ရီးယဲလ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်နှင့် အဆင်မပြေသဖြင့်ယခုနွေရာသီတွင် ရာမို့စ် လမ်းခွဲဖွယ်ရှိ

ရီးယဲလ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်နှင့် အဆင်မပြေသဖြင့်ယခုနွေရာသီတွင် ရာမို့စ် လမ်းခွဲဖွယ်ရှိ
Photos: Getty Images
Photos: Getty Images
Published 26 May 2019

ရီးယဲလ်အသင်းသည် နွေရာသီ အပြောင်းအရွှေ့ကာလ၌ လူစာရင်းအား ပြောင်းလဲမှုများစွာမည်ဖြစ် သော်လည်း ရာမို့စ်မှာမူ ပါဝင်ခြင်းမရှိသလို ပရိသတ်များက လာမည့်ရာသီ တွင် ဆက်ရှိနေစေချင်သည့် ကစားသမား စာရင်းအတွက် မဲပေးရာတွင်လည်း ၎င်းက ဒုတိယမဲအများဆုံး ရရှိထားသည်။ သို့သော် ရာမို့စ်သည် ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆ သင်းအဆင့် တွင် အေဂျက်စ်အသင်းအား အိမ် ကွင်း၌ (၄-၁) ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲအပြီး အဝတ်လဲခန်းအတွင်း ဥက္ကဋ္ဌ ပီရက်ဇ်နှင့်ဖြစ်ပွားခဲ့သည့်ပြဿနာကြောင့် ထွက်ခွာရန် စဉ်းစားနေခြင်းဖြစ်ကြောင်း သိရသည်။

 

ရီးယဲလ်မက်ဒရစ်အသင်း ခေါင်းဆောင်ရာမို့စ်သည် ဥက္ကဋ္ဌဖြစ်သူ ဖလော်ရင်တီနိုပီရက်ဇ်နှင့် အဆင်မပြေသဖြင့် ယခုနွေရာသီတွင် လမ်းခွဲဖြစ်ဖွယ်ရှိနေကြောင်း စပိန်သတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

ရီးယဲလ်အသင်းသည် နွေရာသီ အပြောင်းအရွှေ့ကာလ၌ လူစာရင်းအား ပြောင်းလဲမှုများစွာမည်ဖြစ် သော်လည်း ရာမို့စ်မှာမူ ပါဝင်ခြင်းမရှိသလို ပရိသတ်များက လာမည့်ရာသီ တွင် ဆက်ရှိနေစေချင်သည့် ကစားသမား စာရင်းအတွက် မဲပေးရာတွင်လည်း ၎င်းက ဒုတိယမဲအများဆုံး ရရှိထားသည်။ သို့သော် ရာမို့စ်သည် ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆ သင်းအဆင့် တွင် အေဂျက်စ်အသင်းအား အိမ် ကွင်း၌ (၄-၁) ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲအပြီး အဝတ်လဲခန်းအတွင်း ဥက္ကဋ္ဌ ပီရက်ဇ်နှင့်ဖြစ်ပွားခဲ့သည့်ပြဿနာကြောင့် ထွက်ခွာရန် စဉ်းစားနေခြင်းဖြစ်ကြောင်း သိရသည်။



 

ပီရက်ဇ်သည် ပွဲအပြီးတွင် အဝတ်လဲခန်းသို့ ရောက်ရှိလာပြီး ကစားသမားများ၏ ကြိုးစားအားထုတ်မှုနှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်ရာ ပွဲပယ်ပြစ်ဒဏ်ကြောင့် ယင်းပွဲကိုလွဲချော်ခဲ့သည့် ရာမို့စ်က ကစားသမားများဘက်မှ ကာကွယ်ပြောကြားစဉ် အချေအတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ El Chiringuito ရုပ်သံအစီအစဉ်နှင့် Marca သတင်းစာတို့က ယခုနွေရာသီတွင် ရီးယဲလ် အသင်းနှင့် လမ်းခွဲဖြစ်ဖွယ် ရှိကြောင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

ရာမို့စ်၏စာချုပ်မှာ ၂၀၂၁ ခုနှစ်အထိ ကျန်ရှိနေသေးပြီး တစ်နှစ်လစာ ယူရို ၁၂ . ၅ သန်းနှင့် စာချုပ်လျော်ကြေးတန်ဖိုးမှာ ယူရို သန်း ၈၀၀ ဖြစ်သော်လည်း ကောင်းမွန်သည့်ကမ်းလှမ်းမှုရရှိပါက လက်ခံ စဉ်းစားဖွယ် ရှိနေသည်။ ရာမို့စ်သည် ရီးယဲလ်ကစားသမားဘဝ ၁၄ ရာသီ အတွင်း လာလီဂါချန်ပီယံ လေးကြိမ်၊ ချန်ပီယံလိဂ်ဖလား လေးကြိမ်၊ စပိန် ဘုရင့်ဖလား နှစ်ကြိမ်အပါအဝင် အောင်မြင်မှုများစွာရရှိထားသည်။

Most Read

Most Recent