဦး ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းကလေးငယ်၏ ကျင်လည်ရာနေရာမှာလည်း များများစားစား ရှိခဲ့သည့် အခြေအနေမျိုး မဟုတ်ပေ။ ကျူးလွန်ခံရသည့် ကလေးငယ်မှာလည်း ကျောင်းနှင့်အိမ်သာ သွားလာနိုင်သေးသည့် အရွယ်လည်းဖြစ်သည်။ အခြားနေရာများသို့ သွားလာနိုင်ရန်မှာ မိဘအုပ် ထိန်းသူများ မပါဘဲသွားနိုင်သည့် အရွယ်လည်း မဟုတ်ပေ။

ယင်းအခြေအနေတွင် လူအများ လက်ခံနိုင်ခြင်းမရှိသည့် သက်ငယ်မုဒိမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အထက်ပါအခြေအနေများကြောင့် နိုင်ငံ၏အနာဂတ်ဖြစ်သည့် ကလေးငယ်များကို အစိုးရအနေဖြင့် ကာကွယ်စောင့်ရှောက်ရမည့် တာဝန်မှာ ဦးစားပေးရမည့် အရာလည်းဖြစ်သည်။ ထို့အတူ သက်ငယ် မုဒိမ်းမှုဖြစ်စဉ်များတွင် အမှန်တကယ် ကျူးလွန်သူများကို သေချာစိစစ်၍ ထိုက်သင့်သည့်ပြစ်ဒဏ် ချမှတ်နိုင်ရန်မှာလည်း အရေးကြီးသည်။

Most Read

Most Recent