ဖိုးသော်နှင့် အင်ဒိုနီးရှားကစားသမားထိုးသတ်မည့်ပွဲ ယနေ့ ကျင်းပမည်

ဖိုးသော်နှင့် အင်ဒိုနီးရှားကစားသမားထိုးသတ်မည့်ပွဲ ယနေ့ ကျင်းပမည်
Photos: Phoe Thaw Facebook
Photos: Phoe Thaw Facebook
Published 15 June 2019

ဖိုးသော်ယှဉ်ပြိုင်မည့် Legendary Quest ပြိုင်ပွဲတွင် တွဲဆိုင်း ၁၄ ပွဲပါဝင်မည် ဖြစ်ပြီး အဓိကတွဲဆိုင်းအဖြစ် ဖာတက် (ထိုင်း) နှင့် ဂျူနီကူ (ဂျပန်) တို့ အက်တန်ဝိတ်တန်း မွေထိုင်းကမ္ဘာ့ချန်ပီယံလုပွဲ ယှဉ်ပြိုင်ထိုးသတ် မည်ဖြစ်သည်။

 

မြန်မာ MMA ကစားသမား ဖိုးသော် ယှဉ်ပြိုင်ထိုးသတ်မည့် One Championship ပြိုင်ပွဲကို ဇွန် ၁၅ ရက် (ယနေ့) တွင် တရုတ် နိုင်ငံ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ယင်းပြိုင်ပွဲတွင် ဖိုးသော်နှင့် အင်ဒိုနီးရှား နိုင်ငံသား ဗစ်တိုရီယို ယှဉ်ပြိုင်ထိုးသတ်မည် ဖြစ်ပြီး ပထမဆုံးပွဲစဉ်အဖြစ် ထိုးသတ်ရမည်ဖြစ်သည်။

ဖိုးသော်ယှဉ်ပြိုင်မည့် Legendary Quest ပြိုင်ပွဲတွင် တွဲဆိုင်း ၁၄ ပွဲပါဝင်မည် ဖြစ်ပြီး အဓိကတွဲဆိုင်းအဖြစ် ဖာတက် (ထိုင်း) နှင့် ဂျူနီကူ (ဂျပန်) တို့ အက်တန်ဝိတ်တန်း မွေထိုင်းကမ္ဘာ့ချန်ပီယံလုပွဲ ယှဉ်ပြိုင်ထိုးသတ် မည်ဖြစ်သည်။

ဖိုးသော်သည် MMA ပြိုင်ပွဲ၌ ကိုးပွဲမြောက် ယှဉ်ပြိုင်ထိုးသတ်ခြင်းဖြစ်ပြီး ပြီးခဲ့သည့်ရှစ်ပွဲတွင် ခုနစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့် ထားသည်။ ဖိုးသော်သည် ပြည်ပကစား သမားများနှင့် လေးပွဲမြောက် ယှဉ်ပြိုင်ထိုးသတ်ခြင်းဖြစ်ပြီး ပြီးခဲ့သည့်သုံးပွဲတွင် ဆိုဆေး (ကမ္ဘောဒီးယား) နှင့် ယိုဟန် (အင်ဒိုနီးရှား)တို့ကို အနိုင်ရကာ ဆာဘေး (မလေးရှား) ကို ရှုံးနိမ့်ထားသည်။

Most Read

Most Recent