ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တွင် ၀ိုင်နယ်လ်ဒမ်း မှတ်တမ်းရေးထိုး

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တွင် ၀ိုင်နယ်လ်ဒမ်း မှတ်တမ်းရေးထိုး
Photos: AFP
Photos: AFP
Published 8 May 2019

 

လီဗာပူးလ်အသင်း၏ နယ်သာလန်ကွင်းလယ်လူ ၀ိုင်နယ်လ်ဒမ်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ စံချိန်မှတ်တမ်းတစ်ခု ရေးထိုးနိုင်ခဲ့ကြောင်း သိရှိရသည်။

၀ိုင်နယ်လ်ဒမ်းသည် မနေ့ကကစားခဲ့သော လီဗာပူးလ် (၄-၀) ဘာစီလိုနာပွဲတွင် ဒုတိယပိုင်းအစ၌ လူစားဝင်လာပြီးနောက် ပွဲချိန်(၅၄)မိနစ်နှင့် (၅၆)မိနစ်များတွင် အသင်းအတွက် အနိုင်ဂိုး(၂)ဂိုးကို သွင်းယူပေးခဲ့သည်။

၀ိုင်နယ်လ်ဒမ်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတွင် ဆီမီးဖိုင်နယ်ပွဲစဉ်များ၌ လူစားဝင်ပြီး (၂)ဂိုးသွင်းနိုင်သည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရသည်။

၀ိုင်နယ်လ်ဒမ်း သည် လီဗာပူးလ်အသင်းတွင် (၃)ရာသီအတွင်း (၁၃၇)ပွဲကစားကာ (၁၃)ဂိုးသွင်းယူပေးထားသည်။

Most Read

Most Recent