မော်ရိုကိုနိုင်ငံတွင်ဖွင့်လှစ်မည့် ဟိုတယ်အသစ်လုပ်ငန်းခွင်သို့ စီရော်နယ်လ်ဒို သွားရောက်လေ့လာ

မော်ရိုကိုနိုင်ငံတွင်ဖွင့်လှစ်မည့် ဟိုတယ်အသစ်လုပ်ငန်းခွင်သို့ စီရော်နယ်လ်ဒို သွားရောက်လေ့လာ
Photos: Getty Images,Reuters
Photos: Getty Images,Reuters
Published 8 May 2019

ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး စီရော် နယ်လ်ဒိုသည် မော်ရိုကိုနိုင်ငံ၊ မာရာခက်ရှ်မြို့ တွင် ဖွင့်လှစ်မည့် ကိုယ်ပိုင်ဟိုတယ်အသစ် လုပ်ငန်းခွင်သို့ သွားရောက်လေ့လာလည်ပတ်ခဲ့ကြောင်း သိရသည်။ စီရော်နယ်လ်ဒိုသည် ပေါ်တူဂီအခြေစိုက်ဟိုတယ်လုပ်ငန်းစုကုမ္ပဏီ Pestana နှင့်ပူးပေါင်း၍ Pestana CR 7 အမည်ဖြင့် ဟိုတယ်များဖွင့်လှစ်နေခြင်းဖြစ်သည်။

ယခုအခါ မော်ရိုကိုနိုင်ငံ၊ မာရာခက်ရှ်မြို့တွင် Pestana နှင့် စီရော်နယ်လ်ဒို ပူုးပေါင်း၍ (၅) ခုမြောက်ဟိုတယ်စတင်တည်ဆောက်လျက်ရှိပြီး လာမည့် ၂၀၂၀ ခုနှစ်တွင်စတင်ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထားသည်။ စီရော်နယ်လ်ဒိုသည် မော်ရိုကိုနိုင်ငံ၊ မာရာခက်ရှ်မြို့မှ ဟိုတယ်ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ အတူနေ ချစ်သူ ဂျော်ဂျီနာရိုဒရီဂွက်ဇ်၊ သားဖြစ်သူ ခရစ္စတီယာနိုဂျူနီယာတို့နှင့်အတူ လာရောက်ခဲ့ခြင်း ဖြစ်သည်။

စီရော်နယ်လ်ဒိုက အဆိုပါဟိုတယ် ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့သွားရောက်ခဲ့သည့် ဓာတ်ပုံကို သူ၏ Instagram မှတစ်ဆင့်မျှဝေခဲ့ပြီး " Pestana CR 7 ဆောက်လုပ်ရေးလုပ်ငန်း ခွင်အလည်သွားခြင်း၊ ၂၀၂၀ ခုနှစ်အစောပိုင်းမှာ ဖွင့်လှစ်မယ့် ကျွန်တော်တို့ရဲ့ နောက်ထပ်စိတ်လှုပ်ရှားစရာဟိုတယ်" ဟု ရေးသားခဲ့သည်။ အဆိုပါဟိုတယ်တွင် အခန်းပေါင်း (၁၆၀)ပါဝင်မည်ဖြစ်ပြီး ဟိုတယ်ကို စီရော်နယ်လ်ဒို၏ ကျောနံပါတ်နှင့် အငွေ့အသက်များ ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်သည်။

စီရော်နယ်လ်ဒိုသည် Pestana နှင့်ပူးပေါင်း၍ နယူးယောက်နှင့် လန်ဒန်မြို့များတွင် ဟိုတယ်များဖွင့်လှစ်ထားပြီး စီရော်နယ်လ်ဒို၏ မွေးရပ်မြေနိုင်ငံ ပေါ်တူဂီနိုင်ငံလစ္စဘွန်းမြို့နှင့် မာဒဲရားတို့တွင် ဟိုတယ်များဖွင့်လှစ်ရန် စီစဉ်ထားပြီးဖြစ်ကြောင်း သိရသည်။ ထို့ပြင် စပိန် နိုင်ငံနာမည်ကျော်ကမ်းခြေ Ibiza နှင့် အီတလီ နိုင်ငံ မီလန်မြို့များသာမက မြောက်အာဖရိက နိုင်ငံများတွင်လည်း Pestana နှင့် CR 7 ပူး ပေါင်း၍ဟိုတယ်ဖွင့်လှစ်ရန် စီစဉ်နေသည်။

Most Read

Most Recent